ယခင်အစောက ယန်ကျင်းဇီ သတိလစ်နေစဉ် ကျိုးဝမ်ရှို့သည် သူ၏ ရေစိုရွှဲနေသော အဝတ်အစားများကို ခြောက်သွေ့အောင် ကူညီပေးခဲ့သည်။
ကွက်တိကျသော ဝတ်စုံက စိုရွှဲပြီးနောက် ပြန်ခြောက်သွေ့သွားသဖြင့် အနည်းငယ် တွန့်ကြေသွားသော်လည်း ယင်းက ယန်ကျင်းဇီ၏ ပုံပန်းသွင်ပြင်ကို လုံးဝ မသက်ရောက်နိုင်ချေ။
ဤအခိုက်အတန့်တွင် ချောမောသော လူငယ်က ကျိုးဝမ်ရှို့ကို နက်ရှိုင်းသော ချစ်ခင်မြတ်နိုးမှုဖြင့် ကြည့်နေသည် : " ဝမ်ရှို့၊ ဒီနေ့တစ်နေ့လုံး အလုပ်ရှုပ်ထားတော့ မင်း ပင်ပန်းနေမှာပဲ။ ကားထဲသွားပြီး အနားယူရအောင်။ " ကျန်တာကို တခြားသူများအား လုပ်ခိုင်းနိုင်သည်။
ကျိုးဝမ်ရှို့သည် ခေါင်းညိတ်လိုက်ပြီး ကိစ္စအချို့ကို ရှင်းပြလိုက်ကာ SUV ရပ်ထားသော တည်နေရာအတိုင်း ဦးတည်လျှောက်သွားသည်။
ခြေနှစ်လှမ်းလျှောက်ပြီးနောက် ယန်ကျင်းဇီ လိုက်လာသည်ကို မတွေ့ရသောအခါ ကျိုးဝမ်ရှို့သည် ခေါင်းလှည့်ပြီး ကြည့်လိုက်ရာ ယန်ကျင်းဇီက မြေပြင်ပေါ်မှ အညစ်အပတ်များကို ကြည့်၍ ဂရုတစိုက် လျှောက်လှမ်းနေလေသည်... မီးလုံးငယ်အနည်းငယ်ကို ပစ်ထုတ်ခြင်းဖြင့် ကျိုးဝမ်ရှို့သည် မြေပြင်ပေါ်မှ အရှုပ်အပွအားလုံးကို မီးလောင်စေ၍ သန့်ရှင်းလိုက်သည်။
လမ်းမျက်နှာပြင်မှာ မီးသင့်သွားသော်ငြား သန့်လည်းသန့်ရှင်းသွားသည်။
" ဝမ်ရှို့၊ မင်းက အရမ်းကောင်းတာပဲ! မင်းလို လူကောင်းနဲ့ တွေ့ရတာ ငါ အရမ်းကံကောင်းတယ်။ " ယန်ကျင်းဇီက ကျိုးဝမ်ရှို့ကို ကြည့်သည်။
ဤကဲ့သို့လူကောင်းမျိုး ဖြစ်သော်ငြား မူလပိုင်ရှင်က သူ့ကို မကြိုက်ခဲ့ချေ။ ဒါက သေချာပေါက် အလှရသခံစားမှု ပြဿနာပဲ!
အခုတော့ ကောင်းပြီလေ! အခု ဒီလူက သူ့အပိုင်!
" မြန်မြန်လျှောက်။ " ကျိုးဝမ်ရှို့သည် သက်တောင့်သက်သာ မဖြစ်စွာ ပြန်ဖြေလျက် ရှေ့သို့လျှောက်သွားသည်။
ယန်ကျင်းဇီသည် ခပ်မြန်မြန် လျှောက်ကာ ကျိုးဝမ်ရှို့၏လက်ကို ကိုင်လိုက်သည်။
YOU ARE READING
ချစ်ခင်ပွန်း ( ဘာသာပြန် )
RomanceTitle - Beloved Husband ( Quick Transmigration ) Alternate Title - 宠夫( 快穿 ) Author - Jué Jué Genre - Adventure, Comedy, Fantasy, Romance, Slice of life, Supernatural, Yaoi Chapters - 257 This is just a fun translation. I've already got the permissi...