အပိုင်း ၇၉ ( Little White Face 7 )

1.3K 98 4
                                    

ယန်ကျင်းဇီသည် သိုလှောင်ရုံမှ ပစ္စည်းများစွာကို ရွေးယူလာသည်။ ကျိုးဝမ်ရှို့သည် ၎င်းတို့ကို အထုပ်တစ်ထုပ်ထဲတွင် ထုပ်ပိုးပြီး သူ့အတွက် တိတ်တဆိတ် ကူညီသယ်ပေးကာ သူ ကိုင်ရန်အတွက် ဟင်းခတ်အမွှေးအကြိုင် အထုပ်သေးတစ်ထုပ်ကိုသာ ချန်ရစ်ထားသည်။

ယန်ကျင်းဇီသည် နောက်ထပ် ချိုသာသော စကားအနည်းငယ်ကို ပြော၍ ကျိုးဝမ်ရှို့ကို ကျေးဇူးတင်လိုက်သည်။

ကျိုးဝမ်ရှို့သည် သယ်ဆောင်ထားသော ပစ္စည်းများမှာ မလေးပင်တော့ဟု ရုတ်တရက် ခံစားလိုက်ရသည်။

သူတို့နှစ်ဦး သိုလှောင်ရုံထဲမှ ပစ္စည်းအထုပ်ကြီးငယ်များနှင့် ထွက်လာသောအခါ လူတချို့၏ မျက်ဝန်းများမှာ အားကျမှုကြောင့် နီရဲသွားကြသည်။

မူလပိုင်ရှင်သည် အတိတ်ကာလတွင် ပျင်းရိပြီး လောဘကြီးသော်လည်း သူသည် ဇွန်ဘီများနှင့် တခြားအရာများကို ကြောက်ရွံ့သောကြောင့် အပြင်သိပ်မထွက်ဖြစ်ဘဲ စားသောက်ရန် ကန်တင်းသို့သာ မကြာမကြာ သွားဖြစ်သည်။

ကျိုးဝမ်ရှို့သည် ယခုအခါ ဆရာများ၏ အဆောင်တစ်ခုတွင် နေထိုင်လျက်ရှိပြီး ၎င်းတွင် အခြေစိုက်စခန်း၏ အုပ်ချုပ်သူများအားလုံး နေထိုင်နေကြသည်။ လူတိုင်းသည် ဘေးချင်းကပ်ရပ်ရှိ မဟာကန်တင်းတွင်သာ စားကြသည်...

တခြားစကားဖြင့်ဆိုလျှင် မူလပိုင်ရှင်သည် သူစိမ်းများ၏ ရှေ့တွင် တကယ့်ကို သွားလာခြင်းမရှိ။

သို့သော် ယခု ယန်ကျင်းဇီ... သူသည် ပြန်ပေးဆွဲခံရပြီး ကျိုးဝမ်ရှို့က သူ့ကို ထောက်ပံ့ပစ္စည်းများနှင့် ပြန်ခေါ်လာကာ သူက သိုလှောင်ရုံသို့ သွား၍ ပစ္စည်းများကို ရလာသည်...

လူမည်မျှ သူ့ကို မနာလိုဖြစ်နေကြမှန်း မသေချာချေ။

အခြေစိုက်စခန်း လုံခြုံရေး ဝတ်စုံဝတ်ထားသည့် လူတစ်ဦးသည် ကျိုးဝမ်ရှို့ထံသို့ ရောက်လာပြီး မကျေမနပ်ဖြစ်စွာ ပြောသည်။ " ဥက္ကဌ၊ ငါတို့ရဲ့ အခြေစိုက်စခန်း ပထမဆုံး စတည်ထောင်တုန်းက အလုပ်မလုပ်တဲ့ လူမှာ စားစရာ မရှိဘူးလို့ မင်း ပြောခဲ့တယ်။ အခု မင်းက မင်းရဲ့စကားကို မတည်တော့တာလား? "

ချစ်ခင်ပွန်း ( ဘာသာပြန် )Where stories live. Discover now