ယန်ကျင်းဇီသည် တွင်းတူးနေချိန်တွင် အနုပညာလောကမှ နှုတ်ထွက်ရန် ဆုံးဖြတ်ထားခဲ့ခြင်းဖြစ်သည်။
သူ အနုပညာလောကတွင် ဆက်နေချင်ပါက ကျီချန်းရှို့နှင့်ကိစ္စများကို ဖုံးကွယ်ထားရမည်ဖြစ်ပြီး ဖွင့်ပြောခြင်းကိစ္စဆိုလျှင် လုံးဝ ပိတ်ပင်ခံထားရမည်ဖြစ်၏။
ယခင်ရသစုံရှိုးတွင်တောင် သူ ကျီချန်းရှို့နှင့် သူ၏ အကွာအဝေးကို ခပ်ဝေးဝေး ထားလျှင် ပိုအဆင်ပြေလိမ့်မည်။
သို့သော် သူ ထိုသို့မလုပ်ချင်ခဲ့ပေ။
အဲ့ဒါအပြင် မူလပိုင်ရှင်ကသာ နာမည်ကြီးတာနဲ့ ကြယ်ပွင့်ဖြစ်ရတာကို သဘောကျပေမယ့် သူကတော့ မကြိုက်ဘူးလေ! သူက ကျီချန်းရှို့ကိုပဲ ကြိုက်တာ!
ယန်ကျင်းဇီသည် သူ ရုပ်ရှင်ဇာတ်ကားတစ်ကား သို့မဟုတ် ရသစုံရှိုးတစ်ခုကို ရိုက်ကူးရသောအခါ ကျီချန်းရှို့ကို ရက်အနည်းငယ် သို့မဟုတ် လအနည်းငယ် ကြာသည့်အထိ ထားခဲ့ရလိမ့်မည်ဟု စဉ်းစားမိသောအခါ သူ အနည်းငယ် စိတ်ဆင်းရဲရပေလိမ့်မည်။
ဒါဆို သူ ကြယ်ပွင့်တစ်ယောက် မဖြစ်နိုင်တော့ဘူးလား?
တကယ်တမ်း ပြောရရင် ကြယ်ပွင့်မဖြစ်ရလို့ သူ မနေနိုင်ဘူး ဆိုတာမျိုးမှ မဟုတ်တာ!
မူလပိုင်ရှင် ရေပန်းစားလာသည်မှာ သုံးနှစ်ခန့်သာ ရှိသေး၍ ပိုက်ဆံအမြောက်အများကို အမှန်တကယ် မရှာနိုင်သေးသော်ငြား မူလပိုင်ရှင်သည် ကိုယ်ပိုင်စတူဒီယို ဖွင့်ချင်ပြီး ထိန်းချုပ်မခံချင်သဖြင့် သူသည် အခြားဆယ်လီများ ငွေဖြုန်းသကဲ့သို့ ပိုက်ဆံရရချင်း ငွေသုံးစွဲလေ့မရှိဘဲ စုဆောင်းထားကာ ယခုဆိုလျှင် သူ့စုဆောင်းငွေများမှာ သန်းဆယ်ဂဏန်းအထိ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
မနေ့တနေ့ကပင် သူသည် ဤရသစုံရှိုးတွင် ပိုက်ဆံအချို့ကို ရင်းနှီးမြှုပ်နှံထားပြီးပြီဖြစ်ကာ မမျှော်လင့်ထားသော ကိစ္စတစ်ခုခု ဖြစ်မလာသရွေ့ သူ ပိုက်ဆံအမြောက်အများ ရှာနိုင်လိမ့်မည်။
ဘာပဲဖြစ်ဖြစ် ဒီရသစုံရှိုးပြီးသွားတာနဲ့ သူ အနုပညာလောက ကနေ နှုတ်ထွက်မယ်!
ESTÁS LEYENDO
ချစ်ခင်ပွန်း ( ဘာသာပြန် )
RomanceTitle - Beloved Husband ( Quick Transmigration ) Alternate Title - 宠夫( 快穿 ) Author - Jué Jué Genre - Adventure, Comedy, Fantasy, Romance, Slice of life, Supernatural, Yaoi Chapters - 257 This is just a fun translation. I've already got the permissi...