အပိုင်း ၅၃ ( The Emperor 3 )

2.4K 137 14
                                    

ယန်ကျင်းဇီသည် အိပ်ရာထဲတွင် သနားစရာကောင်းစွာ ဖိုသီဖတ်သီ လှဲလျောင်းနေသော ချူထင်းရှို့ကို မြင်သောအခါ အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။

လွန်ခဲ့သော တစ်နှစ်မတိုင်ခင်ကပင် မူလပိုင်ရှင် အသက်ပိုပိုကြီးလာသောကြောင့် တော်ဝင်မိသားစု၏ သစ္စာစောင့်သိသူများသည် ဘွားတော်ကြီးအား မူလပိုင်ရှင်ကို ထိမ်းမြားမင်္ဂလာပြုခိုင်းရန် ညီလာခံတွင် ခဏခဏ တောင်းဆိုလေ့ရှိပြီး တိုင်းပြည်ကို သူကိုယ်တိုင် အုပ်ချုပ်ခွင့်ပြုရန်ကိုလည်း တောင်းဆိုခဲ့ကြသည်။ ဘွားတော်ကြီးသည် မူလပိုင်ရှင်အား ရွံရှာလာကာ သူ့ကို သတ်ပစ်ချင်ခဲ့သည်။

တစ်နည်းဆိုရသော် အနီးပတ်ဝန်းကျင်မှ အနီးကပ်အစောင့်များ၏ ကာကွယ်မှုကြောင့်သာ မူလပိုင်ရှင်သည် အကြိမ်ပေါင်းများစွာ အန္တရာယ်မှ လွတ်မြောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် ကျိုးမျိုးနွယ်က အင်အားကြီးပြီး ချူထင်းရှို့တွင် မြောက်ပိုင်းစစ်တပ် ရှိသော်လည်း မြောက်ပိုင်းစစ်တပ်၏ အဓိကအင်အားစုမှာ မြို့တော်တွင် မရှိပေ။ ချူထင်းရှို့၏အနား၌ သူ့ကိုယ်ပိုင်တပ်သား အနည်းငယ်သာ ရှိခဲ့လေရာ ချူထင်းရှို့သည် မူလပိုင်ရှင်ကို ကယ်တင်ရန် သူ့အသက်ကိုပင် စွန့်စားခဲ့သည်ဟု ဆိုနိုင်သည်။

ချူထင်းရှို့ဟာ တကယ်တော့ သူ့ကယ်တင်ရှင်ပါ။

ပြီးတော့ ဒါက စစ်မြေပြင်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တဲ့ သန်သန်မာမာ ယောက်ျားတစ်ယောက်ပဲ!

ဒါဆို ချူထင်းရှို့ နိုးလာရင် ဒေါသထွက်မှာလား? သူက သူ့ကို ဘယ်တော့မှ စကားထပ်‌မပြောတော့ဘဲနေမှာလား?

ယန်ကျင်းဇီ ထိုသို့တွေးပြီး ချူထင်းရှို့၏မျက်နှာအနှံ့ကို နောက်ထပ် အကြိမ်အနည်းငယ် နမ်းလိုက်သည်။

ချူထင်းရှို့ သူ့အိပ်ရာထဲ ရှိနေစဉ် အခွင့်ကောင်းယူရမည်။

နောက်ပြီး အချစ်သင်္ကေတတစ်ခု...

ယန်ကျင်းဇီ အဝတ်အစားများကို ညှပ်နေချိန်၌ သူသည် ချူထင်းရှို့၏အဝတ်အစားများထဲတွင် နွားသားရေအိတ်တစ်လုံးကို ရှာတွေ့ခဲ့သည်။

ချစ်ခင်ပွန်း ( ဘာသာပြန် )Donde viven las historias. Descúbrelo ahora