Uni
Close My Eyes (or) အဆိပ်ရှိအချစ်
(ep.1)ဟေမန္တတောင်ကုန်းမှာရှိတဲ့ ပညာရှိဆရာကြီးဆီ အနယ်နယ်အရပ်ရပ်က မင်းညီမင်းသားတွေ ပညာသင်လာရောက်တယ်။ထိုအထဲမှာ ရှောင်းရန်တိုင်းပြည်မင်းသားနဲ့ ပဝမ်တိုင်းပြည်မင်းသားတို့က ညီအစ်ကိုအရင်းပမာ အထူးချစ်ခင်ကြတယ်။ပညာစုံလို့ ကိုယ့်တိုင်းပြည်ကို ပြန်ကြရတဲ့အခါ ရှောင်းရန်တိုင်းပြည်မင်းသားက ပညာရှိဆရာကြီးသမီးနှင့် ချစ်ကျွမ်းဝင်ပြီး ဆရာကြီးခွင့်ပြုချက်နှင့် ပြည်တော်ပြန် ကြင်သူသက်ထား ခေါ်ဆောင်ခွင့်ရတယ်။
ပဝမ်မင်းသားကတော့ ချစ်သူကလျာမည်သူဆိုတာ မသိရတိတ်တဆိတ်သာ လျိုထားလေတယ်။
ဘယ်လိုပင်ဆိုဆို အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဟာ ခွဲခွာကာနီး ကတိထားရှိကြတယ်။သူတို့တိုင်းပြည်အသီးသီးမှာ အုပ်ချုပ်မင်းလုပ်တဲ့အခါ မွေးဖွားလာတဲ့ သားတော်သမီးတော် အချင်းချင်းပေးစားကြဖို့ သွေးသောက်ကတိတွေအထပ်ထပ်တည်ခဲ့ကြတယ်။
မွေးဖွားလာတဲ့ ကလေးနှစ်ယောက်ရဲ့ကံကြမ္မာဟာ ထိုသွေးသောက်ကတိအပေါ်မူတည်နေပါတော့တယ်။
ထိုကတိဟာ ပညာရှိဆရာကြီးဆီသားသမီးတွေပညာသင်လွှတ်မယ့်အချိန်မှာပဲ ပျက်လုပျက်ခင်၊ နှစ်ဖက်လုံးက သားယောကျ်ားလေးများသာ မွေးဖွားသန့်စင်ထားကြလို့ပဲ။ ဖခင်တွေတုန်းကလို ချစ်ချစ်ခင်ခင်ရင်းနှီးဖို့အခွင့်မသာခဲ့ ဆရာကြီးဆုံးပါးသွားသောကြောင့် ကိုယ့်တိုင်းပြည်မှာသာ ပညာသင်ခဲ့ကြရလို့ တစ်ယောက်နှင့်တစ်ယောက်တောင်မမြင်ဖူးကြ။-
-ရှောင်းရန်တိုင်းပြည် နန်းတော်အမြင့်တစ်နေရာ
ပဝမ်မင်းသားလေးက သူ့တိုင်းပြည်ရှိရာအရပ်မျက်နှာမူလို့ တွေတွေလေးငေးနေရှာတယ်။
"ခမည်းတော် သားတော် ရှောင်းရန်ကိုရောက်နေတာ သုံးနှစ်ရှိပြီ ခမည်းတော်ကို လွမ်းလိုက်တာ''
ရှောင်းမင်းကြီး ရှောင်ကျင်းရှီ အလည်လာရာကနေ သူ့ဘဝပြောင်းလဲသွားပုံကို ပြန်ပြောင်းအောက်မေ့နေမိတယ်။
ငွေမှင်ရောင်ဆံနွယ်ဖြူလွလွတွေကို အပေါ်ယံအလွှာပါးလေးတစ်ထပ်သာ စီးနှောင်ထားပြီး ကျောပေါ်လွတ်လပ်စွာ ဖြန့်ကျက်ထားပုံ။ဝတ်ရုံဖြူအောက်က ကျော့ရှင်းနေသော ကိုယ်နေဟန်ထား၊ ပုလဲဥလိုဖြူဝင်းပြီးကြွေရောင်တောက်နေတဲ့အသားရည်၊ ငွေမှုံအလင်းခပ်ပါးပါးသဏ္ဍာန်ချယ်မှုန်းထားတဲ့ မျက်နှာဖုံးကို တပ်ဆင်ထားပြီး ဖယောင်းသွယ်လို ပျော့ပြောင်းနေတဲ့လက်ချောင်းလေးတွေနဲ့ အသံသာတဲ့ဗျတ်စောင်းကို တီးခတ်နေတာက ကြားမြင်ရသူကို နတ်ပြည်ရောက်နေ အလား ထင်မှတ်မှားစေတယ်။ရှောင်းရန်မင်းကြီးက ဗျတ်စောင်းတီးခတ်နေတဲ့ ပဝမ်မင်းသားငယ်ကို တမေ့တမောငေးကြည့်နေပုံများ ချစ်ခြင်းမေတ္တာတွေပြည့်လို့။
YOU ARE READING
Close My Eyes (or) အဆိပ်ရှိအချစ်
Fanfictionအရှင့်သား သွားခွင့်ပေးပါတော့ ကျွန်တော်မျိုးအရမ်းပင်ပန်းနေပြီမို့ မျက်လုံးတွေမှိတ်ခွင့်ပေးပါတော့။