Zawgyi
(Ep.3)မိဖုရားကြီးဆီက ခွင့်ပြုချက်ရတာနဲ့ အဆောင်ကိုတန်းပြန်လာပြီး ကျမ်းယွီတို့ကို ချိုးရေစပ်ခိုင်းလိုက်တယ်။ မင်းသားဆီကနှာခေါင်းရှုံ့တာ ခံရပြီးတည်းက ကိုယ်ပေါ်ကလိမ်းဆေးအနံ့တွေကို ခွာချချင်နေပြီ။
"မင်းသား ချိုးရေစပ်ပြီးပါပြီ ''
"အင်း...သွားတော့''
မယ်တော်ဆီကပြန်လာတဲ့ လမ်းတစ်လျောက် အတွေးတွေနက်နဲလို့။ စာကြည့်ဆောင် နှင့်ပဝမ်မင်းသားအဆောင်သွားမယ့်လမ်းအရောက်... လမ်းဆုံလမ်းခွမှာ ခြေစုံရပ်လို့တွေဝေနေမိတယ်။နားထဲသမားတော်ကြီးနဲ့ မယ်တော်ပြောတဲ့စကားတွေကို ပြန်ကြားယောင်မိတော့ တစ်စုံတစ်ခုကို အားနာသလိုလို။
" လူတွေတင်ကမ တိရစ်ဆာန်တွေ သစ်ပင်ပန်းမန်တွေလဲ ဂီတသံကို ခံစားတတ်ပါတယ် ''
"မဖြစ်နိုင်တာ''
"အမှန်ပါအိမ်ရှေ့စံ မယုံရင်ရှန်ရှန်းဥယျာဉ်နဲ့ တခြားဥယျာဉ်ကိုယှဉ်ကြည့်ရင် သိနိုင်ပါတယ် ရှန်ရှန်းဥယျာဉ်က ပဝမ်မင်းသားရဲ့ဗျတ်စောင်းသံကြောင့် ဆယ့်နှစ်လရာသီလုံး အသီးသီးအပွင့်ပွင့်ပါတယ်...တခြားဥယျာဉ်တွေထက် အသီးပိုကြီး ရနံ့ပိုမွှေးပျံ့ပါတယ် ဒါဟာသာယာတဲ့ဗျတ်စောင်းသံကြောင့်ပါ..မယုံရင်. အပင်နှစိပင်ကို ယှဉ်ပြီးအတူတူပြုစုပျိုးထောင်ပေးမယ်ဆိုရင်တောင် ဂီတသံရတဲ့အပင်ဟာ ပိုပြီးကျန်းမာသန်စွမ်းတာကို တွေ့ရမှာပါ''
" သားတော်ကြားပြီလား ရှန်ရှန်းအတွက်
ဝမ်လေးဘယ်လောက်တောင်ပင်ပန်းထားလဲ သားတော်သိပြီလား.အမတ်ကြီးအိမ်မှာ ဥယျာဉ်မရှိလို့ လီမုံလုံဒီလိုလုပ်တယ်လို့တော့မပြောနဲ့နော် ဒီလောက်ဆိုသားတော်သဘောပေါက်ရောပေါ့ ဝမ်လေးကိုတောင်းပန်လိုက်ဦးနော် ကဲ သွားသွား''အတွေးထဲက မယ်မယ့်စကားဆုံး သူ့ခြေထောက်တွေက မင်းသားဝမ်အဆောင်ရှေ့ခြေစုံရပ်နေပြီ။လက်ထဲမှာကိုင်ထားတဲ့ မယ်တော်ပေးလိုက်တဲ့ ဆေးပုလင်းလေးကိုတစ်ချက်ကြညိ့ပြီး အဆောင်တော်ထဲ ဝင်လာခဲ့လိုက်တယ်။
YOU ARE READING
Close My Eyes (or) အဆိပ်ရှိအချစ်
Fanfictionအရှင့်သား သွားခွင့်ပေးပါတော့ ကျွန်တော်မျိုးအရမ်းပင်ပန်းနေပြီမို့ မျက်လုံးတွေမှိတ်ခွင့်ပေးပါတော့။