Uni
ရှန်ရှန်းဥယျာဥ်တော်.....
ကြာကန်ကြီးဘေးက တိုင်လေးဘက်လေးတန်နဲ့ အမိုးချွန်း လေးသာပါတဲ့ နားနေဆောင်ထဲမှာ ပုံရိပ်ဖြူလေးက ဗျတ်စောင်းကိုတီးခတ်လျက်။ လေအဝှေ့မှာ ကြာကန်ထဲကကြာရွက်တို့ ယိမ်းနွဲ့ကခုန်လို့။အမိုးချွန်းပေါ်လာနားတဲ့ ငှက်ကလေးအချို့နဲ့ သစ်ပင်ပေါ်က
ငှက်တွေက ကျီကျီကြာကြာအသံမပေးပဲ သာယာတဲ့ဗျတ်စောင်းသံကို နားစိုက်နေဟန်။ပုံကျနေတဲ့ ဝတ်ရုံဖြူလေးပေါ်တစ်ချို့ ဘေးနားတစ်ချို့ ပြေးလွှားတော့ကစားနေတဲ့ ယုန်လေးတွေကလည်း ပျော်မြူးနေသယောင်။တခါတခါ ထုတ်လွှတ်လာတဲ့ ပန်းရနံတို့က စိတ်အကြည်ဓာတ်လေး။ထောက်...
"ဟင် ကြိုးပြတ်သွားပြီ ချမ်းယွီလာဦး...''
သူခေါ်လိုက်တာက ချမ်းယွီ တကယ်တမ်းရောက်လာတာက ရှောင်လွီကျီနဲ့ ချန်ရုယုံ။
ဦးထိပ်က အပေါ်ကိုကော့တက်နေတဲ့ဖိနပ်တစ်စုံနဲ့ ကြွေကျနေတဲ့ပွင့်ဖတ်တို့ကို နင်းဖြတ်လို့ တစ်လှမ်းခြင်းလှမ်းလာနေတယ်။
ဓားကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ရိပေါ်ကိုစူးစိုက်ကြည့်နေတဲ့ သူ့မျက်နှာက လိုတာထက်ပိုတည်တံ့နေသယောင်။
အနားရောက်ရောက်ခြင်းမှာပဲ ရပ်လိုက်ကာ။"အစ်ကိုတော် နေကောင်းတယ်နော်''
"ချန်....ဘယ်လိုလုပ်ပြီး ဒီရောက်လာတာလဲ.... ဘာလို့ဥယျာဥ်တော်ထိ လိုက်လာတာလဲ''
ဘေးကရှောင်လွီကျီက ပြာပြာသလဲ ဝင်ရောက်တောင်းပန်လာတယ်။
"ဟို ....အိမ်ရှေ့စံက အရေးကြီးတယ်ပြောလို့ ရှောင်လွီကျီခေါ်လာမိတာပါ''
ရှောင်လွီကျီစကားတို့ကို စိတ်မရှည်နိုင်စွာ အရေးကြီးပုံစံမျိုးနဲ့.
ချန်ရုယုံကလက်ပြဟန့်တားလာတယ်။"အစ်ကိုတော့်ကိုလာခေါ်တာ ရုယုံနဲ့ပဝမ်ကိုပြန်လိုက်ခဲ့ပါ အစ်ကိုတော်မှာအန္တာရယ်ရှိနေပြီ''
"ဘာဖြစ်လို့လဲချန် ခုဒီမှာအေးအေးဆေးဆေးနေတာမြင်ရပြီ မဟုတ်လား စိတ်အေးလိုက်ပါတော့ ရိပေါ်ဘာမှမဖြစ်ဘူး''
ESTÁS LEYENDO
Close My Eyes (or) အဆိပ်ရှိအချစ်
Fanficအရှင့်သား သွားခွင့်ပေးပါတော့ ကျွန်တော်မျိုးအရမ်းပင်ပန်းနေပြီမို့ မျက်လုံးတွေမှိတ်ခွင့်ပေးပါတော့။