Ep.12

78 13 7
                                    

Uni

Close My Eyes (or) အဆိပ်ရှိအချစ်
Ep.12

ဒီညပဝမ်ရွှေနန်းတော်မှာစည်ကားနေတယ်။ရှောင်းရန်ကလာတဲ့အိမ်ရှေ့စံနဲ့ဧည့်သည်တွေအတွက်ပွဲတစ်ခုစီစဥ်ထားတယ်။
ပြည်သူပြည်သားတွေဆီမှာလည်း ပျော်ပွဲရွှင်ပွဲတွေနဲ့။
ညနေခင်းမှာ အစားအသောက်တွေအစုံလင်နှင့်တကွ မိန်းမလှလေးတွေကလည်း.အကအလှတွေနဲ့စတင်နေပြီ။

မုလုံက ခရမ်းသွေးရောင်ဖျော့ဖျော့မှာပန်းနုရောင်ပါးပါးလေးရောစပ်ထားတဲ့ ဝတ်စုံကိုအကျအနဝတ်ဆင်လိုက်ပြီး မှန်ထဲတစ်ချက်ပြန်ကြည့်လိုက်တယ် စိတ်ကျေနပ်မှုကြောင့်နှုတ်ခမ်းသားတို့ပြုံးလို့ ။
ဒီလိုပုံစံက ကျန့်သဘောကျတဲ့ပုံစံမဟုတ်ပါလား ညည်းငွေ့စရာအဖြူရောင်တစ်မျိုးတည်းကိုပဲတစ်သမတ်တည်းဝတ်တတ်တဲ့ ဟိုတစ်ယောက်နဲ့ယှဥ်ရင်သူမကပိုလှနေမယ်မဟုတ်လား။

အပြီးသတ်အနေနဲ့ကျောက်စိမ်းဆံထိုးလေးထိုးပြီးချိန်ပြီးပြည့်စုံတဲ့ အလှတရားကိုမှန်ထဲတစ်ပတ်ပြန်လှည့်ကြည့်လိုက်တယ် ကျေနပ်သွားပြီ။အမြန်သွားရမယ်လေ တကယ်ဆိုနောက်ကျနေအောင်တမင်အချိန်ဆွဲထားတာရယ် အားလုံးသောအလှအပတွေကြားမှာ နောက်ဆုံးမှထွက်ပေါ်လာတဲ့ အလှထိပ်ခေါင်အဖြစ်တမင်နောက်ချန်နေရစ်တာ။

အခြွေရံတွေခြံရံလျက် ကျောက်သားလှေကားထက် ဂါဝန်စလေးအသာမလို့ ခြေလှမ်းကြွကြွလေးနဲ့ သွက်သွက်လေးလှမ်းလာခဲ့တယ်။သူမကိုကျန့် မြင်ရင် တယောက်သောသူကိုစိတ်ပျက်နေမှာ မြင်ယောင်သေး။
စိတ်ကူးနဲ့ပျော်နေတဲ့ အပျော်တွေက လှေကားအဆုံး ထိပ်ဆုံးကနေဆီးကြိုနေသူတို့ကြောင့် နောက်ပြန်လှန်ကျမတတ်။သူ... သူကဝတ်နေကြအဖြူရောင်ပါပဲ ဒါပေမယ့်အပေါ်ကသားမွေးပွပွခြုံထည်တစ်ခု လွှမ်းခြုံထားပြီး လှေကားထိပ်မှာရပ်နေပုံက ကောင်းကင်ကကြယ်တာရာတွေကြား လမင်းကြီးလင်းထိန်နေသလို တောက်ပနေလိုက်တာ။
ဘေးကကျန့်ကလည်း တောက်တောက်ပပကိုပြုံးလို့။ဆေးမကူပဲပန်းသွေးလိုစိုလက်နေတဲ့ နှုတ်ခမ်းသားတို့က မနာလိုစရာကောင်းလောက်အောင် သူမကိုပြုံးပြနေခဲ့တယ်။အို...ငါဘာလို့ ယောကျာ်းတစ်ယောက်နဲ့လိုက်နှိုင်းယှဥ်နေမိတာလဲ။

Close My Eyes (or) အဆိပ်ရှိအချစ်Onde histórias criam vida. Descubra agora