Ep.24

68 10 4
                                    

Uni

Close My Eyes (or) အဆိပ်ရှိအချစ်
Ep.24

ဆောင်းအကုန်နွေအကူး...လေပြေတစ်ချက်ဝေ့ရင်ဖြင့် လွမ်းမောစရာ။နတ်နန်းရှေ့က ကြာကန်ကြီးက လေရူးတစ်ချက်အမွေ့ကြောင့် ကြာရွက်တွေယိမ်းနွဲ့ကခုန်လျက်။
နတ်နန်းထဲက လူနှစ်ယောက်အခြေနေကတော့ တင်းမာလျက် မည်သူကမျှ အလျော့ပေးလိုစိတ်မရှိဟန်။အထူးသဖြင့် အိမ်ရှေ့စံပုံစံက လောကကြီးကို အရွဲ့တိုက်ချင်နေပုံနဲ့ ဘာမဆိုလုပ်ပစ်လိုက်ဖို့ ဝန်မလေးတဲ့ ထီမထင်ဟန်။

"ဒါဆိုလုပ်လေ မြန်မြန်..''

"တခုတော့ရှိတယ်.....ခန္တာကိုယ်တောင် ပြန်ရဖို့မသေချာပါဘူး မရခဲ့ရင် ဒီရှားပါးရေခဲတောင်ကြာပွင့်ကို အချည်းနှီးဆုံးရှုံးရမှာပါ ''

"ကိုယ်တော် ဂရုမစိုက်ဘူး....ရအောင်သာလုပ်ပေး.စမ်းသပ်ဖို့က ကိုယ်တော့်အသက်ဆိုရင်တောင် ဂရုမစိုက်ဘူး မြန်မြန်သာလုပ်ပေး''

သခင်မက စိတ်လျော့လိုက်ဟန်။

"ကောင်းပါပြီ နန်းတော်မှာသာ ပြန်စောင့်နေရစ်ပါ ''

"ဒါက....

"အရှင့်သား...ဒီမှာစောင့်နေလည်း အပိုပါပဲ
ချက်ချင်းရနိုင်တာမျိုး မဟုတ်ပါဘူး.ဘယ်နှစ်ရက်ကြာမယ်လည်း မသိနိုင်ပါဘူး.ရလာခဲ့ရင် နန်းတော်ကိုအရောက်ပို့ပေးမှာမို့ နန်းတော်ကသာ စောင့်နေရစ်ပါ''

လေသာပြတင်းဘေးမှာရပ်လို့ လကွေးကွေးလေးသာနေတဲ့ ကောင်းကင်ကိုငေးနေတာ အတော်ကြာပြီ
အခန်းတွင်းက စားပွဲမှာထိုင်မိတော့လည်း ဝမ်ငယ့်ပုံရိပ်များသာ။တစ်ချက်ငိုက်မြည်းသွားရာကမှ ဆတ်ကနဲ့နိုးလာပြီး.ပတ်ဝန်းကျင်ကိုကြည့်မိတော့ မိုးစင်စင်လင်းနေပေ ပြီ။

လက်ဖျားနှစ်ဖက်ကို ရင်ညွန့်မှ ဝမ်းဗိုက်ဆီဖြေးဖြေးလေးသတ်ချလိုက်ပြီး စိတ်အာရုံတို့လျော့ချလိုက်တော့ လူကတစ်ချက်ယိုင်သွားတယ်။
ဘေးနားကနေ ချွေးစတို့သုတ်ပေးနေတဲ့ ဝမ်ချင်က ဖေးမပေးလာတယ်။အစေခံလေးတစ်ယောက်က လျောက်တင်ရန် ရောက်လာတာမြင်တော့ ဟွားကျူးလျန်က ဦးနှင့်အောင် မေးလာတယ်။

Close My Eyes (or) အဆိပ်ရှိအချစ်Onde histórias criam vida. Descubra agora