Uni
Close My Eyes (or) အဆိပ်ရှိအချစ်
Ep.6ဒီနေ့ကပထမဆုံးနှင်းကျတဲ့နေ့ပဲ ဆောင်းဦးတောင်ရောက်လာပေပြီ။အမိုးခုံးအောက်ကနေ လက်ဖျားမှာနှင်းဖတ်လေးတွေခံယူရင်း အေးစိမ့်မှုအရသာခံစားကြည့်မိတော့ အရှင့်ကို သတိရလာတယ်။နှင်းလုံးလေးတွေနဲ့ပစ်ပေါက်ကျီစယ်ချင်စိတ်ဖြစ်မိ၏ ။ဒီလိုချမ်းအေး ခြင်းတွေမှာ နွေးထွေးတဲ့အရှင့်ရင်တွင်းခိုလှုံခြင်လှဘိ။
အရှင့်သားတောင်စစ်ထွက်ရတော့မှာပါလား။စစ်ထွက်ယောကျ်ားတို့ရဲ့ထုံးစံအတိုင်း.နတ်နန်းသခင်မဆီမှာ ဆုတောင်းမှုပြုရပေမယ်။"မင်းသား.အိမ်ရှေ့စံက နတ်နန်းကိုထွက်သွားပါပြီတဲ့''
"ကောင်းပြီဒါဆိုကိုယ်တော်နောက်ကျနေတာပေါ့ အမြန်သွားဖို့လိုပြီထင်တယ်''
အခုတလောအရှင့်သားဟာဆိုရင်ဖြင့် ဘာကိုစိတ်ဆိုးလို့ဆိုးနေမှန်းမသိ စိတ်ဆိုးနေသယောင်။အရင်ကလည်းဘာသိဘာသာဥပက္ခာပြုထားတယ်ဆိုပေမယ့် ခုကမကျေမနပ်စိတ်ဆိုးနေသလိုမျိုးမို့ အနေရခက်လှတယ်။ယခုလည်း အမြန်လိုက်လာခဲ့ပေမယ့်သူကနောက်ကျမြဲသာ အရှင့်သားကတော့ တစုံတယောက်နဲ့ဆုတောင်းမှုကို အတူတကွပြုနေပေပြီ။ပထမဆုံးနှင်းကျတဲ့နေ့မှာ အတူရှိခွင့်ရပြီး နတ်နန်းသခင်မဆီတောင်းဆုအတူပြုခွင့်ဟာချစ်သူစုံတွဲတွေအတွက်ဖြစ်သင့်တာပဲလေ ။အရှင့်သားလည်း ချစ်ရသူကိုဘေးထားပြီး သူလိုယောကျ်ားတစ်ယောက်ဘေးနေရတာ ဘယ်လောက်တောင်ပင်ပန်းလိုက်လေမလဲ။သူကတော့
ချစ်ရသူမို့ အရှင့်ဘေးဘယ်လိုနည်းနဲ့မဆိုနေနိုင်တာပေါ့။အရှင်ရယ် ကျွန်တော်မျိုး
ဘဝသက်တမ်းတစ်လျောက်လုံး အရှင့်မျက်နှာကြည့်နေလာခဲ့တာ ကလေးဘဝတည်းကဆိုတာ အရှင်မသိပါဘူး။."သားတော် ဒီနေ့ကပထမဆုံးနှင်းကျတာပဲ ဝမ်လေးကြိုက်လားနှင်းတွေကို... တိုက်ဆိုင်တယ်ဒီမှာကြည့်စမ်း ရှောင်းရန်မင်းသားလေးရှောင်ကျန့်ရဲ့ ရှစ်နှစ်ပြည့်ပုံတူပန်းချီ ''
"ကြိုက်တယ်မယ်မယ် သူများတွေရောသားတော်လိုပဲနှင်းကြိုက်ကြလား.ဟိုရှောင်းရန်မင်းသားလေ''
![](https://img.wattpad.com/cover/284685140-288-k258438.jpg)
ESTÁS LEYENDO
Close My Eyes (or) အဆိပ်ရှိအချစ်
Fanficအရှင့်သား သွားခွင့်ပေးပါတော့ ကျွန်တော်မျိုးအရမ်းပင်ပန်းနေပြီမို့ မျက်လုံးတွေမှိတ်ခွင့်ပေးပါတော့။