Ep.25

76 6 0
                                    

Uni

Close My Eyes (or) အဆိပ်ရှိအချစ်
Ep.25

အိမ်ရှေ့စံက လုံးဝကို တခြားလူတစ်ယောက်ပုံစံမျိုး ပြောင်းလဲသွားခဲ့ကာ အိမ်ရှေ့စံကိုပြုစုပေးဖို့လည်း ရှောင်လွိကျီ နဲ့ကျမ်းယွီတို့နှစ်ယောက်သာ ခွင့်ပြုပေး တယ်။
မည်သူကိုမျှ မယုံကြည်တော့တဲ့သဘောမျိုး ကျမ်းယွီတို့နှစ်ယောက်သာ မင်းသားဝမ်ရဲ့ငယ်ကျွန်တွေမို့ ယုံကြည်ပေးထားပုံပါ။

အိမ်ရှေ့စံက တခါတလေငြိမ်ငြိမ်လေးထိုင်ပြီး တွေးနေတတ်သလို တခါတလေထထ​ သောင်းကျန်းတတ်တယ် သတိရလွန်းလို့ထင်ပါရက်။ဒီနေ့လည်းအရှင့်သားကြည့်ရတာ စိတ်လက်ကြည်သာမနေ။

သူမရုပ်သွင်ကို စိတ်တိုင်းကျပြုပြင်ပြီး မှန်ထဲတစ်ချက် သေချာပြန်စစ်ပြီးမှ ထွက်လာခဲ့လိုက်တယ်။ဖြစ်ချင်တဲ့ဆန္ဒတွေအတွက် ဒီချိန်ဟာ မဟာအခွင့်ရေးပါပေ။ဒီမြေကိုတဖန်ပြန်ခြေချခွင့်မရှိတော့ဘူး ထင်ထားခဲ့ပေမယ့် ကံကြမ္မာကမျက်နှာသာပေးခဲ့ပြန်ပြီ။ အိမ်မက်တွေနဲ့နီးလာပြီထင်ပါ့။

အိမ်ရှေ့စံအဆောင်တော်က မထင်မှတ်လောက်အောင်ကို တိတ်ဆိတ်ခြောက်ကပ်လျက်။အရင်ကအခြွေရံများစွာနဲ့ စည်းကားခဲ့တဲ့နေရာဟာ အနည်းငယ်ခြောက်ခြားစရာကောင်းနေတယ်။
အဆောင်တော်ရှေ့က ကျောက်ဖြူသားစားပွဲပေါ်လည်း သစ်ရွက်ကြွေများ ဟိုတစဒီတစ။

ကျွီ....

တိတ်ဆိတ်နေတဲ့နေရာမှာ တံခါးဖွင့်သံဟာ တဆိတ်ကျယ်လောင်လွန်းနေသလိုပဲ။တံခါးအဖွင့်မှာ ကျောထဲစိမ့်သွားသလို ခံစားချက်ကြီးနဲ့။အလင်းနှင့်လေအနည်းငယ် ဝင်ရောက်လာတာမို့ လိုက်ကာစ ပဝါဖြူစလေးတွေက လွင့်ဝဲသွားတယ်။
လှဲလျောင်းနေတဲ့ ကြင်ယာတော်အလောင်းရှေ့မှာတော့ အိမ်ရှေ့စံက သတိလွတ်သူလို  ငူငူကြီးထိုင်နေတယ်။

" ကျန့် ''

ဘယ်ကရောက်လာမှန်းမသိတဲ့ ကြောက်စိတ်တွေကြောင့် ပင့်သက်ကိုရှိုက် အားတင်းလိုက်ရင်း
အခန်းတွင်းဝင်ရန် တံခါးဘောင်လေးပေါ် ခြေတစ်ဖက်လှမ်းရုံလေးမှာပဲ ဝုန်းကနဲအသံကြီးနဲ့အတူ မုလုံဟာခုန်အုပ်ခြင်းခံလိုက်ရပြီး ခြေတစ်ဖက်တောင်မချနိုင်သေးခင်မှာပဲ အခန်းပြင်ပြန်ရောက်သွားတယ်။

Close My Eyes (or) အဆိပ်ရှိအချစ်Où les histoires vivent. Découvrez maintenant