Uni
Ep.32
သူ့အတွက်ပေးထားတဲ့ အဆောင်တော်ထဲမှာလှဲနေပေမယ့် အတွေးများနေတဲ့ စိတ်တို့ကြောင့်အိပ်မပျော်။ထိုစဥ်အခန်းတံခါးကို ဖွင့်လို့လူတစ်ယောက်ခိုးကြောင်ခိုးဝှက်ဝင်လာတာမြင်တော့ ရုတ်တရက်ထိတ်လန့်သွားပေမယ့် သတိအနေထားနဲ့အသင့်ပြင်ထားလိုက်တယ် လိုအပ်ရင် သူ့အသက်ကိုပဲရင်းလိုက်တော့မယ်။
အနားရောက်လာမှ ဒီလူကသူရင်းနှီးတဲ့သူ ကိုယ်သင်းနံ့ကစ သိပ်ရင်းနှီးတယ်။"အရှင်''
"ဘာလို့များခိုးကြောင်ခိုးဝှက်လာရတာလဲ''
ရှောင်ကျန့်ကစကားမပြန်ပဲ ကုတင်ပေါ် လှဲလိုက်ပြီး ဝမ်ငယ်ကိုယ်လုံးလေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်။
"အတူအိပ်ချင်လို့လေ စိတ်မချလို့ သူတို့ကကိုယ့်ကိုဒီလိုချိန်ကြီး ဝင်ခွင့်ပေးမယ်ထင်လို့လား......ဟူး......ကိုယ့်ကြင်ယာတော်ဆီခိုးအိပ်နေရတဲ့အဖြစ်''
ရိပေါ်ကစာနာနားလည်စွာကြည့်လိုက်ရင်း ရင်ခွင်တွင်းပိုတိုးလို့ ဝင်လိုက်တယ်။
"တံခါးပေါက်တွေ့တဲ့အခါ အန္တာရာယ်ကင်းကင်းနဲ့ထွက်သွားလို့ရအောင်
ရိပေါ်တို့ခနလောက်သည်းခံကြရအောင်နော် ''"အင်း....ဝမ်လည်း ဘာဖြစ်လို့ ခုချိန်ထိမအိပ်သေးတာလည်း အိပ်တော့ဝမ် အိပ်တော့''
ပြောနေရင်း လက်မောင်းကြားက အကောင်ငယ်လေးနဖူးပေါ် အနမ်းတစ်ပွင့် ခြွေချပေးလိုက်တယ်။
ထိုခါမှ အိပ်မပျော်ဖြစ်နေတဲ့ ကောင်လေးဟာ မျက်လုံးလေးမှိတ်လို့ လုံခြုံတဲ့ရင်ခွင်တွင်းမှာ စိတ်ချလက်ချ မှေးစက်သွားတယ်။
ရှည်လျားကော့ညွှတ်တဲ့ မျက်တောင်ဖျားလေးတွေကို ပုန်ခတ်ပုတ်ခတ်လုပ်ရင်း သူ့ရှေ့ကချောမောခန့်ညားတဲ့အရှင်မျက်နှာဆီ ငေးကြည့်နေတာကို အဆုံးသတ်လို့ ခါးပေါ်ကအရှင့်လက်ကိုဖယ်ရှားလိုက်ပြီး.အိပ်ယာထဟန်ပြင်မှာပဲ ထူးခြားမှုကို သတိပြုမိသွားတယ်။
"အရှင် ထပါဦး အရှင်''
"ဟင် ဘာ ဘာဖြစ်လို့လဲဝမ်''
KAMU SEDANG MEMBACA
Close My Eyes (or) အဆိပ်ရှိအချစ်
Fiksi Penggemarအရှင့်သား သွားခွင့်ပေးပါတော့ ကျွန်တော်မျိုးအရမ်းပင်ပန်းနေပြီမို့ မျက်လုံးတွေမှိတ်ခွင့်ပေးပါတော့။