Ep.20

98 11 2
                                    

Uni

Close My Eyes (or) အဆိပ်ရှိအချစ်
Ep.20

"မုလုံ ဆေးတော်ကြီးထားတဲ့အခန်းရောက်သေးလား ခုပျောက်နေတယ်''

"အာ...ပါးကလည်း မရောက်ပါဘူး တခါပဲပြ ဖူးတာလေ မှတ်မိပါ့မလား''

"သေချာလား ဘာလို့လဲဆို သမီးနားဋောင်းအဲဒီမှာတွေ့လို့လေ.... မင်းမူမမှန်တာသတိထားမိတာကြာပြီ တယောက်ယောက်ကို ပြောပြမှဖြစ်တော့မယ်ထင်တယ်''

"ဟုတ်လားပါး ဘယ်သူ့ကိုပြောပြမှာလဲ အရှင်မင်းကြီးလား အိမ်ရှေ့စံလား''

ရုတ်ချည်းခက်ထန်သွားတဲ့ မျက်နှာနဲ့
စကားတလုံးချင်းအေးဆေးပြောရင်း တဖြေးဖြေးရှေ့တိုးလာတဲ့မုလုံ။
.
.
.

အရာအားလုံးဟာ အချိန်ကိုက်ဖြစ်ပျက်တတ်ပါသလား။တစုံတယောက်လာနေတဲ့ အမတ်ကြီးအိမ်တော်ဟာ နာရေးအိမ်ဖြစ်နေခဲ့ပြီ။မနေ့တနေ့ကမှ အကောင်းကြီး
ရှိခဲ့တဲ့ အမတ်ကြီးဟာ အသက်နဲ့ခန္တာစွန့်ခွာလို့ လဲလျောင်းနေခဲ့ပြီ။

ဓားရှည်ကြီးဒရွတ်တိုက်ဆွဲလာတဲ့ ရှောင်ကျန့်ကိုမြင်တော့ အမတ်ကြီးအိမ်ထဲကနေ ပြေးထွက်လာခဲ့တဲ့ ကျန်းချန် ။အမတ်ကြီးအိမ်က ဇာပနအခန်းနားကိုလည်း ရှောင်ကျန့်ကမြင်ဟန်မတူ။
ကျန်းချန်နဲ့ရပ်စကားပြောနေရင်းလည်း အိမ်ထဲသို့သာ မမှိတ်မသုန်စိုက်ကြည့်နေတယ်။
သူမြင်လိုတဲ့ အရိပ်လေးဟာ အရင်လို ကျန့်...ဆိုပြီးအော်ခေါ်ပြေးထွက်လာပါက မတွေးရဲစရာပင်။ရှောင်ကျန့်ဘာလုပ်လုပ်အမြဲသိနေခဲ့တဲ့သူမက ခုတော့အိမ်ရှေ့ရောက်နေတာတောင် မသိနိုင်တော့ဘူးတဲ့။

"ငါပြောတာနားလည်လား.ရှောင်ကျန့် ပြဿနာဖြေရှင်းချင် နောက်မှရှင်းပါလားကွာ ခုလိုအချိန်ကြီးရှင်းရင် မင်းအတွက်လည်းမကောင်းဘူးလေ မင်းကအိမ်ရှေ့စံဆိုတာလည်း မမေ့နဲ့ဦး...တကယ်လို့သူမကိုအပစ်ပေးမယ်ဆိုရင်တောင် သူလုပ်ခဲ့တာပုဒ်မတပ်မရတဲ့ ပစ်မှုတွေ''

"ငါကိုယ်တော်ရဲ့ခံစားချက်ကို ပြက်ရယ်ပြုတာ ပစ်မှုမမြောက်ဘူးလား...ကိုယ်ရံတော်ကျန်း....ကောင်းပြီ ပစ်မှုသေချာရှာပြီးပြန်လာခဲ့မယ်''

Close My Eyes (or) အဆိပ်ရှိအချစ်Donde viven las historias. Descúbrelo ahora