Uni
Caught up
Ep.31ချိုင့်ဝှမ်းလွင်ပြင်ကြီးထဲ တစ်ဖက်နှင့်တစ်ဖက် သဲကြီးမဲကြီးတိုက်ခိုက်နေကြတဲ့
လူမျိုးနွယ်နှစ်ခု။ထိုနှစ်ခုကြားထဲ ကြားညှပ်နေတဲ့လူသားလေးနှစ်ယောက်လည်းရှိသေးရဲ့။ချွင်....
ချွင်....ခွမ်း
သေစမ်း....မြန်မြန်....
"အရှင် ဒါ ဒါ ဘယ်နေရာကြီးလဲ ဘယ်လိုဖြစ်ရတာလဲ ''
"ကိုယ်တို့တော့ အချိန်ကာလမှားသွားပြီထင်တယ် ဝမ် စစ်ပွဲအတွင်းမှာရောက်နေပြီ''
"ရိပေါ်တို့နိုင်ငံ စစ်ဖြစ်နေပြီလား...ဒါပေမယ့် ဒီပုံစံတွေ မမြင်ဖူးသလိုပဲ ''
"အိုက်ယား......ဝမ် ခေါင်းငုံ့လိုက် ရှောင် ရှောင်.''
လက်ကနဲဝင်လာတဲ့ ဓားသွားတစ်ချက်အဝင့်မှာ ရှောင်ကျန့်က ရိပေါ်လက်ကိုဆွဲလို့ ရှောင်တိမ်းလိုက်ရတယ်။စစ်ပွဲတွေအပွဲပွဲနွှဲခဲ့ဖူးတဲ့ ရှောင်ကျန့်သုံးသပ်ချက်ကမြန်တယ်။နှစ်ဖက်ညှပ်နေတဲ့ စစ်ပွဲအတွင်းအခြေနေမှာ တစ်ဖက်ဖက်ကိုပါဝင်တိုက်ပေးမှ အသက်ရှင်နိုင်မယ် ဒါကလည်း ရှင်သန်နိုင်မယ့်ဘက်ကို ရွေးချယ်မိဦးမှ။
..''.မဖြစ်သေးပါဘူး ဒီတိုင်းဆိုနှစ်ဖက်လုံးကတိုက်ခံရတာနဲ့ သေကုန်လိမ့်မယ် တစ်ဖက်ကနေဝင်ပါပြီး တိုက်ပေးမှဖြစ်လိမ့်မယ် ''
"ဒါဆိုဘယ်ဘက်က ဝင်ပါပေးမလဲ အရှင်''
ထိုဆုံးဖြတ်ချက်ကိုတော့ သူတို့မချနိုင်ခင်
မှာပင် အုပ်စုလိုက်ကြီးညာသံပေးဝင်လာတဲ့ တာဟာလူရိုင်းတွေကပဲ အဆုံးဖြတ်ပေးလာခဲ့တယ်။ရွေးချယ်စရာမရှိတော့ပြီမို့ ရှောင်ကျန့်က အနားမှာလဲကျသေဆုံးနေတဲ့ ရဲမက်တစ်ယောက်ရဲ့ ဓားကိုကောက်ကိုင်လိုက်ပြီး ပြန်လည်ခုခံရတော့တယ်။ရိပေါ်ကိုလည်း သူ့နောက်ကျောမှာဖွက်လို့ ကာကွယ်ပေးဖို့လည်း မမေ့ပြန်ဘူး။သို့ပေမယ့် လူအင်အားကမမျှတ ဘုရင့်ရဲမက်စစ်သည်တွေက စနစ်တကျလေ့ကျင့်ထားသူတွေ ဆိုပေမယ့် တစ်ဖက်ကလူရိုင်းတွေက အဆမတန်သန်မာတယ်။ရှူးရှူးဒိုင်းဒိုင်းနဲ့ မဆင်မခြင်ဝင်ရောက်တိုက်ခိုက်လို့ ဒီဘက်ကအကျဆုံးများနေတယ်။နောက်ဆုံးတော့ရိပေါ်လည်း မနေသာတော့ပဲ အောက်ကျနေတဲ့လေးကောက်ကိုင်လို့ မြှားကျည်တောက်တစ်ခု ကျောမှာလွယ်လိုက်ပြီး ခပ်မြန်မြန်ပဲ အရိုင်းဆန်ဆန်တိုးဝင်လာတဲ့ လူရိုင်းတွေဆီ ဆက်တိုက်ပစ်လွှတ်လိုက်တယ်။
KAMU SEDANG MEMBACA
Close My Eyes (or) အဆိပ်ရှိအချစ်
Fiksi Penggemarအရှင့်သား သွားခွင့်ပေးပါတော့ ကျွန်တော်မျိုးအရမ်းပင်ပန်းနေပြီမို့ မျက်လုံးတွေမှိတ်ခွင့်ပေးပါတော့။