Ep.10

81 9 0
                                    

Uni

Close My Eyes (or) အဆိပ်ရှိအချစ်
Ep.10

ပိန်းပိတ်အောင်မှောင်နေတဲ့အခန်းငယ်ထဲမျက်စိကျင့်သားရအောင် ခနစောင့်ရင်းအသက်ရှူအောင့်ထားလိုက်တယ် သူ့အပြင်အခြားအသက်ရှူသံရှိလေမလား

Oops! Questa immagine non segue le nostre linee guida sui contenuti. Per continuare la pubblicazione, provare a rimuoverlo o caricare un altro.

ပိန်းပိတ်အောင်မှောင်နေတဲ့အခန်းငယ်ထဲ
မျက်စိကျင့်သားရအောင် ခနစောင့်ရင်း
အသက်ရှူအောင့်ထားလိုက်တယ် သူ့အပြင်အခြားအသက်ရှူသံရှိလေမလား.နားစွင့်ရင်းပေါ့။ လုံးဝတိတ်ဆိတ်ခြောက်ကပ်နေတာသေချာမှ လက်ဖျားတို့တစ်ချက်လှုပ်ရှား
လိုက်ပြီး အနီးကဖယောင်းတိုင်ကို မီးထွန်ညှိလိုက်တယ်။

ရလာတဲ့အလင်းရောင်နဲ့အတူ ထရပ်လိုက်တော့ ဘေးကစင်တစ်ခုကိုတိုက်မိပြီး စာလိမ်တွေပြုတ်ကျလာတယ်။ညအမှောင်မှာပြုတ်ကျသံက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာတယ်။စိုးရိမ်စိတ်ကြောင့် အသက်အောင့်ထားမိသည်ထိ။

ခနကြာထိဘာလှုပ်ရှားတုံ့ပြန်မှုမှ မတွေ့ရ။ ပြုတ်ကျနေတဲ့စာလိပ်တွေပြန်တင်ရင်း ပြေကျနေတဲ့တစ်ခုကိုကြည့်လိုက်မိတယ်။ဒါသူ့ရဲ့ပုံတူပန်းချီ။နောက်ထပ်စာလိပ်ပေါင်းများစွာ ဖြေကြည့်မိသမျှရှောင်ကျန့်ပုံတူများသာ။ဘယ်လိုလုပ်ဝမ်ငယ်ရဲ့လျို့ဝှက်အခန်းမှာ သူ့ပုံတူတွေရှိနေရတာလဲ။ရှိသမျှပုံတူတွေက သူ့ကြီးပြင်းလာသမျှအသက်ရွယ်လိုက်ပုံတူတွေ။

ခေါင်းထဲမှာအမှတ်မထင်ရေးရေးလေး ပေါ်လာတာက တိကျသေသပ်တဲ့လက်ရေးနဲ့စာဆောင်တွေ များစွာ။မျက်လုံးတို့တင်းတင်းမှိတ်ပြီး စိတ်အာရုံစုစည်း ကြည့်မိတယ် ဝေးလာလိုက်နီးလာလိုက်နဲ့ မသေချာမရေရာမှုများသာ။
အား....ဘာလို့သေချာ စဥ်းစားမရတာလဲ။ခေတ်တခနစဥ်းစားကြည့်ပြီး မရမှ ပုံတူပန်းချီတွေကိုနေရာတကျပြန်ထားရင်း အခန်းကိုလေ့လာကြည့်ရတယ်။ဝမ်ငယ် ဒီအခန်းမှာပျောက်သွားတာပင် မဟုတ်ပါလား။

Close My Eyes (or) အဆိပ်ရှိအချစ်Dove le storie prendono vita. Scoprilo ora