Uni
Close My Eyes (or) အဆိပ်ရှိအချစ်
Ep.16မနက်ခင်းညီလာခံပြီးတာနဲ့ အဆောင်ကိုတန်းပြန်လာချင်ပေမယ့် ခမည်းတော်နဲ့မယ်တော်ကတားထားလို့ ပဝမ်ကအကြောင်းတွေ ပြန်ပြောပြ ရသေးတယ်။မယ်တော်စိတ်ကျေနပ်လောက်အောင်ပြောပြီး အိပ်ဆောင်ကိုပဲတန်းပြန်လာခဲ့တယ် ဝမ်ငယ်နိုးနေလောက်ပေ ပြီ။
အဆောင်ရောက်တော့ ဝမ်ငယ်ကရှိမနေ
သူ့ရဲ့*တိမ်သလ္လာ* ဆောင်ကိုပြန်သွားတယ်တဲ့ မတွေ့ရမနေနိုင်တဲ့ သူကပဲလိုက်သွားရတာပေါ့ အိပ်ဖို့ပြန်သွားတာတော့ မဖြစ်နိုင်ဘူးလေ။ဝမ်ငယ်အဆောင်က ရိုးရှင်းတယ် နဂိုတည်းကရိုးရိုးရှင်းရှင်းနေတတ်သူက ခုသူ့အဆောင်ပြောင်းနေတာမို့ ဘာမှမရှိသလောက်ရိုးရှင်းနေပြန်တယ်။
မယ်တော်ခနခနလာကြည့် ဖြည့်ပေးတတ်တဲ့ ပစ္စည်းတွေကြောင့်သာ မင်းသားတစ်ပါး ကြင်ယာတော်တစ်ယောက်လို့ အဖိုးတန်ပစ္စည်းများ နေရာယူခွင့်ရနေခြင်းပင် မဟုတ်လျင်သာမာန်လူတစ်ယောက်သာသာမျှသာဖြစ်နေမည်ထင်။ယခုတော့ လူမနေသည့်အတွက် အစောင့်အလုပ်ကျွေးလည်း
မရှိ။စာကြည့်ဆောင်နဲ့တွဲရက် ဆေးပစ္စည်းတွေထားတဲအဆောင်ရှိရဲ့။ပဝမ်က ဆေးပညာကိုအတော်လေးလေ့လာလိုက်စားတယ်။
နံရံကပ်စင်တွေပေါ်မှာ ဆေးပုလင်းတွေအစီရီတင်ထားပြီး ခုလည်းစားပွဲတစ်လုံးရှေ့
အလုပ်ရှုပ်နေရဲ့။ဘယ်လောက်တောင်စိတ်ဝင်စားနေတယ်မသိ ကောင်ငယ်လေးက သူဝင်လာတာတောင် သတိမထားမိ။
ဆေးပုလင်းတွေတစ်ခုနဲ့တစ်ခု ချိန်ဆလိုက်
ရောနှောလိုက်နဲ့ သေချာအာရုံစိုက်နေပုံ တစ်ချက်တစ်ချက် ကျေနပ်မှုကြောင့် မျက်နှာလေးကပြုံးသွားလိုက်သေး။စားပွဲရှေ့ကအဖြူရောင်ပုံရိပ်လေးကို ကြည့်ပြီး အခန်းဝက အနီးရောင်ပုံရိပ်လေးကလည်းပြုံးလို့။
.
.
.ဆေးပုလင်းလေးမှာ စာကပ်နေတုန်း ခါးကိုလာရောက်ဖက်တွယ်လာတဲ့ လက်တစ်စုံ။အနည်းငယ်စောင်းငဲ့ကြည့်လိုက်တော့ ပခုံးပေါ်လာရောက်မေးတင်နေတဲ့ အရှင့်မျက်နှာနဲ့ နီးကပ်သွားတယ်။ မျက်နှာနှစ်ခု နီးကပ်သွားချိန် လက်တစ်ဖက်ကသူ့ခေါင်းကိုလာထိန်းပြီး အရှင့်မျက်နှာရှေ့အနီးဆုံးကို တိုးပစ်လိုက်တယ်။
CITEȘTI
Close My Eyes (or) အဆိပ်ရှိအချစ်
Fanfictionအရှင့်သား သွားခွင့်ပေးပါတော့ ကျွန်တော်မျိုးအရမ်းပင်ပန်းနေပြီမို့ မျက်လုံးတွေမှိတ်ခွင့်ပေးပါတော့။