Uni
Close My Eyes (or) အဆိပ်ရှိအချစ်
Ep.21ဘယ်လောက်ပင်ဝေးဝေး
လျှောက်လျှောက်....
ဒီနေရာပဲပြန်ပြန်ရောက်တယ်
ကျွန်တော်ဟာ ချည်တိုင်နဲ့လူသား.............
ဆောင်းအကုန်နွေအကူး အအေးပေါ့တယ်ဆိုပေမယ့် အအေးဓာတ်ကတော့ ကျန်နေဆဲ။လေအဝှေ့မှာ ချယ်ရီပွင့်ဖတ်လေးတွေ လွင့်ဝဲလို့ ဒူးထောက်နေသူဘေး ပြန့်ကျဲနေတယ်။သုံးရက်သုံးညတိုင်ခဲ့ပြီ မယ်တော်ပြောသလို အပစ်ပေးခဲ့လိုက်တာမှ တော်ကာကြဦးမည် ခုလိုလုံးဝအတွေ့မခံ မမြင်ချင်သူလို ရှောင်ပုန်းနေတာက ပိုခံရခက်။အင်းလေ.....ဝမ်ရိပေါ် လိုလူမျိုးက သူတစ်ပါးကို အပစ်ပေးမတဲ့လား အဲဒီအစားခုလိုရှောင်ပုန်းနေတာပဲ လုပ်မှာပေါ့။ သူလည်း အဝေးတစ်နေရာကနေ စိတ်မအေးဖြစ်နေရမယ့် အစားခုလို မြင်နေနိုင်တဲ့နေရာ အနီးဆုံးမှာရှိတယ်ဆိုတဲ့
အသိက စိတ်ခံသာသေးတယ်။ကျွီ.......
တချိန်လုံးမမှိတ်မသုန်စိုက်ကြည့်နေခဲ့တဲ့ တံခါးပေါက်က ပွင့်ဟလာခဲ့ပြီ။ဖြူလွလွဝတ်ရုံလေးဟာ အောက်ခံ တံခါးဘောင်ကို
ကျော်လို့ သူ့ရှေ့မှာရပ်နေခဲ့ပြီ။မနည်းအားယူပြီး မျက်နှာတော် မော်ကြည့်ကြညိ့မိတော့ သူထင်သလိုလန်းဆန်းမနေခဲ့ ညှိုးလျော်လျော်မျက်နှာလေးမှာ မျက်သားတို့နီရဲလို့...သူလည်အိပ်ရေးပျက်
ထားလေသလား။"ဝမ်''
လက်ဖျားလေးကို အသာလှမ်းဆွဲတော့ မရုန်းဖယ်ခဲ့။
"ဝမ်...အရာအားလုံးအတွက် ကိုယ်တောင်းပန်ပါတယ် ဝမ် ကြိုက်တဲ့အပစ်ပေးပါ ခံယူပါ့မယ် ကိုယ့်ကိုစကားမပြောပဲ ရှောင်ဖယ်နေမယ့်အစား အပစ်ပေးပါ''
"အရှင့်သားအမြင်မှာ ကျွန်တော်မျိုးက ယုံကြည်စရာမကောင်းဘူးလား''
"မဟုတ်ဘူး ...အဲလိုမဟုတ်ဘူး.... သဝန်တိုစိတ်ကြောင့် စဥ်းစားတွေးခေါ်နိုင်စွမ်းမဲ့သွားတာပါ''
"နောက်လည်း သဝန်တိုရင် ကျွန်တော်မျိုးက ခုလိုပဲ..''
"မဟုတ်ဘူး.....မဟုတ်ဘူး.....''
လက်ဖျားကို အနားပိုတိုးလို့ဆွဲရင်း.အနားရောက်အောင် ဒူးထောက်ရက်ရှေ့တိုးမိတော့ လဲကျသွားတယ်။
BINABASA MO ANG
Close My Eyes (or) အဆိပ်ရှိအချစ်
Fanfictionအရှင့်သား သွားခွင့်ပေးပါတော့ ကျွန်တော်မျိုးအရမ်းပင်ပန်းနေပြီမို့ မျက်လုံးတွေမှိတ်ခွင့်ပေးပါတော့။