Uni
Close My Eyes (or) အဆိပ်ရှိအချစ်
Ep.18မနေ့ညက နန်းတွင်းထဲမှာလုပ်ကြံမှုတစ်ခုဖြစ်ပွားတယ်။ရှောင်းရန်မင်းကြီး အဆိပ်လက်နက်ပုန်းနဲ့လုပ်ကြံခံခဲ့ရတယ်။
လုပ်ကြံသူက လူများများစားစားမပါ သွက်လက်ဖြတ်လတ်တဲ့ လူတစ်ယောက်သာပဲ။ နန်းတွင်းကိုယ်ရံတော်တွေတစ်ယောက်မျှ မမိလိုက်။ကိစ္စဟာမြန်ဆန်လွန်းလို့ ဘယ်သူမှမသိလိုက်ပေမယ့် အိမ်ရှေ့စံဖြစ်တဲ့ရှောင်ကျန့်ကတော့သိနေနှင့်တယ်။မလိုလားအပ်တဲ့ပြဿနာတွေအတွက် အပြင်မပေါက်ကြားအောင်ထိန်းသိမ်းလျှို့ဝှက်ထားရတယ်။ကံကြီးပေလို့ အသက်မသေသေးသော်လည်း သတိမလည်သေး။
သတိလစ်နေတဲ့ မင်းကြီးဘေး မိဖုရားကြီးနဲ့နန်းတွင်းသမားတော်တွေ၊ အသစ်ရောက်လာတဲ့ နန်းသခင်မကြီးပါ စောင့်ရှောင့်ကုသပေးနေကြတယ်။များစွာအလုပ်ရှုပ်နေတာမို့ ဝမ်ငယ်ကိုတောင်မပြောရသေး ။မထင်မှတ်ပဲမုလုံက အရင်ရောက်လာပြီးသတင်းစကားကို ပြောမယ်မထင်မိတာ။
"မုလုံက ဘယ်လိုသိလာတာလဲ''
"ကျန့်နဲ့ကျန်းချန်း နန်းတွင်းကခိုးထွက်နေကြ မလွယ်ပေါက်လေ အဲဒီကနေခိုးလာရင်း ကြားတာ....မနေ့က ချန်ရုယုံနန်းတွင်းကိုဝင်တယ်.....မယုံရင်မင်းသားဝမ်မေးကြည့် သူ့အစေခံတွေခေါ်မေးကြည့်''
"ကောင်းပြီ...
လာကြစမ်း....ကြင်ယာတော်ဝမ်အနားကလူ ကျမ်းယွီနဲ့ရှောင်လွိကျီကို ခေါ်ခဲ့စမ်း
ကြင်ယာတော်မနိုးစေနဲ့''အားလုံးကိုခေါင်းအေးအေးထားပြီး အသေးစိပ်စီစစ်နေရှောင်ကျန့်မျက်နှာက လိုတာထက်အိန္ဒြရနေဟန်။
-
-
-သူတို့မင်းသားကိုလည်း မသိစေပဲ အိမ်ရှေ့စံကအခေါ်တော်လွှတ်တယ်ဆိုတည်းက ကျမ်းယွီတို့ကြောက်ဒူးတုန်နေပြီ။သူတို့ဘာအမှားလုပ်ထားမိလဲပါ လာနေတဲ့လမ်းတစ်လျှောက်သေမတတ်စဥ်းစားလာခဲ့ကြတယ်။
"အိမ်ရှေ့စံအရှင့်သား ရောက်ပါပြီ''
"မင်းတို့သေချာဖြေကြ မနေ့ကပဝမ်အိမ်ရှေ့စံနန်းတွင်းကို ဝင်သလား''
ရှောင်းအိမ်ရှေ့စံရှေ့မှာ ထိုမိန်းမကိုမြင်လိုက်တာမို့ ဘယ်လိုမှကောင်းတာမဖြစ်နိုင်တာကို အလိုလိုသိစိတ်ကြောင့် သူတို့အဖြေမှားသွားခဲ့ရင် သူတို့မင်းသားထိခိုက်မှာစိုးလို့ မဖြေနိုင်ကြ။
BẠN ĐANG ĐỌC
Close My Eyes (or) အဆိပ်ရှိအချစ်
Fanfictionအရှင့်သား သွားခွင့်ပေးပါတော့ ကျွန်တော်မျိုးအရမ်းပင်ပန်းနေပြီမို့ မျက်လုံးတွေမှိတ်ခွင့်ပေးပါတော့။