Uni
Ep.39
အရင်ကဆို အပြင်ထွက်ရတာအရမ်းကြိုက်တဲ့ ကောင်ငယ်လေးဟာ စိတ်ထဲမှာဘာတွေခံစားနေရတယ်မသိပဲ အရမ်းကိုတည်ငြိမ်လွန်းနေတာမို့ သူကပဲ စကားစလို့အာရုံလွှဲရတယ်။
"ပဝမ်ကိုပြန်ရတော့မယ်ဆိုတော့ ပျော်နေတာလား ဝမ်''
"ပဝမ်ကိုဝင်လို့မဖြစ်ပါဘူးအရှင် နန်းမြို့က အစောင့်ကြပ်တွေနဲ့ပြဿနာဖြစ်ပြီး ခရီးဖင့်နှေးကုန်ပါ့မယ် ရိပေါ်တို့ဘေးကကွေ့ပတ်သွားကြမယ် ဘာပဲဖြစ်ဖြစ်ခမည်းတော်မှ မရှိတော့တာ ရိပေါ်အတွက်ဘာမှမထူးပါဘူး မစိုးရိမ်ပါနဲ့''
"အင်း ကောင်းပါပြီ''
ဝမ်ငယ်က ရှောင်ကျန့်လောက်အပင်ပန်းမခံနိုင်တာမို့ သုံးရက်လောက်နဲ့သွားရမယ့် ခရီးကိုလေးရက်နေမှ ရောက်တော့တယ်။
ဒါတောင်သူလေးက ပင်ပန်းနေတာကို အားတင်းလို့ဇွတ်ထွက်သေးတာ ရှောင်ကျန့်ကပဲအလိုက်တသိ နားပေးရတယ်။
ရှေ့မှာဆီးကြိုနေတာတွေက အုပ်အုပ်ဆိုင်းဆိုင်းနဲ့ နေပြောက်မထိုးနိုင်တဲ့ သစ်ပင်တွေ။ရွာနဲ့တူတာ တအိမ်တလေမျှတောင် မတွေ့ရ။"အရှင် ကြည့်ပါဦး သစ်ပင်သစ်တောတွေကြီးပဲ ရွာမှရှိပါဦးမလား သူတို့အသက်မှရှင်ပါ့မလားဟင် သူတို့ကသီးခြားရှိနေတာမို့ ရိပေါ်က ရှိဦးမယ်ထင်တာ''
"ဟုတ်တယ် စျေးကဝယ်လာတဲ့ မြေပုံထဲမှာလည်း ဝမ်ပြောတဲ့နေရာကို သစ်တောလို့ရေးထားတယ် ဝမ် ဘယ်လိုထင်လဲ''
"ရိပေါ်ကတော့ ရောက်အောင်သွားကြည့်ချင်တယ် သူတို့ကလည်းရိပေါ်သံယောဇဥ်ရှိတဲလူသားတွေမို့ အသက်ရှင်နေဖို့ မျှော်လင့်တယ်''
"ဟုတ်ပါပြီ သူတို့လုံခြုံရေးတွက် သစ်ပင်တွေဖုံးအုပ်နေတာက အလုံခြုံဆုံးလို့ ကိုယ်လည်းထင်ပါတယ် သွားစို့''
မထင်မှတ်ပဲဝမ်ငယ်က သူ့ထက်ဇွဲကောင်းနေတယ် သူချစ်တဲ့လူတွေအတွက်ဆိုရဲ့ရင့်တတ်သူလေး။ချုံနွယ်ပိတ်ပေါင်းတွေကိုတော့ ရှောင်ကျန့်ပါလာတဲ့ ဆောင်ဓားနဲ့ပဲခုတ်ထွင်ရှင်းလင်းလို့ ခရီးဆက်ရတယ်။ ဒီလမ်းကတော့ ဘယ်သူမှမသွားဘူးတာ သေချာတယ်။
![](https://img.wattpad.com/cover/284685140-288-k258438.jpg)
YOU ARE READING
Close My Eyes (or) အဆိပ်ရှိအချစ်
Fanfictionအရှင့်သား သွားခွင့်ပေးပါတော့ ကျွန်တော်မျိုးအရမ်းပင်ပန်းနေပြီမို့ မျက်လုံးတွေမှိတ်ခွင့်ပေးပါတော့။