Uni
Ep.38
ဂူကြီးတစ်ခုလုံးက တိတ်ဆိတ်ခြောက်ကပ်လို့ လူသုံးယောက်လုံးရဲ့မျက်နှာပေါ်က အပူငွေ့တွေကြောင့် လေထုပါပူပြင်းခြောက်သွေ့လာသလို အထူးသဖြင့်ရှောင်ကျန့်မျက်နှာပေါ်က အပူငွေ့နှင့် နှုတ်ခမ်းဖျားက ထွက်အံလာမယ့်စကားသံကြောင့် ပို၍ပူလောင်နေရဟန်။
နောက်တော့ စိတ်လျော့လိုက်ဟန်ရတဲ့ ရှောင်ကျန့်ဆီက မထင်မှတ်တဲ့စကားသံနူးနူးညံ့ညံ့လေးကြောင့် ဝမ်ရိပေါ်က မျက်လုံးလေးအဝိုင်းသား။
"ကဲ ဝမ် ကိုယ်တို့လည်းအရမ်းပင်ပန်းနေ ကြပြီမဟုတ်လား နားလိုက်ကြရအောင်နော်''
"အရှင်''
"အင်း....ဘာမှမတွေးနဲ့တော့ ကိုယ်နားချင်ပြီ''
အဝတ်ပါးလေးခင်းထားတဲ့ ကျောက်ဖျာပေါ်ကိုသူနဲ့အတူအိပ်ရန် ခေါ်တယ်။ထိတွေ့ဆက်ဆံတာကအစ နူးနူးညံ့ညံ့လေး ဝါဂွမ်းလေးတစ်ခုလို ၊ပန်းလေးတစ်ပွင့်လို တကယ့်ကိုယုယုယယလေး။ပြီးတော့ လက်မောင်းကိုပုတ်လို့ ခေါင်းအုံးအိပ်စက်စေတယ်။လုံလောက်သွားပါပြီ ဒီလောက်နဲ့ပဲ ဝမ်ရိပေါ်သေရမယ်ဆ်ိုရင်တောင် ကျေနပ်နေပါပြီ။
ချစ်ရသူစိတ်တိုင်းကျ ကြိုးစားအိပ်ပေမယ့်
ရှေ့အနာဂတ်ကိုတွေးရင်း အိပ်မပျော် သူ့ရဲ့ဝင်သက်ထွက်သက်နွေးနွေးကြောင့် ရှောင်ကျန့်ရင်ဘတ်တစ်လျောက် ပူနွေးစွတ်စိုနေလျော့မည်။အိပ်မပျော်တဲ့အတူထထိုင်လိုက်ပြီး အပြင်ထွက်ရန်ပြင်တော့။"ဝမ် ဘယ်သွားမလို့လဲ''
"အရှင်မအိပ်ရသေးဘူးလား ရိပေါ်အိပ်မပျော်လို့''
"ဒါဖြင့်လာ ''
သူလည်းမအိပ်နိုင်ဘူးထင်ပါ့ အရှင်လက်ဆွဲခေါ်ရာ ဂူအနောက်ဘက်ဆီ အတော်လေးလျှောက်လာမိတော့ မထင်မှတ်စွာ လရောင်ဖွေးဖွေးဖျာကျနေတဲ့ ကြာကန်ကြီးကိုတွေ့ရတယ်။ကြာကန်ဘေးပတ်လည်က မြင့်မားတဲ့ကမ်းပါးယံကြီးတွေက မိုးထိမတတ်မြင့်မားတယ် အလယ်ချိုင့်ဝှမ်းက ကာလရှည်ကြာလာတော့ မိုးရေတွေအိုင်ရာကနေ ကြာကန်ကြီးဖြစ်လာဟန်တူတယ်။မတ်စောက်သော ကမ်းပါးယံတွေပေါ်မှာတော့ အုပ်ဆိုင်းညှို့မှိုင်းနေတဲ့ တောအုပ်ကြီးက အပြင်လူတွေမမြင်သာအောင် သဘာဝအကာရံကြီးသဖွယ်။ကြာကန်သာနဲ့ လရောင်ဖွေးဖွေးကတော့ အထူးလက်ဆောင်ထင်ပါရဲ့။
VOCÊ ESTÁ LENDO
Close My Eyes (or) အဆိပ်ရှိအချစ်
Fanficအရှင့်သား သွားခွင့်ပေးပါတော့ ကျွန်တော်မျိုးအရမ်းပင်ပန်းနေပြီမို့ မျက်လုံးတွေမှိတ်ခွင့်ပေးပါတော့။