Ep.15

9 2 0
                                    

Zawgyi

Ep.15

ရထားလုံးတစ်စီး ၊ မြင်းကိုယ်စီနဲ့ ခရီးဆက်နေကြတဲ့ လူတစ်အုပ်ဟာ ခရီးရှည်ကြီးကိုဖြတ်သန်းလာမှန်းသိသာနေ၏။

သူ့၏မြင်းညိုကြီးဟာ ဖြတ်လတ်သန်မာ အားကောင်းလှသော်လည်း သူများတွေထက်စာရင် လူနှစ်ယောက်တင်ထားရတာမို့ အနားပေးဖို့လိုအပ်နေပြီ။

အထူးသဖြင့်သူ၏ဝမ်ငယ် ခေါင်းမာလွန်းသူလေးဟာ နားသင့်ပေမယ့် မနားပဲတင်းခံမှုကြောင့် ငိုက်မြည်းလို့နေပြီ။

ရင်ခွင်တွင်းက လူသားလေးက အိပ်မက်ကိုကမ္ဘာတည်လို့ ရင်ခွင်တွင်း ပိုမိုတိုးကပ်လာတယ်။

အခြားကိုယ်ရံတော်တွေလည်း ရှောင်တခင်တိုက်ခိုက်မှုတွေမခံရအောင် သတိအနေထားနဲ့လိုက်လာရတာမို့ ပင်ပန်း
နေလောက်ပြီ နားသင့်နေပြီလေ။

"ယေ့.....''

မြင်းညိုကြီးရဲ့ဇက်ကြိုးကို အသာတုံ့ဆွဲလို့
အားလုံးကိုပါတပြိုင်တည်း ညွှန်းကြားလိုက်တယ်။

..''ရပ်မယ်.....အားလုံးဒီနားမှာနားမယ် ...နေရာပြင်ကြ''

ရင်ခွင်တွင်းကလူသားလေး မနိုးအောင်အသာယာပွေ့ချီပြီး သစ်ပင်အောက်မှာနေရာတစ်ခုပြုလို့ အိပ်စက်စေတယ်။

အားပျော့တဲ့ညနေခင်းနေရောင်ခြည်ဟာ အိပ်စက်နေတဲ့ ဝတ်စုံဖြူလူသားလေးဆီ ကလူကျီစယ်နေဟန်။တစ်ညတာ အနားယူရန် အလုပ်များနေကြတဲ့ သူ့လူတွေကိုကြည့်ရင်း သစ်ရွက်တွေကြားက ကျို့တိုးကျဲတဲနေရောင်ခြည်နဲ့ ရန်ဖြစ်နေသူတစ်ဦးလည်းရှိရဲ့။ဟိုတစ်ကွက်သည်တစ်ကွက် နေရောင်ခြည်လေးတွေကို လက်နဲ့ကာရင်း အိပ်စက်နေ သူကို ကြည့်မဝ။

"အရှင်''

"ဝမ်...နိုးလာပြီလား လာအနားယူဖို့နေရာစီစဉ်ထားတယ် နေရာရွေ့ရအောင်''

လက်ဆွဲခေါ်ရာလိုက်လာမိတော့ ဝါးတွေနဲ့အဆင့်လေးတစ်ခုပြုလုပ်ထားပြီး ဘေးပတ်လည်အမိုးအကာအဖြစ် ပဝါလေးတွေကာရံထားတယ်။ပဝါဖြူလေးတွေက လေမှာတလွင့်လွင့် ဒီလိုနေရာမျိုးမှာ အနားယူစရာပုံစံလေးကချစ်စရာကောင်းလွန်းနေတယ်။

Close My Eyes (or) အဆိပ်ရှိအချစ်Donde viven las historias. Descúbrelo ahora