Uni
Close My Eyes (or) အဆိပ်ရှိအချစ်
(ep.2)အချစ်နဲ့အမုန်းကြား
အလွှာပါးလေးတစ်ခုသာခြားလေတယ်
မင်းမြင်အောင်မကြည့်ခဲ့လို့ပါ
အချို့အရာတွေကမင်းကြည့်ချင်ရဲ့လား
ဆိုတဲ့ပေါ်မှာလည်းမူတည်သေးတယ်....××××××××××××××××
မိဖုရားခေါင်ကြီးမွေးနေ့ပွဲအတွက် အလုပ်များစွာရှုပ်နေကြတယ်။မင်းကြီးရဲ့ချစ်ခြင်းတွေကြောင့် ခမ်းခမ်းနားနားကျင်းပပေးချင်တာကြောင့်လည်း ပါတာပေါ့။အခမ်းနားကြီးလေ ပိုအလုပ်များလေမဟုတ်ပါလား။ထိုအလုပ်များသူထဲ ပဝမ်မင်းသားဝမ်ရိပေါ်လည်းပါရဲ့ အထိန်းတော်ချုပ်ကြီးက လူလိုတာနဲ့ မင်းသားဆီပေးထားတဲ့အစေခံတွေထဲက ခွဲယူသွားခြင်းကြောင့် ရိပေါ်ကိုယ်တိုင်ဝင်လုပ်နေရတယ်။
"မင်းသားဝမ် ကျွန်တော်မျိုးမရဲ့ညံဖျင်းမှုပါပဲ ပြင်ဆင်ထားတဲ့အခန်းနားလိုအပ်ချက်တွေကြောင့် ပြန်ပြင်ဆင်ရပါမယ် အချိန်အခက်အခဲကြောင့် လူများများလိုအပ်ပါတယ် မင်းသားများအဆင်ပြေရင် လူနည်းနည်းလောက်တောင်းချင်ပါတယ်...မင်းသားအဆင်မပြေလည်းရပါတယ် စိတ်မရှိပါနဲ့''
"ရပါတယ်အထိန်းတော်ချုပ်ကြီး ခေါ်သွားလိုက်ပါ အားလုံးကမိဖုရားကြီးအတွက်လုပ်ပေးနေကြတာပဲလေ ဒီလိုပဲအဆင်ပြေအောင်ကြိုးစားကြရမှာပေါ့ လိုသလောက်သာခေါ်သွားပါ''
"ကျေးဇူးကြီးလှပါတယ်မင်းသား ကျွန်တော်မျိုးမကို ကယ်တင်လိုက်တာပါပဲ
ဒါဆိုခေါ်သွားတော့မယ်နော်''ရိပေါ်ကခေါင်းညိတ်ပြလိုက်ပြီး အထိမ်းတော်ချုပ်ကြီး လူခေါ်ပြီးတဲ့ထိ စောင့်ပေးနေလိုက်တယ်။ ကျန်ရှိနေခဲ့တဲ့လူအရေတွက်ကိုတစ်ချက်စစ်လို့ လူအရေတွက်နဲ့ လုပ်ရမယ့်အပိုင်းတွေကို ခွဲခြမ်းစိတ်ဖြာပြီး စတင်အမိန့်ပေးတော့တယ်။
လီမိန်းကလေးဖျက်ဆီးထားလို့ အတော်များများသုံးမရတော့သစ်သီးနဲ့ပန်းမန်တွေအစား လုပ်ပြီးသားအသင့်စားမုန့်တွေသာ.မြို့ထဲသို့အဝယ်လွှတ်ရတော့တယ်။ထို့ကြောင့်လည်း အလုပ်မနိုင်မနင်းတော့ မဖြစ်တော့ပေ။သို့သော်သူ့လက်ရာအကြောင်း အခြားတိုင်းပြည်ထိပါကြွားထားသော မိဖုရားကြီးမျက်နှာပျက်ရမှာတော့ စိတ်ပူစရာ ။သူတတ်နိုင်တာလည်း ဘာမှမရှိတော့ဘူး မဟုတ်လား။
![](https://img.wattpad.com/cover/284685140-288-k258438.jpg)
ESTÁS LEYENDO
Close My Eyes (or) အဆိပ်ရှိအချစ်
Fanficအရှင့်သား သွားခွင့်ပေးပါတော့ ကျွန်တော်မျိုးအရမ်းပင်ပန်းနေပြီမို့ မျက်လုံးတွေမှိတ်ခွင့်ပေးပါတော့။