Uni
Ep.35
အခြေနေတွေက မထင်ထားတာတွေဖြစ်ကုန်တာမို့ အားလုံးကမျက်စိမျက်နှာအပျက်ပျက်နှင့်။မိဖုရားအဆောင်တော်မှာ ရိပေါ်နဲ့ရှောင်ကျန့်ပါ တိုင်ပင်ရန်ရောက်နေပေမယ့် ဘာအဖြေမှထွက်မလာ။
နောက်ဆုံးစိတ်မအေးနိုင်တဲ့ ရှောင်ကျန့်ကပဲ ဆုံးဖြတ်ချက်တခုနဲ့အတူ ရိပေါ်အနားထလာပြီး.လက်ကလေးဆုပ်ကိုင်လို့ စိတ်မကောင်း အားနာနေဟန်တို့နှင့် ဆိုလာတယ်။"ဝမ်...ကိုယ်ဆုံးဖြတ်ပြီးပြီ မင်းကိုတော့ သူ့လက်ဘယ်လိုမှအပါမခံနိုင်ဘူး...ထွက်သွားကြစို့ ဖောက်ထွက်မယ်''
ရိပေါ်က ရှောင်ကျန့် မျက်ဝန်းတွေကို စိတ်အားထက်သန်စွာ မော့ကြည့်လိုက်တယ်။တခုခုပြောလိုက်ချင်ပေမယ့် ဘာပြောရမှန်းလည်း မသိပြန်။သက်ပြင်းတွေကိုသာ လေးတွဲ့စွာချလို့။
"အစ်မတော် ရီပေါ်တို့အပြင်ထွက်နိုင်အောင် ကူညီပါလား ''
"အစ်မတော်လည်း ဘာကူညီနိုင်မလဲ တွေးနေပါတယ် နန်းတွင်းကိုယ်ရံတော်တပ်က စစ်သူကြီးချိန်ကိုပဲ တာဝန်ပေးရတော့မှာပဲ ညသန်းခေါင် အဆင်သင့်ပြင်ထားလိုက်ပါ''
ထို့နောက် ခေါ်ငင်လာတဲ့အသံက လေးတွယ့်စွာ။
"မောင်ငယ်လေး''
အနားထလာပြီး ရိပေါ်ခေါင်းလေး ရင်ခွင်ထဲဆွဲထည့်လို့ ဆံနွယ်လေးတွေကို ပွတ်သပ်ပေးရင်း မျက်ရည်လေးတွေကျလာတယ်။
"အစ်မတော်ကလေ မောင်ငယ်လေးကို သားလေးလိုကိုချစ်နေတာ မခွဲချင်ပေမယ့် မောင်ငယ့်လေးကမှ မပျော်တာမို့...အဝေးရောက်သွားရင်သာ တခါတလေ ဒီအစ်မတော်ကို သတိရနေပေးနော်''
"အစ်မတော်ရယ် ကျေးဇူးတွေဒီလောက်ကြီးတာ ရိပေါ်ဘယ်လိုလုပ်မေ့ရက်နိုင်မှာလဲ တစ်သက်လုံးအောက်မေ့သွားမှာပါ''
ဟေအန်းက ပြုံးရင်း ခေါင်းလေးတညိတ်ညိတ်နဲ့ မျက်ရည်စတွေအသာသုတ်လို့ ထွက်ခွာရန်ပြင်ဆင်စေတယ်။
အဆောင်ပြန်ရောက်လို့ တံခါးပိတ်ပြီးခြင်းမှာပဲ ရိပေါ်ကျောပြင်က ရင်ခွင်တစ်ခုနှင့် ကပ်လို့ ထွေးဖက်ခြင်းခံလိုက်ရတယ်။
ESTÁS LEYENDO
Close My Eyes (or) အဆိပ်ရှိအချစ်
Fanficအရှင့်သား သွားခွင့်ပေးပါတော့ ကျွန်တော်မျိုးအရမ်းပင်ပန်းနေပြီမို့ မျက်လုံးတွေမှိတ်ခွင့်ပေးပါတော့။