Uni
Close My Eyes (or) အဆိပ်ရှိအချစ်
Ep.9ဘဝမှာအသဲအသန်လိုအပ်တယ်လို့
ထင်တဲ့အရာတွေက
မလိုအပ်တော့တဲ့အခါ......
မလိုအပ်ဖူးထင်တဲ့အရာတွေက
အရေးပါနေတတ်ပြန်တယ်....
ဘာအမှားမှမလုပ်ခဲ့ပါဘူး
လှည့်စားတတ်တဲ့ ကံကြမ္မာရဲ့သားကောင်
ဖြစ်ခဲ့ရုံသက်သက်ပါ..............................................
ပဝမ် သို့မဟုတ် ယောက္ခမနိုင်ငံတော်
......နိုင်ငံတွေထဲမှာ ရှောင်းရန်ကအင်အားကြီးဆုံးနိုင်ငံဆိုရင် ပဝမ်ကချမ်းသာကြွယ်ဝဆုံးနိုင်ငံဖြစ်လိမ့်မယ်။နိုင်ငံအဝှမ်းလည်းစည်ပင်သာယာဝပြောသလို နန်းမြို့တော်ထဲဝင်လာချိန်မှာလည်း အိမ်တော်တွေတင်မက လမ်းတွေကအစ ခမ်းနားကြီးကျယ်ခြင်းကို ဖော်ပြနေတယ်။
အိမ်တော်တွေရှေ့မှာ တန်ဖိုးကြီးဆေးဖက်
ဝင်အပင်တွေကိုတွေ့နိုင်တာဟာ မင်းအစီမံလေလားပဝမ်။ထုထည်ကြီးမားတဲ့အဆောက်ဦးတွေ ခမ်းနားကြီးကျယ်တဲ့ဘုံကျောင်းတွေကိုငေးမောရင်း။ဒီမြင့်မားတဲ့အုတ်တံတိုင်းကြီးရဲ့ အနောက်မှာ ခမ်းနားတဲ့နန်းတော်ကြီးရှိလိမ့်မယ်။အဲဒီနန်းတော်ကြီးထဲမှာ သူသိပ်တွေ့ချင်နေတဲ့ ဝမ်ငယ်နေထိုင်တယ်။
အားနာမိတယ်ဝမ်ငယ် ဒီလိုနေရာကိုပစ်လို့ ကိုယ်တော်ဌာနေ ဥပေက္ခာရင်ခွင်မှာ မင်းဘယ်ပျော်ပါ့မလဲ။
ရှည်လျားကျယ်ဝန်းတဲ့လမ်းကိုဖြတ် အထစ်ပေါင်းများစွာရှိတဲ့ လှေကားထစ်တွေကိုနင်းလျှောက်ပြီးမှ ပင်မနန်းဆောင်ကြီးကိုရောက်တယ် ။အမောပြေမင်းမျက်နှာလေး မော်ဖူးခွင့်ပေးပါဝမ်ငယ်။
ထုံးတမ်းဓလေ့အရ နားနေဆောင်မဝင်နိုင်ပဲ မင်းကြီးကိုအရင်ဝင်တွေ့တာ မင်းကိုတွေ့မယ်ထင်လို့။ ခုတော့မျက်နှာလေးတောင် တွေ့ဖို့ခက်နေပြီ ကိုယ်တော်လာတာ မသိလေရော့သလား။
"မင်းကြီးကို ဂါရဝပြုပါတယ်...
ဒါကခမည်းတော်ထည့်ပေးလိုက်တဲ့ ဆေးဝါးတွေပါ...မင်းကြီးရဲ့ကျန်းမာရေးအခြေနေကြည့်ပေးနိုင်အောင် နန်းသခင်မဝမ်ချင်ကိုလည်း ခေါ်ဆောင်လာခဲ့ပါတယ်''
أنت تقرأ
Close My Eyes (or) အဆိပ်ရှိအချစ်
أدب الهواةအရှင့်သား သွားခွင့်ပေးပါတော့ ကျွန်တော်မျိုးအရမ်းပင်ပန်းနေပြီမို့ မျက်လုံးတွေမှိတ်ခွင့်ပေးပါတော့။