🎋ရောင်စုံခြယ် ပန်းချီကား 🎋
အပိုင်း(၁)
"မစားဘူး မစားဘူးနော်”
"ကြွယ်ရယ် နည်းနည်းတော့စားပါနော် မအေးခွံကျွေးမယ်လေ”
မှန်များဖြင့် စီချယ်ထားသော သုံးထပ်တိုက်ကြီး၏ အောက်ဆုံးထပ် ထမင်းဝိုင်းမှာတော့ ဘိုမရုပ်ကိုမြောက်ကာပင့်ကာဆော့နေသောကြွယ်ဟူသည့် ကလေးတစ်ယောက်နှင့် သူမနားတွင်ထိုင်နေသော အိမ်အကူ မိန်းကလေး တစ်ယောက် ထိုမိန်းကလေး မှာထမင်းကျွေးရန်ကြိုးစားနေရသည်။
"သွား မစားဘူးဆို ဒီမှာဆော့နေတာမမြင်ဘူးလား”
"ကြွယ်ရယ် ထမင်းစားမှအား...”
"ခွမ်း...”
အိမ်အကူမလေး အေးကြည်သည် ပန်းကန်ကို ကလေးမနားတိုးရင်း သူမဆိုသည်။ သူမ၏ စကားပင်မဆုံးလိုက်ရခင် ကြွယ်ဟူသည့်ကလေးမက ပန်းကန်ကိုလက်နှင့်ပုတ်ချလိုက်လေသည်။
ကြွယ်က အေးကြည့်ကို ပြန်မော့ကြည့်ကာ"မစားချင်ဘူးလို့ပြောစားပဲ”
ကြွယ်ဟူသည့် ၉နှစ်အရွယ်ကလေးမလေး၏ လက်ချက်ကြောင့် ကြမ်းပြင်၌ ကြွေပန်းကန်ကွဲစများ နှင့် ထမင်းလုံးများအပါ ကြက်သားတုံးလေးများပါ ပြန့်ကြဲနေလေသည်။
"ဟဲ့ ဘာဖြစ်နေကြပြန်ပြီလဲ”
ဒေါ်ခင်မီမီ ဧည့်ခန်းထဲ၌ အလှပန်းအိုးထိုးနေစဉ် ထမင်းစားခန်းထဲမှ ပန်းကန်ကွဲသံနှင့်အတူဆူညံသွား၍ အပြေးလေးလာခဲ့ခြင်းဖြစ်သည်။ဝင်လာလာချင်း မြင်လိုက်ရသည်က မိအေးက ကြမ်းပြင်၌ ပုံပုံလေးထိုင်လျက်ငိုမဲ့မဲ့မျက်နှာ နှင့် ပန်းကန်ကွဲစများကိုသိမ်းဆည်းနေပြီ့း သူမအားကြည့်ကာ
"မမမီ ကြွယ်..”
ဟူ၍ သမီးဖြစ်သူကြွယ်ဆီသို့ တစ်လှည့်ပြန်ကြည့်နေသည်။
"ဟင်း မိကြွယ် နင်လုပ်ပြန်ပြီးလား”
"ကြွယ်မှ မစားချင်နာ”
"မိကြွယ် နင်နေ့တိုင်း တစ်ခုမဟုတ်တစ်ခု ပြဿနာရှာ နေတယ်နော် အိမ်ကိုလာကူတဲ့ သူတွေလဲ နင်ဒဏ်မခံနိုင်လို့ ပြေးရတာ ဘယ်နှယောက်ရှိနေပြီးလဲ ဟမ်း မိကြွယ် ခုလည်းရိုင်းစိုင်းနေပြန်ပြီး”
YOU ARE READING
ရောင်စုံခြယ်ပန်းချီကား ( Season 1 Complete)
Romance🎋ရောင်စုံခြယ် ပန်းချီကား 🎋 Intro စာရွက်ဖြူလွှာလွှာလေးပေါ်မှာ စုတ်တံလေးနဲ့ အပြာရောင်ခြယ်ရင် အဖြူပိတ်သားကပြာမှာပဲ အနီရောင်ဆိုးလိုက်ရင်လည်း နီမှာပဲ ဖြူလွှလွှပိတ်သားကြီးကို အရောင်တွေတစ်မျိုးပြီးတစ်မျိုး ချယ်ပြီးတဲ့နောက်မှာတော့ ရေးဆွဲသူရဲ့ပုံဖော်လိုတ...