🎨🎨🎨ရောင်စုံခြယ် ပန်းချီကား 🎨🎨🎨
အပိုင်း(၂၆)
ကြွယ်နှစ်ခြိုက်စွာအိပ်စက်နေရင်း
ကြွယ် အိပ်တုန်းကလိုမာကျောသည့်အရာကိုမှီထားသည်မဟုတ်ဘဲ နူးညံ့နွေးထွေးနေတဲ့ နေရာလေးပေါ်ရောက်နေသလိုခံစားရသည်။ခုနကလို ရေညှီနံ့ သဲနံ့လိုအနံ့မျိုးမရဘဲ
မွှေးပျံ့လွန်းသည့် ကိုယ်သင်းနံ့လေးက ကြွယ့်နားခေါင်းထဲတိုးဝင်နေသည်ထိုသိုသော့ နှစ်လိုဖွယ်ရနံ့ နူးညံ့သောအထိအတွေ့များကြောင့် ထိုအရာကို
မျက်လုံးလေးများဖွင့်ကာ မော့ကြည့်မိသည်။
ကြွယ့်မျက်ဝန်းထဲရောက်လာသည်က
ယောက်ျားတစ်ယောက်၏
မေးရိုးကာကာတစ်ခုကို ထင်ရှားစွာမြင်လိုက်ရကာ အရှေ့ဘက်သို့မျက်နှာမှူထားသည့်ဟန်။နွေးထွေးအိစက်လွန်းလှသည့်အထိအတွေ့ကြောင့် ကြွယ်အိပ်မက်များလားဟုထင်မိသည်။
အောက်ကနေ မြင်နေရသော မျက်နှာ ချောချောလေးကို ငေးစိုက်ကြည့်နေရင်း လက်လေးပင့်ကာ ကိုင်ကြည့်ဖို့ ကြိုးစားမိသည်။
လက်လေးကိုဖြည်းဖြည်းချင်း မကာ မေးဖျားလေးကိုစမ်းကိုင်ကြည့်မိသည်။
ကောင်းပင်လယ်ဘက်ကိုငေးမောကြည့်ချိန် မျက်နှာကို လာထိနေသောလက်ကလေးကြောင့် ငုံကြည့်မိသည်။
ကြွယ့်အပေါ်ကနေ မိုးထားသောမျက်နှာချောချောက ငုံ့ကြည့်ချိန်.....
လက်လှန်းနေရာမှတုံခနဲရပ်သွားရသည်။
ဟင် သူ
သူကကြွယ့်အိမ်မက်ထဲဘာလို့ရောက်လာတာလဲ
ကြွယ်ကိုယ့်ကိုယ်ကိုအံဩမိသည် တွေ့တာမကြာသေးသည့်လူတစ်ယောက်ကိုအိမ်မက်ထဲတောင်ထည့်မက်မိနေပါလား။
ကြွယ် နင်တော့ရူးနေပြီလားဟယ်။
"နိုးပြီလား ကြွယ်”
အယ် စကားလဲပြောတယ်
ဟောတော် ပြုံးပြနေပါလား
မရတော့ဘူး နင်မရတော့ဘူးကြွယ် သူ့အသံကော သူ့အပြုံးကိုပါ ကြားယောင်မြင်ယောင်နေပြီ
ကြွယ်ငေးကြည့်နေပြိ ကိုယ့်ကိုယ်ကိုသက်ပြင်းလေးချနေမိသည်။
BẠN ĐANG ĐỌC
ရောင်စုံခြယ်ပန်းချီကား ( Season 1 Complete)
Lãng mạn🎋ရောင်စုံခြယ် ပန်းချီကား 🎋 Intro စာရွက်ဖြူလွှာလွှာလေးပေါ်မှာ စုတ်တံလေးနဲ့ အပြာရောင်ခြယ်ရင် အဖြူပိတ်သားကပြာမှာပဲ အနီရောင်ဆိုးလိုက်ရင်လည်း နီမှာပဲ ဖြူလွှလွှပိတ်သားကြီးကို အရောင်တွေတစ်မျိုးပြီးတစ်မျိုး ချယ်ပြီးတဲ့နောက်မှာတော့ ရေးဆွဲသူရဲ့ပုံဖော်လိုတ...