🌈ရောင်စုံခြယ်ပန်းချီကား🌈
အပိုင်း(၅၀)
"အ ...."
"ကြွယ် ဘာဖြစ်တာလဲ"
တိမ်စိုင် သူ့ရင်ထဲကပူလောင်မှုများအစား ကိုယ်လေးယိမ်းယိုင်သွားသည့် သူမကြောင့် စိုးရိမ်စိတ်ကလေးဖြစ်သွားရသည်။
သူအလျင်ထိန်းလိုက်၍ ရင်ခွင်ထဲပြိုဆင်းနေသည့်ကိုယ်လေးက သူ့ရင်ဘတ်ပေါ် လက်လေးတစ်ဖက်ထောက်ကာ မျက်လုံးများမှိတ်လို့နေလေသည်။
"ကိုကို ကြွယ် ဘာဖြစ်တာလဲ မသိဘူး အား ခေါင်းတစ်ခုလုံး မူးနောက်ပြီး မျက်ခွံတွေလေးနေတယ်ကိုကို ကြွယ်အရမ်းအိပ်ချင်နေပြီး လမ်းမလျှောက်ချင်တော့ဘူး"
မျက်လုံးများမှေးစင်းကာ ခုပဲအိပ်ပျော်သွားတော့မလို့ဖြစ်နေသည့် သူမပုံစံကြောင့်
တိမ်စိုင် စိုးရိမ်တကြီးကြွယ့်ကိုကြည့်နေရင်း သူ့ခေါင်းထဲအတွေးတစ်ခုကပေါ်လာသည်။ဒယ်ဒီ ကြွယ့်ကိုတိုက်လိုက်တဲ့အအေးထဲမှာ အိပ်ဆေးတွေပါနေတာလဲ....
"အင် ကြွယ်ပင်ပန်းသွားလို့ဖြစ်မယ် လမ်းမလျှောက်ချင်ရင် ကိုကိုချီပေးရမလား"
"အင်"
မျက်လုံးတောင်ပွင့်မလာတော့ဘဲ ခေါင်းညိတ်ပြလိုက်သည့်သူမ။
တိမ်စိုင် သူမကိုယ်လေးကိုဆွေ့ခနဲပွေ့ချီကာ အိမ်ထဲဝင်လာခဲ့လိုက်သည်။
လူကတစ်နေကုန်သောက်ထား၍ မူးနေသော်လည်း သူမကိုယ်လေးကပဲပိန်လွန်းတာလား သန်မာသည့်သူ့ကိုယ်ခန္ဓာကြောင့်များလားပြောမတက် သယ်ရတာပေါ့လိုနေသည်။
သို့သော်လည်းမူးနောက်ခေါင်းကြောင့် တစ်ချက်တစ်ချက်ယိုင်ယိုင်သွားသည့် သူ့ခြေလှမ်များကိုမနည်းထိန်းလျှောက်နေရသည်။
ယိုင်တိယိုင်တိုင် သူ့လက်ထဲတွင်တော့ သူမလေးက အိပ်ပျော်လို့နေလေပြီး။
သူမူးမူးနှင့် သူမအခန်းတံခါးကို နှစ်ခုမြင်နေရ၍ ဘယ်တံခါးကိုဝင်ရမှန်းမသိဖြစ်နေရသည်။
"ဟာ ...."
သူခေါင်းကိုခါထုတ်ပစ်လိုက်မှ အမြင်တို့ကြည်လင်စွာ ထိုအခါမှသေချာတွေ့ရတော့သည်။
ВЫ ЧИТАЕТЕ
ရောင်စုံခြယ်ပန်းချီကား ( Season 1 Complete)
Любовные романы🎋ရောင်စုံခြယ် ပန်းချီကား 🎋 Intro စာရွက်ဖြူလွှာလွှာလေးပေါ်မှာ စုတ်တံလေးနဲ့ အပြာရောင်ခြယ်ရင် အဖြူပိတ်သားကပြာမှာပဲ အနီရောင်ဆိုးလိုက်ရင်လည်း နီမှာပဲ ဖြူလွှလွှပိတ်သားကြီးကို အရောင်တွေတစ်မျိုးပြီးတစ်မျိုး ချယ်ပြီးတဲ့နောက်မှာတော့ ရေးဆွဲသူရဲ့ပုံဖော်လိုတ...