🍀ရောင်စုံခြယ် ပန်းချီကား🍀
အပိုင်း(၄၅)
တိမ်စိုင် အိမ်သို့ရောက်သည်နှင့် ကြွယ့်လက်ကိုခပ်ကြမ်းကြမ်းဆွဲကာ အိမ်ထဲသို့ဆွဲခေါ်လာလေသည်။
တစ်လမ်းလုံးငိုလာ၍ကြွယ့်မျက်နှာလေးမှာ နီရဲမို့ေမာက်လို့နေသည်။
သူတို့နှစ်ဦးဝင်လာသည်ကို ဧည့်ခန်းထဲ၌ထိုင်နေကြသော ဦးကောင်းရွှေနှင့် ဒေါ်မာလာတို့မှာ အံ့ဩလျက်ကြည့်နေကြသည်။
"ဟဲ့ သားတို့ဘယ်လိုဖြစ်လာတာလဲ "
တိမ်စိုင်မှာ ဒေါသတွေအလိပ်လိုက်ထွက်နေကာ ခါးထောက်ထားသည်။
ငိုရှိုက်နေသည့်ကြွယ့်ကိုမကြည့်ရက်နိုင်ပဲ မျက်နှာလွှဲလို့ထားသည်။
တစ်ယောက်ကငိုကာ တစ်ယောက်ကမျက်နှာကြီးတည်ထင်းနေကြတော့ ဦးကောင်းရွှေတို့လင်မယားတစ်ယောက်ကိုတစ်ယောက်ပြန်ကြည့်မိသည်။
ဒေါ်မာလာကပဲဦးစွာကြွယ့်အနားသို့လျှောက်သွားလေသည်။
"ဘာဖြစ်လာကြတာလဲ ကြွယ်လေးရယ် မာမီဖြင့်လန့်လိုက်တာ"
ကြွယ်ကဘာမှခွန်းတုံ့မပြန်ဘဲ ငိုလို့သာနေသည့်မို့ ဒေါ်မာလာသက်ပြင်းကြီးချကာ ကြွယ့်ကိုချော့မြူေနေလသည်။
"တိတ်ပါကြွယ်လေးရယ် ဟင်း...."
ဦးကောင်းရွှေကလည်း တိမ်စိုင်နားသို့ချဉ်းကပ်ကာမေးသည်။
"တိမ်စိုင် မင်းတို့ဘာဖြစ်လာကြတာလဲ ငါ့ကိုပြောစမ်း"
တိမ်စိုင် မျက်နှာတစ်ခုလုံး ပူလောင်နေကာ သက်ပြင်းချလိုက်သည်။
"ကျွန်တော် ဘာမှမပြောချင်ဘူးဒယ်ဒီ ကြွယ့်ကိုဒီနေ့ကစပြီး အိမ်ထဲကအိမ်ပြင်ပေးမထွက်ဖို့ပဲမှာချင်တယ်"
တိမ်စိုင်ထိုသို့ပြောလိုက်တယ်ဆိုရင်ပဲ ကြွယ်မှာ မိခင်ဖြစ်သူလက်ထဲမှ ရုန်းထွက်ကာ တိမ်စိုင်နားသို့သွားလေသည်။
"ဟာ ကိုကိုအဲ့လိုလုပ်လို့မရဘူးနော် ကြွယ့်ကို ကိုကိုကြိုက်တဲ့အပြစ်ပေးပါ ကြွယ်ခံယူမယ်"
ESTÁS LEYENDO
ရောင်စုံခြယ်ပန်းချီကား ( Season 1 Complete)
Romance🎋ရောင်စုံခြယ် ပန်းချီကား 🎋 Intro စာရွက်ဖြူလွှာလွှာလေးပေါ်မှာ စုတ်တံလေးနဲ့ အပြာရောင်ခြယ်ရင် အဖြူပိတ်သားကပြာမှာပဲ အနီရောင်ဆိုးလိုက်ရင်လည်း နီမှာပဲ ဖြူလွှလွှပိတ်သားကြီးကို အရောင်တွေတစ်မျိုးပြီးတစ်မျိုး ချယ်ပြီးတဲ့နောက်မှာတော့ ရေးဆွဲသူရဲ့ပုံဖော်လိုတ...