🎋🎋🎋ရောင်စုံခြယိပန်းချီကား🎋🎋🎋
☘☘☘အပိုင်း(၄၀)☘☘☘
.............
ကောင်းအလုပ်ထဲမှာကြွယ်နဲ့အမြဲတွေ့နေရသော်လည်း အလုပ်ကိစ္စကလွဲ၍ အရင်လို စတက်သောအမူအရာများကင်းပျောက်၍ ခပ်စိမ်းစိမ်းဖြစ်သွားသောအမူအရာများကြောင့် စိတ်ထဲခံစားနေရတာအဆင်မပြေဖြစ်ရပါသည်။သူ့ရဲ့အပြုအမှုတချို့ကြောင့်သူမထိုသို့ဖြစ်သွားသည်လောဟုလည်းစိတ်ထဲဇဝေဇဝါဖြစ်နေရသည်။ သို့သော်သူမထိုချိန်ကအိပ်ပျော်နေတာပါ။
ဒါဆိုဘာလို့ရုတ်တရက်ကြီးသူမပြောင်းလဲသွားတာလဲ
သူစဉ်းစားလေခေါင်းခြောက်ရလေမို့ လုံးဝမနေနိုင်သည့်အဆုံး ရုံးဖုန်းကိုကောက်ကိုင်ကာ
"ကြွယ့်ကိုအထဲလွှတ်လိုက်”
သူဖုန်းပြန်ချ၍ ခုံအမှီပေါ်သို့ခေါင်းကိုလှန်လိုက်ကာမျက်လုံးများမှိတ်ထားလိုက်မိသည်။
တအောင့်နေတော့ တံခါးဖွင့်သံကြားလိုက်ရလေသည်။
ဂျောက်...
သူမျက်လုံးဖွင်ု့ကည့်တေယ့ ကြွယ့်ကမျက်နှာတည်တည်လေးဖြသ့်သူ့အလုပ်စားပွဲနားလျှောက်လာကာမလှမ်းမကမ်းတွင်ရပ်၍ လက်လေးနှစ်ဖက် ယှက်ကာရှေ့ထား၍
"ဘော့စ်ခေါ်တယ်ဆိုလို့”ဟုဆိုလေသည်။
ဟူး...
သူမခပ်စိမ်းစိမ်းအမှုအရာကြောင်းကောင်း စိတ်ထဲပိုမိုမွန်းကျပ်လာ၍လေပူတစ်ချက်မှုတ်ထုတ်လိူက်မိသည်။
ကြွယ်ကတော့ သတိမထားမိဟန်လုပ်ကာ မလှုပ်မရပ်ရပ်နေလေသည်။
သူစိတ်တွေကိုအနည်းငယ်တည်ငြိမ်အောင်ထိန်းကာသူမနားသို့သူပဲထလျှောက်လာခဲ့လိူက်သည်။
သူမရှေ့ရောက်ချိန် ခပ်တည်တည်ဖြင့်လက်ကိုပိုက်လိုက်တော့သူမက မော့ကြည့်လာသည်။
"ဒီမှာ ကြွယ် မင်း ကိုယ့်ကိုဒီအတောအတွင်းရှောင်နေတဲ့အကြောင်းလေးကိုယ်သိချင်တယ် ဘာလို့ရှောင်နေရတာလဲ”
သူမက စိတ်ရှုပ်သွားဟန်းဖြင့် မျက်နှာအနည်းငယ်လွှဲကာ
"ကြွယ် မရှောင်ပါဘူး”ဟုခပ်တိုးတိုးဆိုလေသည်။
ကောင်း သိနေ၍ အလျော့မပေးပဲ ထပ်မံ၍မေးမိပြန်သည်.
"ကိုယ်သိတယ်မင်းကိုယ့်ကိုရှောင်နေတာ ဘာကြောင့်လဲ”
"ဘော့စ်ကိုဘောစ့်သိမှာပေါ့”
သူမမျက်နှာက အနည်းငယ်တင်းမာသွားကာ လေသဖ့သည်လည်းအနည်းငယ်မာသယောင်ယောင်ကြားလိုက်ရသည်။
"ကိုယ်ကဘာသိရမှာလဲညကိုယ်မင်းကို ဘာအမှားလုပ်မိလို့လဲ မင်းပြောပါ”
"အမှားလား ဘော့စ်အမှားက မိန်းကလေးတစ်ယောက်ကို အလိုမတူဘဲ ခိုးနမ်းခဲ့တယ် နောက်ပြီ လူကို အထင်သေးနေခဲ့တာ ဘော့စ်ရဲ့မဟာအမှားပဲ ကြွယ်ဆိုတာ ဘော့စ်ထင်ထားသလိုမိန်းမတစ်ယောက်မဟုတ်ဘူး လွယ်လွယ်ရမဲ့အစားထဲမပါဘူး ဘော့စ်အပြုအမှုေကြာင့်ခံရခက်တယ် ဆိုတာ ဘေ့ာစ်ကိုသိစေချင်တယ်”
အသံလေးမှာအနည်းငယ်လှုပ်ခါနေပြီးငိုသံလေးစွတိနေတော့ ကောင်းလုပ်မိတဲ့အပြစ်ကြောင်းစိတ်မကောင်းဖြစ်ရပါသည်။
ထို့ကြောင့် လက်ပိုက်ထားသည်ကိုဖြုတ်ချလိုက်ပြီ သူမကိုတောင်းပန်လိုက်သည်
"ကို... ကိုတောင်းပန်ပါတယ် ကိုယ်မှားသွားတယ် မင်းကိုအထင်သေးလို့လုပ်ခဲ့တာမဟုတ်ဘူး ကိုယ်ရဲ့နှလုံးသားရဲ့စေခိုင်းချက်အတိုင်းကိုလိုက်ခဲ့တာ ကိူယ်မင်းကိုဘယ်တုန်းကမှအထင်မသေးခဲ့ပါဘူးကွာ”
"ဒါဆိုဘာလို့ကြွယ့်ကိုနမ်းလဲ”
"ကိုပြောပြီပြီးလေ ကိုယ်ရဲ့နှလုံးသားရဲ့ဆန္ဒနောက်လိုက်မိတာပါလို့”
"အဲ့လိုရလား မိန်းကလေးတစ်ယောက်ကို ရှငိ့ရဲ့ ရင်ထဲကဆန္ဒအတိုင်း ဘာမပြောညာမပြောနမ်းလို့ရကြေးလား အဲ့လိုကြေးဆိုကြွယ်ကဘယ်လိုအစားမို့လို့လဲ”
ကြွယ် ဝမ်းနည်းစိတ်ကြောင့်မျက်နှာကိုငုံ့ချ၍ မျက်ရည်များစီးကျခွင့်ပြုလိုက်ရသည်။
ကောင်းသူမငိုနေသည်ကိုမြင်ရခိုက်ရင်တွေလောင်မြိုက်လာရပါသည်။
"ဟို ကိုပြောတာအဲ့လိူမဟုတ်ဘူးလေကွာ ကို... ကိုမင်းကိုချစ်လို့.... ဟုတ်တယ် မင်းကိုချစ်မိသွားလို့ပါ ကိုယ့်ကိုစိတ်မဆိုးပါနဲ့ မငိုပါနဲ့ကွာ”
ကောင်းကိုယ်တိုင်ပင်ဝမ်းနည်းလာရကာ သူမပုခုံးလေးအားဖွဖွဖေးကိုင်၍ တောင်းပန်စကားဆိုနေမိသည်။
သူမကတော့ သူ့ရဲ့စကားကြောင့် ငိုနေရာမှ ကြောင်အမ့်အမ့်လေးမော့ကြည့်ကာအံဩနေလေသည်။
ကောင်းသူမ၏ပါးပြင်ထက်မှ မျက်ရည်များကိုလက်မဖြင့်သုတ်ပေးလိုက်ကာ
မြတ်နိုးမှုများစွာကိုဖော်ကျူးသောမျက်ဝန်းများဖြင့် သူမကိုစိုက်ကြည့်လျက်
"ကိုယ်အမှန်အတိုင်းဝန်ခံရရင် ကျွန်းမှာတည်းကမင်းကိုရင်ခုန်မိနေတာ
ဒီကိုမင်းရောက်လာတော့ ကိုယ့်နှလုံးသားကို မထိန်းချုပ်နိုင်မှာဆိုလို့ မင်းကိုငြင်းထုတ်နေရတာ ကိုယ်ပင်ပန်းတယ်ကြွယ်ရာ
ဒါမဲ့မင်းနဲ့တွေ့တိုင်း ကိုယ်ရင်ထဲအမည်မသိနာကျင်မှုကိုခံစားရသလို ချစ်ခြင်းမေတ္တာတွေကပါဒွန်တွဲပေါ်ပေါက်လာပြီ အေးချမ်းနေရတယ်ကြွယ် ကိုယ်မင်းကိုချစ်မိသွားခဲ့ပြီ”
သူ့ရဲ့ဖွင့်ဟဝန်ခံချက်အဆုံးမှာ ကြွယ်မျက်လုံးလေးများအရောင်လေးတွေတောက်လျင် နုတ်ခမ်းလေးများကရှက်စနိုးလေးပြုံးယောင်သန်းကာ သူ့ကို မျက်လုံးချင်းဆုံအောင်ကြည့်နေလေသည်။
သူ့လည်းရင်ထဲမှာရှိတာတွေအိတ်သွန်းချပြောလိက်ပြီချိန်ဖြစ်၍ ဆက်လက်တောင်းဆိုရန်သာကျန်တော့သည်။
"ကြွယ်ရော ကိုယ့်ကိုမချစ်ဘူးလားဟင်”
ကြွယ့်က အချိုးကျကျအပြုံးလေးတစ်ပွင့်ဖန်ဆင်းလျက်
"ဘယ်လိုထင်လို့လဲ…”
"ဒါဆို ကြွယ်လည်းချစ်နေတယ်မဟုတ်လား”
ကြွယ်ကခေါင်းလေးကိုခပ်ဖြည်းဖြည်းငြိမ်လိုက်ချိန် ကောင်း ဝမ်းသာလွန်း၍ အော်လိုက်မိသည်။
"Yes....ကိုယ်ဝမ်းသာလိုက်တာကြွယ်ရာ”
"ဟွင့်”
ကြွယ်က သွားတန်းလေးပေါ်အောင်အလှဆုံးပြုံးလိုက်ချိန် ကောင်း ပျော်လွန်း၍ ဆွဲဖက်လိုက်မိသည်.
"ကြွယ့်ကိုအရမ်းချစ်တယ်”
ကောင်းရင်ထဲရှိတဲ့စကားတစ်ခွန်းကိုဖွင့်ဟလိုက်ချိန်သူမရဲ့လက်ချောင်းလေးများ၏နူးညံစွာဖြင့် ကျောပြင်ထပ်ထိတွေ့မှုကိုခံစားလိုက်ရ၏။
💞💞💞
"ကိုကိုပြန်လာပြီလား”
တိမ်စိုင် ည၁၁နာရီနီးနီးလောက်မှအိမ်ပြန်ရောက်ချိန် ကြွယ်က တံခါးပေါက်သို့ခုန်ပေါက်လာ၍ဆီးကြိုရှာသည်။
"အဟွင့်”
ကြွယ်ပုံလေးကြောင့် တိမ်စိုင်ပြုံးပြရင်းအိမ်ထဲဝင်လာလိုက်သည်။
အိမ်အကူမလေးဖိနပ်ချွတ်ပေးချိန် မျက်နှာလေး ပြုံးရွှင်စွာ ဖြင့် တိမ်စိုင့်လက်ထဲက လက်ဆွဲအိတ်ကိုဆွဲယူတော့ ပြုံး၍သာလွှတ်ပေးလိုက်ရသည်။
"ဟွင့် ဒီနေ့မျက်နှာလေးကြည်လင်နေလား မနေ့ကဖျားနေတော့ ကိုကိုကတစ်နေ့လုံးစိတ်ပူနေရတာ ခုမှပဲ စိတ်အေးသွားရတယ်”
"ဟုတ်တယ်ကိုကိုရဲ့ မနေ့ကမာမီ ဆေးတိုက်လိုက်တာ ခုနေရတာပေါ့ပါးနေတယ်”
"အင် ကြွယ် နေကောင်းပြီဆိုတော့ကိုကိုစိတ်အေးရတာပေါ့”
ဟုဆိုကာ တိမ်စိုင်က ကြွယ့်ခေါင်းလေးအားလှမ်းပုတ်လိုက်သည်။
"ကိုကို ထမင်းစားတော့မလား ကြွယ်ပြင်ပေးမယ်လေ”
"နေပါစေတော့ ကိုကို ဧည့်ခန်းပွဲတစ်ခုမှာ စားလာပြီပြီး”
"အော် ဟုတ်”
သူတို့ပြောဆိုရင်း လှောက်လာဂါ လှေကားနောက်အရောက်တွင် တိမ်စိုင်က ကြွယ့်ဘက်လက်လှမ်းကာ
"ပေးအိတ်ကိုကိုအပေါ်တက်တော့မယ် ကြွယ်TVကြည့်ချင်နေရစ်လေ”
"ဟင်အင်း ကြွယ် သက်သက်ကိုကိုကို့စောင့်နေတာ TVမကြည့်တော့ဘူး အပေါ် လိုက်တက်မယ်”
"Okလေ”
တိမ်စိုင် လက်လေးလှေကားဘက်သို့ ပြကာ ကြွယ့်ကို ဦးညွှတ်ပေး၍ ရှေ့မှတက်စေတော့ ကြွယ်က ကျေနပ်စွာပြုံးကာရှေ့မှတက်သွားသည်။
သူလည်းအရင်လို ကြွယ့်နံဘေးကပ်လျှောက်ဖို့ရာမာမီ့ စကားများကြောင့်ဝန်လေးနေရကာ ကြွယ်လှေကား သုံးဆင့်လောက်တက်ပြီချိန်မှ သူနောက်ကလိုက်တက်လိုက်ရသည်။
"ဒါနဲ့ကြွယ် မာမီတို့အိပ်ပြီလား”
ကြွယ်က လှေကားဆင့်ပေါ်မှ သူ့အားပြန်လှည့်ကြည့်ကာ ဆရာမလေးအမူအရာလေးဖြင့်ဆိုသည်။
"အော် ကိုကိုရယ်
နာရီကိုလည်းကြည့်အုံး၁၀နာရီကျော်နေပြီ မာမီတို့က ၉နာရီလောက်ဆိုအိပ်တက်တဲ့ဟာ”
ကြွယ်၏ချစ်ဖွယ်အမူအရာလေးကြောင့်သူပြုံးလိုက်မိသည်။
"ဟွင့် ဟုတ်သားပဲ ကိုကိုမေ့သွားတယ်”
သူ့အိပ်ခန်းရှေ့အရောက်တွင်
"ကဲအိတ်ပေး ကိုကိုရေချိုးလိုက်အုံးမယ်”
"ဟုတ် အွင့်အိတ် ကိုကိုရေချိုးပြီးရင်သောက်ဖို့ ကော်ဖီနဲ့မုန့်လုပ်ထားပေးမယ် ဝရန်တာကခုံမှာကိုကိုထွက်ခဲ့နော်”
"ဟွင့်သိတက်နေတာ ကဲကိုကိုရေချိုးပြီထွက်လာခဲ့မယ် ဟုတ်ပါလား”
"ဟုတ်”
ဟုဆိုကာသူပင်တံခါးမပိတ်ရသေး သူမလေးက အိမ်အောက်ထပ်သို့လှေကားများကိုပြေးဆင်းသွားလေသည်။
ŞİMDİ OKUDUĞUN
ရောင်စုံခြယ်ပန်းချီကား ( Season 1 Complete)
Romantizm🎋ရောင်စုံခြယ် ပန်းချီကား 🎋 Intro စာရွက်ဖြူလွှာလွှာလေးပေါ်မှာ စုတ်တံလေးနဲ့ အပြာရောင်ခြယ်ရင် အဖြူပိတ်သားကပြာမှာပဲ အနီရောင်ဆိုးလိုက်ရင်လည်း နီမှာပဲ ဖြူလွှလွှပိတ်သားကြီးကို အရောင်တွေတစ်မျိုးပြီးတစ်မျိုး ချယ်ပြီးတဲ့နောက်မှာတော့ ရေးဆွဲသူရဲ့ပုံဖော်လိုတ...