🎋🎋
ရောင်စုံခြယ် ပန်းချီကား
အပိုင်း(၅)ကားထဲ၌ စကားသံများနှင့်အတူ ရယ်သံများပါပျံ့လွင့်ကာ ကားလေးက စက်ရုံဆီသို့ဦးတည်လျက် ရှိနေပါသည်။
ထိုအချိန်တွင်....."တီ တီ”
"ဟော ဖုန်းလာနေတယ် ဘယ်သူဖုန်းလဲ”
"ကို့ဖုန်းပါ မာ”
ကားနောက်ခန်းမှလိုက်ပါလာသော ဒေါ်မာလာ့စကားကို ကားခေါင်းခန်းမှထိုင်နေသော ဦးကောင်းရွှေက ဖုန်းထုတ်နှိပ်ကာ
ဆိုလေသည်။
ထို့နောက် ဦးထွဋ်ခေါင်ဘက်သို့လှည့်ကာပြုံးပြ၍"ခဏနော် ကိုထွဋ်ခေါင်”
"ဟုတ်ကဲ့ ရပါတယ် အေးဆေးပြောပါ”
ဦးထွဋ်ခေါင်ကတော့ ကားကိုသာဂရုစိုက်၍ ဆက်လက်မောင်းနှင်းနေ
လေသည်။"ဟယ်လို”
"ဟယ်လို ဆရာလား”
"အေး ပြော”
"ဆရာ ကျွန်တော်တို့ရောက်ပြီ ၊ လုပ်ငန်းစဖို့အဆင်သင့်ပြင်ထားလိုက်ရမလား ခင်ဗျ”
"အေး ပြင်ထားလိုက် ငါတို့ခဏနေရောက်မယ် နောက်မှဆက်ပြောကြတာပေါ့”
"ဟုတ်ကဲ့ ဆရာ”
ဦိးကောင်းရွှေသည် ဖုန်းပိတ်ကာ အင်္ကျီအိတ်ကပ်ထဲပြန်ထည့်ရင်း ဦးထွဋ်ခေါင်၏ မျက်နှာတစောင်းအနေအထားမြင်ကွင်းကိုကြည့်၍
ခင်ဗျား မကြာခင်မှာ မိသားစုလိုက် မီးလောင်တိုက်သွင်းခံရတော့မှာ သိသင့်တယ် သူဌေးကြီးဦးထွဋ်ခေါင်ရာ ဟားဟား...
ဦးကောင်းရွှေ၏ ကောက်ကျစ်သောစိတ်အစဉ်က ကြိမ်းဝါးနေရင်း နှုတ်ခမ်းတို့ကညွတ်ကွေးလာကြ၏ ။
ရန်သူကိုမသိရှာသော ဦးထွဋ်ခေါင်ကတော့ တစ်လမ်းလုံး ဖော်ရွေစွာ
စကားတွေပြောနေလေတော့သည်။ကားနောက်ခန်းတွင်တော့
ဒေါ်မာလာနှင့် ဒေါ်ခင်မီမီတို့ကရယ်မောကာရှေ့ဟောင်းနောက်ဖြစ်
တွေပြောနေကြသလို
ကားနောက်ဆုံခုံတန်းလေးမှာလည်း
ကြွယ်က အလယ်မှထိုင်ကာ တိမ်စိုင်၊ဆေးရောင်တို့နှင့်အတူ မုန့်တွေစားလမ်းမတွေကြည့်ရင်း ပျော်ရွှင်စွာလိုက်ပါလာကြသည်။
BẠN ĐANG ĐỌC
ရောင်စုံခြယ်ပန်းချီကား ( Season 1 Complete)
Lãng mạn🎋ရောင်စုံခြယ် ပန်းချီကား 🎋 Intro စာရွက်ဖြူလွှာလွှာလေးပေါ်မှာ စုတ်တံလေးနဲ့ အပြာရောင်ခြယ်ရင် အဖြူပိတ်သားကပြာမှာပဲ အနီရောင်ဆိုးလိုက်ရင်လည်း နီမှာပဲ ဖြူလွှလွှပိတ်သားကြီးကို အရောင်တွေတစ်မျိုးပြီးတစ်မျိုး ချယ်ပြီးတဲ့နောက်မှာတော့ ရေးဆွဲသူရဲ့ပုံဖော်လိုတ...