🌈ရောင်စုံခြယ် ပန်းချီကား...🌈
အပိုင်း(၅၂)
"တကယ်လို့သာ ကြွယ် ကိုကို့ကိုလက်မထပ်နိုင်ဘူးဆိုရင် ကိုကိုအသက်မရှင်ချင်တော့ဘူး"
တိမ်စိုင် ကြွယ်၏စိုးရိမ်ေနမှု့ကို အရိပ်အကဲကြည့်ကာ
သူ့လက်ထဲမှ ဖန်စကိုဖျစ်ညှစ်ပစ်လိုက်သည်။"ဟင် သွေးတွေ"
တိမ်စိုင်လက်မှသွေးများ မြင်မကောင်းအောင် ထွက်နေ၍ ကြွယ့် မျက်လုံးများပြူးသွားရသည်။
"အဟက်"
ကြွယ်၏ထိတ်လန့်နေပုံကိုကြည့်ပြီး တိမ်စိုင် ခြောက်ကပ်ကပရယ်လိုက်လေသည်။
"ဒီသွေးတွေက ဘာမှမဟုတ်ပါဘူးကွာ ကြွယ်သာပြန်မချစ်ရင် ကိုကိုအသက်လည်းရှိနိုင်တော့မှာမှမဟုတ်တာ"
သူ လက်ကြောများထောင်သည်အထိ ရင်ဘတ်ကိုဖိချလိုက်ပြန်တာမို့ ကြွယ့်မှာ မျက်ရည်များဖြင့်တားဆီးနေရသည်။
"မလုပ်ပါနဲ့ တောင်းပန်ပါတယ် ကိုကိုသာတစ်ခုခုဖြစ်သွားရင် ကြွယ် ကိုယ့်ကိုယ်ကိုခွင့်လွှတ်နိုင်မှာမဟုတ်ဘူး ဟင့်"
"မတားပါနဲ့ကြွယ် ကိုကို့ကိုသေခွင့်ပေးပါ ကိုကိုသေသွားမှ ကြွယ့်ကိုလက်လွတ်ပေးနိုင်မှာမို့လို့ပါ"
"အိုး..."
လည်ပင်းကြောများထောင်ထကာ သူ့ရင်ဘတ်ကို တဆုံးဖိချလိုက်၍ ကြွယ်မျက်လုံးပင်ပြာသွားရသည်။
"အဲ့လိုမလုပ်ပါနဲ့ ကြွယ်.... ကြွယ်...
ကိုကို့ကိုလက်ထပ်ပါ့မယ် ကြွယ်ကြောက်လို့ပါ ဟီး..."ကြွယ်သူ့ရှေ့မှာ ကိုယ့်ကြောင့် အဆုံးစီရင်နေသည့် ကိုကို့ကိုကြည့်ကာ ဒူးတွေပါတုန်လာ၍ ထိုင်လျက်လဲကျသွားကာ မျက်နှာမှောက်၍ငိုလိုက်မိသည်။
ရင်ဘတ်မှသွေးစိမ့်စိမ့်ရှင်ထွက်နေ၍ လူက သတိကပ်ဖို့ပင်ခက်ခဲနေသည့်ကြားကတိမ်စိုင်နှုတ်ခမ်းတို့တွန့်ကွေးပြုံးလာရသည်။
ဘုတ်....
ဖန်စကိုကိုင်ထားသည့် သူ့လက်တစ်ဖက်က ကုတင်ပေါ်ပြုတ်ကျသွားကာ လက်ကိုဖွဖွဖွင့်ဟ၍ ဖန်စကိုလွှတ်ချလိုက်သည်။
ВЫ ЧИТАЕТЕ
ရောင်စုံခြယ်ပန်းချီကား ( Season 1 Complete)
Любовные романы🎋ရောင်စုံခြယ် ပန်းချီကား 🎋 Intro စာရွက်ဖြူလွှာလွှာလေးပေါ်မှာ စုတ်တံလေးနဲ့ အပြာရောင်ခြယ်ရင် အဖြူပိတ်သားကပြာမှာပဲ အနီရောင်ဆိုးလိုက်ရင်လည်း နီမှာပဲ ဖြူလွှလွှပိတ်သားကြီးကို အရောင်တွေတစ်မျိုးပြီးတစ်မျိုး ချယ်ပြီးတဲ့နောက်မှာတော့ ရေးဆွဲသူရဲ့ပုံဖော်လိုတ...