part 16

534 30 0
                                    

ရောင်စုံခြယ်ပန်းချီကား

အပိုင်း(၁၆)

လေယာဉ်အဆင်းနေရာတွင်တော့ ထိုလူများနှင့်ပုံစံတူဝတ်ဆင်ထားသည် လူများ ယောက်ယက်ခက်နေကြလေသည်။
ထိုခိုက် တိမ်စိုင်ဦးဆောင်သောလူတစ်စု ထိုနားအရောက်တွင် ထိုအဖွဲ့မှ တစ်ဦးတည်းပါလာသော ဆံပင်တိုတို ကုဒ်အနက်နှင့်ဘောင်ဘီးအနက်ကိုတွဲဝတ်ကာ အထဲ၌ အင်ကျီအဖြူလက်ရှည်ကိုဝတ်ထားလေသည်။
ထိုမိန်းကလေးမှာ သူမရှေ့တူရူ တန်းတန်းမတ်မတ်လျှောက်လာသော တ်စိုင်အား ကြည့်ကာ ထိတ်ထိတ်ပြာပြာဖြစ်သွားရသည်။

" J sin(ဂျေစင်) ကြွယ်ရော ... "

" ဘောစ့် ...
ဟိုလေ မမလေး"

တိမ်စိုင် ရှေ့မှ j sinအား စိုက်ကြည့်နေရင်း

" ငါ စိတ်မရှည်တတ်ဘူးနော် "

J sin မျက်လုံးလေးပြူးလာကာ ကြောက်နေ၍
အသံတုန်လာသည်။
အတက်နိုင်ဆုံးတည်ငြိမ်အောင်ထိန်းကာ ပြောစရာရှိသည်ကိုပြောရမည်။
ဘော့စ်က ပြတ်သားမှကြိုက်သည်မဟုတ်လား။အသင့်အနေအထာဖြင့်ခါးကိုမတ်ကာ

" အဟန့် မမလေး.
ပျောက်သွားပါတယ်‌ေဘာ့စ်"

" ဘာ... "

"တောင်းပန်ပါတယ်ဘော့စ် တွေ့အောင်အမြန်ဆုံးပြန်ရှာပေးပါမယ်"

" တောက်...
မင်းတို့ လူ အယောက်နှစ်ဆယ်လောက်က ဒီအ‌ေကာင်‌ေသး‌ေသး‌ေလးတစ်ယောက်ကိုတောင်
မထိန်းနိုင်ကြဘူးလား ဟမ်း..
ငါလုပ်ရသ်သေကုန်တော့မယ် ."

တိမ်စိုင်ခါး‌ေထာက်ရင်းသွားကိုတင်းတင်း‌ေစ့ကို မေးကြောများထောင် ရှေ့မှလူတစ်စုကို တစ်ယောက်ချင်းလက်ညှိုးငေါက်ငေါက်ထိုးကာ ဒေါသမျက်လုံးများဖြင့် ငေါက်ငမ်းလိုက်သည်။
ဂျေစင့် နောက်မှရပ်နေသောလူတစ်စုပါ အသီးသီး
ခေါင်းငုံ့သွားကြသည်။

" မမလေးကလေ
လေယာဉ်ဆင်းခါနီးမှ အပေါ့သွားမယ်ပြောလို့ ကျွန်မတို့လည်း
အိမ်သာရှေ့မှာသွားစောင့်ပါတယ်
လေယာဉ်ဆင်းချိန်ထိ သူထွက်မလာဘူး
နောက်လူတွေကဆင်းတော့ ကျွန်မတို့လည်း လူတွေကိုရှောင်နေချိန်
မမလေးပျောက်သွားတယ် ဘော့စ်"

ရောင်စုံခြယ်ပန်းချီကား ( Season 1 Complete)Opowieści tętniące życiem. Odkryj je teraz