ရောင်စုံခြယ်ပန်းချီကား
အပိုင်း(၂၉)
ကောင်း တိမ်တွေပေါ်မှာ ချမ်းလေးရဲ့မျက်နှာလေးကို မြင်နေရသလို ထင်ယောင်နေသည်။
ချမ်းလေးက နားရွက်လေးများကာ ကာ ကောင်းကိုငုံ့ကြည့်နေလေသည်။
အပြစ်ကင်းစင်လွန်းလှသော ချမ်းလေးခုဘယ်ကိုများရောက်နေပြီလဲ။
သူမကတော့ချမ်းလေးကို
ရေလှိုင်းထဲပါသွားတယ်တာတွေ့တယ်တဲ့။ချမ်းလေး အရမ်းကြောက်နေမှာပဲနော် ။
ချမ်းလေးကိုမကယ်ပေးနိုင်ခဲ့တာ
ကိုကြီးကိုခွင့်လွှတ်ပါကွာ ။ကောင်းရင်ထဲစိုစို့နစ်နစ်ခံစားလိုက်ရပြီ ပားပြင်ပူနွေးသွားရသည်။
ချမ်းလေးကတော့ ကောင်းရင်ထဲကတောင်းပန်စကားစကား ကြားနေသလို ကောင်းရဲ့ပူလောင်မှုကို ခွင့်လွှတ်ပြုံးနှင့် ပြုံးပြနေရှာသည်။
ဟူး.....
ကောင်း လေများမှုတ်ထုတ်ကာ ရင်ထဲကအပူများကိုလျော့ချလိုက်သည်။
ညကဖြည်းဖြည်းချင်းနက်လာရာ အာကာတစ်ခွင်၌လည်း မှောင်မိုက်ခြင်းကကြီးစိုးလာသည်။
ကောင်းကင်ပေါ်ကလမင်းကြီးလည်း
တိမ်တိုက်များနောက်ကွယ်သို့ ဝင်ရောက်ခိုလှုံနေလေပြီ။မှိတ်တုတ်မှိတ်တုတ် ကြယ်လေးများသာ အဖော်ပြုကျန်နေတော့သည်။
ကောင်း၏မျက်ခွံများကလည်းလေးလံလာသည့်အခါ ဖြည်းဖြည်းချင်း မှိတ်ချလိုက်ရသည်။
ကောင်ကင်ယံသို့ အတော်အတန်ကြာ မော့ငေးထားခဲ့၍
ကြိမ်းစပ်စပ် ဖြစ်နေသော မျက်ဝန်းများကိုခေတ္တအနားပေးကာပိတ်ချလိုက်သည်။တစ်အောင့်ကြာကာမှ ဖြည်းညှင်းစွာ ပြန်လည်ဖွင့်လိုက်ပြီ တစ်ချိန်လုံးတိတ်ဆိတ်ငြိမ်သက်နေသော သူမဘက်သို့ခေါင်းစောင်းကြည့်မိသည်။
ဒူးကိုလက်နှစ်ဖက်ဖြင့်ပိုက်ကာ မျက်လုံးများမှိတ်လျင်
ယိမ်းယိုင်သွားတက်သော ခေါင်းလေးကို ပြန်လည်ထိန်းမတ်ကာ ဆုံလည်လည်နေသောသူမ။
YOU ARE READING
ရောင်စုံခြယ်ပန်းချီကား ( Season 1 Complete)
Romance🎋ရောင်စုံခြယ် ပန်းချီကား 🎋 Intro စာရွက်ဖြူလွှာလွှာလေးပေါ်မှာ စုတ်တံလေးနဲ့ အပြာရောင်ခြယ်ရင် အဖြူပိတ်သားကပြာမှာပဲ အနီရောင်ဆိုးလိုက်ရင်လည်း နီမှာပဲ ဖြူလွှလွှပိတ်သားကြီးကို အရောင်တွေတစ်မျိုးပြီးတစ်မျိုး ချယ်ပြီးတဲ့နောက်မှာတော့ ရေးဆွဲသူရဲ့ပုံဖော်လိုတ...