ရောင်စုံခြယ် ပန်းချီကား🎋🎋
အပိုင်း(၆)ဆေးရောင်အတွင်းဘက်အဆုံးထိလျှောက်ရှာပါသော်လည်း ကြွယ့်ကို အရိပ်အယောင်ပင်မတွေ့ရပါ။
ဆေးရောင့်ရင်ထဲ၌ စိုးရိမ်စိတ်ကြောင့် အသံကုန်အော်ကာခေါ်နေမိ
ပါသည်။"ကြွယ် ကြွယ် ရေ ”
ဆေးရောင် နံရံဘက်ကိုမျက်နှာမူထားသည့်အချိန်တွင် နောက်မှ တစ်စုံတစ်ယောက်ရောက်လာခဲ့သည် ။
အရိပ်တစ်ခုက ဆေးရောင်ကိုယ်ပေါ်သို့ တစ်ဖြည်းဖြည်းအုပ်မိုး
ဝါးမျိုတော့မည့်ဟန်ဖြင့် နံရံတွင်ထင်ဟပ်လာပါသည်။
ဆေးရောင်လည်း အမြန်နောက်လှည့်လိုက်ချိန်တွင်ဖြင့်...."ဝါး...ဟားဟား”
"ဟင် ကြွယ်...”
ကြွယ်က လက်ချောင်းများကို ဖြဲကာ လက်နှစ်ဖက်ကိုမြှောက်ထားပြီး ဆေးရောင်လှည့်လာသည့်နှင့်တစ်ပြိုင်နက် အသံနှင့်အတူခြောက်လှန့်လေသည်။
ဆေးရောင်၏ထိတ်လန့်နေသောအမူအရာကြောင့် ကြွယ်က"ဟဟ နင့်ကလည်း လန့်တတ်လိုက်တာလွန်ရော ဟားဟား ဖြစ်သွားတဲ့ရုပ်ကြီးကိုက ရယ်ချင်စရာကြီး”
ဟူ၍ ဝါးလုံးကွဲအော်ရယ်နေပြန်ပါသည်။ထို့နောက်မျက်နှာကိုပြန်တည်ကာ"နေစမ်းပါအုံး ပုန်းတမ်းဆော့နေပါတယ်ဆို ဘာလို့အသံပြဲကြီးနဲ့ အော်ခေါ်နေတာလဲ နင်ရအောင်လိုက်ရှာရမှာမဟုတ်ဘူးလား”
ကြွယ်က ခါးလေးထောက်ကာ ဆရာမကြီးအိုက်တင်ဖြင့် ဆေးရောင်ကို ဆူလိုက်ပြန်သည်။
"ငါမရှာတာမဟုတ်ပါဘူးဟာ
အကိုတိမ်စိုင်က သူ့အဖေလာခေါ်လို့ပြန်သွားပြီဟ
အဲ့ဒါ နင့်ကိုလိုက်ရှာပြီး ပြန်ခေါ်လာဖို့ပြောလို့ပါ”မြေအောက်၌ ရှိနေကြသည်ဖြစ်၍ မီးစက်သံများကဆူညံနေသည့်အတွက်
ကြွယ်ရော ဆေးရောင်ရော စကားကိုအော်ပြောနေကြရသည်။"ဟွန့် ကိုကိုကလည်း ဘာလို့ပြန်သွားတာလဲမသိဘူး ဒီမှာဆော့တောင်မဆော့ရသေးဘူး”
နှုတ်ခမ်းလေးထော်ကာ ခြေဆောင့်၍ကြွယ်စိတ်ကောက်နေသည်။"ငါနင့်ကိုရှာနေတာကြာပြီ ကြွယ်
နင်ဘယ်ရောက်နေတာလဲ”"အော်
ဟုတ်သားပဲ ဆေးရောင်
ငါနင့်ကိုပြစရာတစ်ခုရှိတယ်”
VOCÊ ESTÁ LENDO
ရောင်စုံခြယ်ပန်းချီကား ( Season 1 Complete)
Romance🎋ရောင်စုံခြယ် ပန်းချီကား 🎋 Intro စာရွက်ဖြူလွှာလွှာလေးပေါ်မှာ စုတ်တံလေးနဲ့ အပြာရောင်ခြယ်ရင် အဖြူပိတ်သားကပြာမှာပဲ အနီရောင်ဆိုးလိုက်ရင်လည်း နီမှာပဲ ဖြူလွှလွှပိတ်သားကြီးကို အရောင်တွေတစ်မျိုးပြီးတစ်မျိုး ချယ်ပြီးတဲ့နောက်မှာတော့ ရေးဆွဲသူရဲ့ပုံဖော်လိုတ...