part 41

321 15 0
                                    

🎋🎋🎋ရောင်စုံခြယ် ပန်းချီကား 🎋🎋🎋

☘☘☘အပိုင်း(၄၁)☘☘☘

ကောင်း သူ၏ရုံးခန်း၌ စာရင်းများပြုစုရင်း မ‌ေန့ကအဖြစ်အပျက်လေးများအာရုံထဲဝင်ရောက်လာတော့ သူကြည်နူးစွာပြုံးလိုက်မိသည်။

သူအလုပ်ကိုဆက်လုပ်လာသည်မှာနေ့လယ်စာစားချိန်သို့ပင်ရောက်လာလေသည်။

သူစာရင်းစာရွက်များကိုသေချာသိမ်းဆည်းရင်းထရပ်လိုက်ချိန်အတွေးတစ်ခုပေါ်လာကာပြုံးလိုက်မိပြန်သည်။

ထို့နောက် အလုပ်စားပွဲတွင်ထားရှိသောဖုန်းဆီလက်ရောက်သွားလေသည်။
🎋🎋🎋

"ကြွယ် ၁၂ထိုးပြီနေ့လယ်စာသွားစားရအောင် ”

"ဟုတ်မပန်”

ထိုစဉ် ကြွယ်တို့ကောင်တာပေါ်မှ ဖုန်းကမြည်လာသည်။
ကြွယ်နှင့်အလှမ်းနီး၍ ကြွယ်ကောက်ကိုင်လိုက်သည်.

"ဟယ်လို အမိန့်ရှိပါ”

"ဟယ်လိုကြွယ်လား”

ဖုန်းထဲကကြားလိုက်ရသော တည်ငြိမ်လွန်းသည့်အသံကြောင့်သူမပြုံးလိုက်မိသည်။

"ဟုတ်ဘော့စ်”

"နေ့လယ်စာတူတူစားရအောင် ကိုယ့်ရုံးခန်းထဲလာခဲ့ပါလား”

"ဟိူ....”

ကြွယ် မပန်ကိုလှည့်ကြည့်တော့ မပန်က ထမင်းချိုင့်ဆွဲကိုင်ထားပြီ သူ့ကိုခေါင်းငြိမ့်ပြသည်.
မပန်အထင်ကြွယ့်ကိုဘော့စ်ကအလုပ်ခိုင်းဖို့ထင်နေသည့်ပုံ။

"ဟုတ် ကြွယ်လာခဲ့မယ်”

ဖုန်းချလိုက်တော့ မပန်ကိုမျက်နှာချင်းဆိုင်လှည့်ပြီ မျက်နှာငယ်လေးဖြင့်

"Sorryပါ မပန် ကြွယ်မပန်နဲ့တူတူမလိုက်နိုင်တော့ဘူး”

"ရပါတယ်ကြွယ်ရဲ့ အလုပ်ပဲသေချာလုပ်ပါ ကဲမပန်သွားမယ်”

"ဟုတ်”

မပန်သူမရှေ့ကထွက်သွားတော့ ကြွယ်လည်း ထမင်းဘူးထည့်ထားသည့်လက်ဆွဲအိတ်ကိုင်ကာသူ့ရုံးခန်းဆီသို့လျှောက်လာခဲ့လိုက်သည်။

🎋🎋🎋

ဒေါက် ဒေါက်

ကောင်း ရုံးခန်းအလယ်ရှိဆိုဖာတွင်ထိုင်ကာ စတီးစားပွဲပေါ်သို့ထမင်းချိုင့်ဆင့်များကိုနေရာချနေစဉ်ကြားလိုက်ရသည့်တံခါးခေါက်သံကြောင့် ပြုံးလိုက်မိသည်.

ရောင်စုံခြယ်ပန်းချီကား ( Season 1 Complete)Where stories live. Discover now