part 34

352 21 0
                                    

ရောင်စံု ခြယ်ပန်းချီကား

အပိုင်း(၃၄)

" Future hotel and tourism”

ဟူသော ၅ထပ်မြင့် ကုမ္ဘဏီကြီး၏ ကား ပါကင်တွင်တော့ တစ်ညလုံး မွှေနှောက်ရှာဖွေထားရသော ကုပ်အနက်နှင့် စကပ် ခဲရောင် ကိုတွဲဖက်ဝတ်ဆင်လာသောကြွယ်။

လေဒီရှူးအနက်ကို စီးထားလေပြီ ဆံပင်များကို ခပ်မြင့်မြင့်လေးစည်းနှောင်းထားသည်။
သူမဘေးတွင်တော့ ဂျေစင်က မှန်ကိုထောင်ကိုင်ထားလေသည်။
ကြွယ် နှုတ်ခမ်းနီကို ပြန်ထပ်ဆိုးကာ နှုတ်ခမ်းနှစ်လွှာကိုဖွင့်လိုက်ပိတ်လိုက်လုပ်နေသည်။
မှန်ကိုကြည့်နေရင်း ဖြင့်

"မမဂျေ ရပြီလား”

"ဟုတ် အတော်ပါပဲ မမလေး”

"Ok”

ကြွယ် နှုတ်ခမ်းနီးဗူးကိုအဖုံးပြန်ပိတ်ကာ ကြိုးသိုင်းအိတ်ပန်းရောင်လေးထဲထည့်လိုက်သည်။
ထို့နောက် ပါကင်မှ ကုမ္ဘဏီအဆောက်အဦးဘက်သို့ လျှောက်လာရာ သူမနောက်မှဂျေစင်အပါအဝင် နောက်လိုက်နောက်ပါ ၆ဦးကပါကပ်ပါလာသည်။

ကြွယ် လျှောက်လာသည့်လမ်းတစ်လျှောက် ဘေးပတ်ဝန်းကျင်မှ လူအားလုံးလိုလိုက စူးစိုက်ကြည့်နေကြလေတော့
ဆက်မသွားဘဲ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီ နောက်သို့ပြန်လှည့်လ ိုက်ရာ
နောက်မှ ထပ်ကြပ်မကွာလျှောက်လာသော ဂျေစင်နှင့် ဝင်တိုက်ပါလေတော့သည်။

"အာ နာလိုက်တာ မမဂျေရယ် ရှေ့လည်းကြည့်လျှောက်ပါအုံး”

ကြွယ်နဖူးလေးပွတ်ကာဆိုတော့
ဂျေစင်ကလည်း

"ဆောရီးပါ မမလေး တော်တော်နာသွားလားဟင်”

"ရတယ် မမဂျေ
မမဂျေတို့ ကြွယ်နောက်ကိုခုလိုလိုက်နေရင် လူတွေပြောစရာဖြစ်ကုန်လိမ့်မယ် အဲ့တော့ ကြွယ် အင်တာဗျူး ဖြေနေတုန်း ဟိုးနားက သစ်ပင်မှာသွားစောင့်နေကြပါလား”

"ကျွန်မတို့ကို ဘော့စ်က မမလေးနဲ့ထပ်ကြပ်မကွာနေဖို့ မှာထားလို့ပါမမလေး ”

"ရတယ် ကြွယ် ကိုကို့ကိုပြောလိုက်မယ် သွားပါနော် ကြွယ် မပြေးပါဘူး ကတိပေးတယ်”

ရောင်စုံခြယ်ပန်းချီကား ( Season 1 Complete)Hikayelerin yaşadığı yer. Şimdi keşfedin