🌹ရောင်စုံခြယ်ပန်းချီကား🌹
အပိုင်း(၄၄)
ဒီနေ့ Sunday မို့ ကြွယ်shoppingထွက်မည်ဟုအိမ်ကိုပြောကာ အိမ်မှထွက်လာခဲ့လိုက်သည်။
သူမမောင်းနှင်းလာသောကားလေးကို ယုဇနပလာဇာရှေ့သို့ရောက်သည်နှင့် ပါကင်ထိုးကာ ပလာဇာထဲဝသ်လာခဲ့လိုက်သည်။
ကော်ဖီဘားတစ်ခုရှေ့အရောက်တွင်တော့ အသင့်ရောက်ရှိနေပြီ ဖြစ်သော ကောင်းကင်ယံက ကြွယ့်အား ပြုံးပြရင်းလက်ပြလေသည်။
"ကိုဒီမှာ"
ကောင်း သူ့ဆီသို့ မျကှိာလေးပြုံးကာ တစ်လှမ်းချင်းချဉ်းကပ်လာသော ကောင်မလေးကိုကြည့်ကာ ရင်ထဲကြည်နူးေနရသည်။
ကြွယ်က ဖက်ဖူးရောင်ဂါဝန်ကိုယ်ကျပ်လေးဖြင့် ဆံပင်များကို ထုံးဖွဲ့ထားကာ ဒေါက်ဖိနပ်သံညက်ညက်လေးဖြင့် သူ့ဆီသို့လျှောက်လှမ်းလာသည်ကိုကြည့်ကာ သူ့မှာချစ်မဝနိုင်ပါ။
"ကို ရောက်နေတာကြာပြီလား အိမ်မှာမာမီ့ကို shoppingထွက်မို့ဆိုပြီ ဟိုပတ်ပြော ဒီပတ်ပြောနဲ့ကြာသွားတာ"
"မကြားသေးပါဘူး ကလေးရဲ့ ရော့သံပုရာရေလေးကိုယ့်ကလေးအတွက်မှာထားပေးတယ် သောက်လိုက်အုံး"
သူမအားခေါင်းလေးပုတ်ပေးကာ အအေးခွက်ကို သူမရှေ့ရွေ့ပေးရင်း
ချိုမြစွာပြောလာသည့်သူ့အား ခေါင်းလေးစောင်းကြည့်အထူးအဆန်းကြည့်လိုက်မိသည်။"ဆေးမှားသောက်လာတာလား ကလေးတွေဘာတွေခေါ်လို့"
"ခေါ်လို့မရဘူးလား"
"ရပါတယ် ထူးဆန်းနေလို့"
လူကိုပေဟပ်ဟပ်လေးကြည့်ကာ အအေးခွက်ကိုမော့သောက်နေသည့် ချစ်ရသူလေးကြောင့် ကောင်းမှာ
ပျော်ရွှင်မြူးနေရသည်။"ကိုသိလား မနေ့က ကြွယ်အိမ်ပြန်သွားတော့
ဒယ်ဒီကိုထူးထူးဆန်းဆန်းဧည့်ခန်းထဲမှာထိုင်နေတာတွေ့ရတယ် ကြွယ့်ကိုမြင်တာနဲ့ ကြွယ့်အတွက်ဆိုပြီ ဟန်ချိန်းလေးလက်ဆောင်ပေးတယ် ကြွယ့်မွေးနေ့တုန်းကမပေးရလို့တဲ့ ဒယ်ဒီကကြွယ်ထင်ထားသလိုမဟုတ်ဘဲ ကြွယ့်ကိုဂရုစိုက်ပေးတော့ ကြွယ်ပျော်လိုက်တာ
ဒီမှာလေ ဒယ်ဒီပေးထားတဲ့ဟာ ကြိုက်လွန်းလို့ ဒီနေ့ပဲထုတ်ဝတ်လာလိုက်တယ်"
YOU ARE READING
ရောင်စုံခြယ်ပန်းချီကား ( Season 1 Complete)
Romance🎋ရောင်စုံခြယ် ပန်းချီကား 🎋 Intro စာရွက်ဖြူလွှာလွှာလေးပေါ်မှာ စုတ်တံလေးနဲ့ အပြာရောင်ခြယ်ရင် အဖြူပိတ်သားကပြာမှာပဲ အနီရောင်ဆိုးလိုက်ရင်လည်း နီမှာပဲ ဖြူလွှလွှပိတ်သားကြီးကို အရောင်တွေတစ်မျိုးပြီးတစ်မျိုး ချယ်ပြီးတဲ့နောက်မှာတော့ ရေးဆွဲသူရဲ့ပုံဖော်လိုတ...