🌹ရောင်စုံခြယ်ပန်းချီကား🌹
🍀အပိုင်း(၄၇)🍀
ကျွီ......
အခန်းတံခါးစဖွင့်ဖွင့်ခြင်း မြင်လိုက်ရသည့်တံခါးဘေးမှမှို့များမွစာကြဲနေသည့်ခေါင်းအုံးတစ်ခု။
အခန်းထဲ၌လည်း မှို့စများဖွာလန်ကြဲနေကာ စောင်တွေခေါင်းအုံးတွေ စာအုပ်တွေ ကလဲကြမ်းပြင်ပေါ်ပွစာကြဲလို့နေသည်။
တံခါးနှစ်ဖက်လုံးပွင့်နေသည့်အဝတ်ဘီရိုထဲမှလည်း အဝတ်အစားများ အန်ထွက်ကနေပြန်သည်။
တိမ်စိုင် တစ်ခန်းလုံးကိုစိတ်ပျက်ဖွယ်တွေ့လိုက်ရ၍ ခေါင်းတခါခါဖြင့် စားပွဲတစ်လုံးပေါ်သို့ပါလာသည့်စားစရာဗန်းကိုတင်ကာ ပြန့်ကြဲနေသည့်အရာများကိုလိုက်ကောက်သိမ်းသည်။
ပစ္စည်းများအားလုံးကိုစုပြုံသိမ်းကြုံယူကာ တစ်နေရာတွင်ပုံထားပြီး ခပ်ဟဟဖွင့်နေသော ရေချိုးခန်းဆီသို့ဦးတည်းလျှောက်သွားလိုက်သည်။
ရေချိုးခန်းထဲဝင်လာစဉ် သူထင်သည့်အတိုင်း ကြွယ်တစ်ယောက် ရေချိုးဇလုံထဲ ကိုယ်လေးစောင်းကာကွေး၍အိပ်လို့နေသည်။
ကြွယ်ကငယ်ငယ်လေးတည်းမှ တစ်ခုခုကိုအလိုမကျလို့ဖြစ်ဖြစ် တစ်ယောက်ယောက်ကိုစိတ်ဆိုးရင်းဖြစ်ဖြစ် ခုလိုပဲအိပ်တက်သည်။
အစကတော့ အိပ်ယာပေါ်ကြွယ့်ကိုမတွေ့ကြ၍ မာမီရောသူရောစိတ်ပူခဲ့ရဖူးသည်။
ထိုချိန်ကလည်း ခပ်ဟဟဖွင့်ထားသည့်ရေချိုးခန်းထဲ ကြွေဇလုံ၌ကြွယ့်ကိုခွေခွေလေးအိပ်နေသည်ကိုသူပဲချီမကာ အိပ်ယာပေါ်ပို့ပေးခဲ့ရတာအကြိမ်ကြိမ်။
ခုလည်းကြည့်
တိမ်စိုင် ကြွယ့်နားသို့လျှောက်သွားရင်း ကြွယ့်မျက်နှာလေးအားငုံ့ကြည့်လိုက်စဉ် ငိုထားကာအိုင်လိုင်နာများကြောင့် မျက်လုံးလေးများမှာ အနက်ရောင်ဆေးများပေကျံနေပုံမှာ သရဲမလေးလို။
ဟွင့်
တိမ်စိုင် ကြွယ့်ပုံလေးကြောင့်ပြုံးမိသွားကာ အေးစက်စက်ကြွေဇလုံထဲတစ်ညလုံးအိပ်နေ၍ ဖျားမှာလည်းစိတ်ပူသွားရသည်။
ŞİMDİ OKUDUĞUN
ရောင်စုံခြယ်ပန်းချီကား ( Season 1 Complete)
Romantizm🎋ရောင်စုံခြယ် ပန်းချီကား 🎋 Intro စာရွက်ဖြူလွှာလွှာလေးပေါ်မှာ စုတ်တံလေးနဲ့ အပြာရောင်ခြယ်ရင် အဖြူပိတ်သားကပြာမှာပဲ အနီရောင်ဆိုးလိုက်ရင်လည်း နီမှာပဲ ဖြူလွှလွှပိတ်သားကြီးကို အရောင်တွေတစ်မျိုးပြီးတစ်မျိုး ချယ်ပြီးတဲ့နောက်မှာတော့ ရေးဆွဲသူရဲ့ပုံဖော်လိုတ...