ရောင်စုံခြယ်ပန်းချီကား
အပိုင်း(၂၇)
"သွေးတော့တိတ်သွားပြီ
နာသေးလား”ကောင်းသွေးတိတ်အောင်စုပ်ထုတ်လိုက်ပြီ၍
သူမလက်ကို လှည့်ကြည့်ရင်းမေးလိုက်သော်လည်း စကားသံထွက်မလာကောင်းသူမမျက်နှာကိုမော့ကြည့်လိုက်ရာ ပန်ရောင်ပြေးနေသောမျက်နှာလေးကိုမျက်ဝန်း လဲ့လဲ့လေးတွေဖြင့်ကောင်းကိုကြောင်ကြည့်နေလေသည်။
ကောင်းမျက်လုံးပင့်ပြမှသတိပြန်လည်လာသူလို မျက်တောင်လေးများပုတ်ခတ်ကာ
"ဟမ် ရှင်ဘာပြောတာလဲ”
" အော် လက်နာသေးလားလို့”
"ဟင် ဟင်အင်း”
သူမကခေါင်းကို သွတ်သွတ်လေးခါပြတော့ ကောင်းပြုံး၍ ခေါင်းညိမ့်ပြလိုက်သည်။
ကြွယ့်ကိုပြုံးပြလိုက်သည့်သူ့အပြုံးက အမှောင်ထဲမှာတောင်လင်းလတ်သွားသယောင်ပင်။ကြွယ် အကြည့်ကထိုအပြုံးလေးမှမလွှဲနိုင်ပဲ ကြောင်ငေးကြည့်နေမိသည်။
ဒါကိုသူကလဲပြုံးနေရာမှ အကြင်နာမျက်ဝန်းလဲ့လဲ့များဖြင့် ပြန်စိုက်ကြည့်လေတော့ ကြွယ်ရင်ထဲထိတ်သွားရကာ ဘယ်ကိုကြည့်လို့ကြည့်ရမှန်းမသိ ခြေမကိုင်မိလက်မကိုင်မိစိတ်ကဂနာမငြိမ်ဖြစ်ကုန်သည်။
သူကတော့ မသွေမတိမ်း နှင့်ရီဝေဝေမျက်ဝန်းများဖြင့်ဆက်လက်ကြည့်နေလေသည်။
ကျစ်...ရူးတော့မှာပဲ
ကြွယ် ဘာမှမဖြစ်နဲ့ ရင်လည်းမခုန်နဲ့
သူနဲ့ကခနပဲတွေ့ရမှာ ခနပဲ ခနလေးမို့ ရင်ထဲထိအဝင်မခံလိုက်နဲ့ကြွယ်လှုပ်ရှားရှန်းကန်နေသောကိုယ့်စိတ်ကိုပြန်စုစည်းကာ အကြည့်မလွှဲဘဲ သူမျက်ဝန်းများကိုပြန်စိုက်ကြည့်ပစ်လိုက်သည်။
ကောင်း မြတ်နိုးလွန်းစိတ်ဖြင့်လှပလွန်းသောမျက်နှာလေးကိုငေးမောမိနေစဉ်
အေးစက်မာကျောသောမျက်ဝန်းများဖြင့်ပြန်လည်စိုက်ကြည့်သည့်သူမ။ဒီလိုအကြည့်များကိုကောင်းရင်းနှီးနေသလိုခံစားနေရသည်။
YOU ARE READING
ရောင်စုံခြယ်ပန်းချီကား ( Season 1 Complete)
Romance🎋ရောင်စုံခြယ် ပန်းချီကား 🎋 Intro စာရွက်ဖြူလွှာလွှာလေးပေါ်မှာ စုတ်တံလေးနဲ့ အပြာရောင်ခြယ်ရင် အဖြူပိတ်သားကပြာမှာပဲ အနီရောင်ဆိုးလိုက်ရင်လည်း နီမှာပဲ ဖြူလွှလွှပိတ်သားကြီးကို အရောင်တွေတစ်မျိုးပြီးတစ်မျိုး ချယ်ပြီးတဲ့နောက်မှာတော့ ရေးဆွဲသူရဲ့ပုံဖော်လိုတ...