part 24

414 21 1
                                    

🎨🎨🎨ရောင်စုံခြယ် ပန်းချီကား🎨🎨

အပိုင်း(၂၄)

"တောက်....သေချင်လို့လား
လွှတ်စမ်း”

"ဘာလ ို့
လွှတ်ပေးရမှာလဲ ဆုတောင်းလေ”

ကောင်းက မျက်နှာပြောင်စပ်စပ်ဖြင့် နားနားကပ်၍ မေးလိုက်သည်။

"ရတယ်လေ အဲ့ဒါဆိုလည်း”

ကြွယ် ခြေနှစ်ဖက်ကိုတစ်လှည့်စီခုန်ကာ နောက်သူ့ခြေထောက်ကိုတကိနှင်းနေသည်။

"ဟ ဟ နာတယ်ကွ
လွှတ်ပြီ လွှတ်ပြီ ”

ခြေထောက်နှစ်ဖက်လုံးဘွတ်အောက်ခံအထူဖြင့်နင်းချခံထားရသည့်အတွက် စပ်ဖျင်းဖျင်းဖြင့် နာသည့်အတွက် ကောင်းခုန်ဆွခုန်ဆွဖြင့် ကုတင်ခြေရင်းတွင် ထိုင်လိုက်ရသည်။
ကောင်း ခြေထောက်ကိုတစ်လှည့်စီမြှောက်ကာ လက်ဖြင့်ပွတ်သတ်မိနေလေသည်။

"အား နာလိုက်တာ
မင်းဘာလုပ်တာလဲကွ”

သူကများဒေါသဖြစ်နေသေးတယ်။

"နင်ပဲဆုတောင်းဆို ငါကဆုတောင်းရင်း အဲ့လိုခုန်ပေါက်ပြီးပဲတောင်းတက်တာ ဟဲဟဲ”

ကြွယ် လက်ကိုပိုက်ကာ မျက်လုံးပင့်လျက် မျက်နှာတည်တည်ဖြင့်ပြောလေသည်။ ဒါကိုကောင်းက
ကြွယ်ရွဲ့ပြောနေမှန်းသိ၍ နာနေသောခြေထောက်ကိုတစ်ဖက်ကကိုင်ပြီး ကျန်လက်တစ်ဖက်ဖြင့် ကြွယ့်ကို သွားစေ့အံကြိတ်လျက် လက်ညှိးထိုးကာ

"မင်း
မင်းကလေ
တော်တော် ကြောက်ဖို့ကောင်းတဲ့မိန်းမပဲ”

မျက်နှာကြီးရှုံမဲ့ထားတဲ့ကိုအကြွားထူးက
ကြွယ့်ကိုလက်ညှိးထိုးပြီ ပြောနေလေရဲ့

"နင်ကရော ဘာများကောင်းနေလို့လည်း မိန်းကလေးတစ်ယောက်ကို ဆွဲလား ရမ်းလားလုပ်နေတာ တော်တော် လူကြီးလူကောင်းဆန်နေတယ်ပေ့ါလေ”

"ဟ အဲ့ဒါက မင်းအပြစ်လုပ်ထားလို့ အပြစ်ပေးနေတာလေ”

"ငါကဘာအပြစ်လုပ်ထားလို့ နင်အပြစ်ကိုခံရမှာလည်း နင်လည်းပြန်ဆုတောင်း”

ကြည့် ပြောနေတဲ့ပုံကိုက လူကို ဒူးရင်းသီးတွေအလုံးလိုက်ပစ်ထည့်နေတာ။

ရောင်စုံခြယ်ပန်းချီကား ( Season 1 Complete)Donde viven las historias. Descúbrelo ahora