part 14

473 27 0
                                    

အခန်း (၁၄)

ကြွယ့်ကိုအခန်းထဲပိတ်ထားရာ တစ်ပတ်ပြည့်သောနေ့၌
"ကြွယ် မငိုနဲ့တော့နော် သမီးလေး ဒါသမီးလေးအနာဂတ်လှပဖို့ ပညာတွေသွားသင်ရမှာလေနော် ကြွယ်ကလိမ္မာပါတယ်
မငိုနဲ့တော့နော်”
ကြွယ်ခေါင်းသာငြိမ်ပေမဲ့ မျက်ရည်ကစီးကျဆဲပါ။
ကြွယ်နောက်မှာမိသားစုလိုက်အိမ်ရှေ့ကိုလာကြကာ အထုပ်သယ်သူအိမ်အကူများလည်းပါပေမဲ့ဆေးရောင်ကိုကြွယ်မတွေ့။
ကြွယ် နောက်မှလိုက်လာသောဦးညိုအေးထံလှည့်သွားကာ
"ဦးလေး ဆေးရောင်ရောဟင်”
"သားလား မနက်တုန်းကတော့ ကြွယ့်ကိုလိုက်ပို့ဖို့လုပ်နေသေးတယ် ခုဘယ်ရောက်သွားမှန်းမသိဘူး ”
"ကဲ ကြွယ်ကားပေါ်တက်တော့ လေဆိပ်သွားရမယ် လေယျာဉ်မမှီဘဲနေအုံးမယ်”
ကားနားရောက်တော့တိမ်စိုင်က ကြွယ့်ကိုတံခါးအသင့်ဖွင့်ပေးထားသည်
ကြွယ်ခြံထဲသို့ဝေ့ကာကြည့်နေပေမဲ့ ဘာအရိပ်အရောင်မှမတွေ့ရတော့
ကားပေါ်တက်ကာနေလိုက်သည်။
မာမီရယ် တိမ်စိုင်ရယ်ကားပေါ်ရောက်ချိန်
ဦးကောင်းရွှေက
"ဦးညိုအေး လိုက်ပို့လိုက်ပါ ကျွန်တော်လုပ်စရာလေးရှိလို့မလိုက်တော့ဘူး”

"ကောင်းပါပြီး သူဋ္ဌေးကြီး”
"ကြွယ် ဟိုရောက်ရင်လိမ်လိမ်မာမာနေနော် စာကြိုးစားဟုတ်ပြီးလား”ဦးကောင်းရွှေကတံခါးနားကပ်ကာ ကားမှန်မှတဆင့် ကြွယ့်ခေါင်းလေးအားဖွဖွပုတ်ကာ ဆိုသည်။
"ဟုတ်ကဲ့ ဒယ်ဒီ”
"ကဲ သွားကြတော့ ”
"ဟုတ်ကဲ့”
ကားလေးခြံလေးထဲကထွက်လာရာလမ်းမဘက်ရောက်လာပေမဲ့ ကြွယ်ကတော့ ကားမှန်မှခြံထဲသို့ငေးနေမိဆဲ။
လမ်းချိုးလေးရောက်ချိန်မှာတော့
"ကြွယ်အပြင်လေတိုက်နေတယ် အေးလိမ့်မယ် ကိုကိုတံခါးပိတ်လိုက်မယ်နော်”
"အွန်”
တိမ်စိုင်ကမှန်တံခါးကိုလာပိတ်ရာကြွယ် ခုံမှာနောက်ကျောမှီ၍ ကိုယ်ကိုဖျော့ထိုင်လိုက်သည်။
ကြွယ် ကိုကို့ကိုခွင့်မလွှတ်နိုင်သေးပါတစ်ပတ်လုံးအခန်းထဲပိတ်လှောင်ထားသည့် ကိုကို့ကိုကြွယ်မုန်းသည်။
"ဟင် သားပါလား”
ဦးညိုအေးကားမောင်းနေရာမှ နောက်ကြည့်မှန်မှတဆင့်တွေ့လိုက်ရသည့် သားဖြစ်သူဆေးရောင်သာ။
စက်ဘီးကိုအလျင်နှင်းကာ ကားကိုအမှီလိုက်လာသည့်ဆေးရောင်က လက်ပြကာ အော်ခေါ်နေလေသည်။
ဦးညိုအေးကားကိုရပ်လိုက်ချိန်
"ဦးလေး ဘာဖြစ်လို့လဲ”
တိမ်စိုင်ကကောက်မေးသည်။
"ဦးလေးသာနောက်ကလိုက်လာလို့ပါ ”
တိမ်စိုင်နောက်ကြည့်မှကဆေးရောင်မျက်နှာကိုတွေလိုက်ရတော့
"ကျစ်....ရှုပ်ပြန်ပြီ”
"ဟင် ဆေးရောင်”
ကြွယ်ကကားနားလာရပ်ကာ ကားမှန်ကိုထုနေတဲ့ဆေးရောင်ကိုတွေ့၍ ကားမှန်ချလိုက်သည်။
"ဆေးရောင် နင်ဘယ်ပျောက်နေတာလဲ ငါနင့်ကိုရှာသေးတယ် မတွေ့ဘူး နင်ဘယ်ရောက်နေတာလဲ”
"ကြွယ်ရော့
ဒီမှာနင့်
အတွက် ငါအိမ်နောက်မှာခြံရှင်းနေရလို့ နင်ထွက်သွားတာမသိလိုက်ဘူး
အိမ်နောက်ကို ဒေါ်ကြီးတို့လာပြီး ကြွယ်သွားပြီးလို့လာပြောမှငါအမြန် စက်ဘီးနဲ့လိုက်လာတာ”
ဆေးရောင်လက်ထဲက စာရွက်အလိပ်လေးကိုကြွယ်ကလှမ်းယူကာဖြန့်လိုက်တော့ တောင်တန်းတွေကိုနောက်ခံထားပြီးပန်းခင်းဝါဝါအလယ်မှာ
ဂါဝန်ပန်းရောင်လေးနဲလက်နှစ်ဖက်ကိုဆန့်တန်းကာလက်တစ်ဖက်ကပန်းများစုကိုင်ထားပြီး ခေါင်းမော့လျက်ရယ်နေဟန်
ကောင်းမလေးပုံပန်းချီကားကအလွန်အသက်ဝင်လှသည်
ထိုကောင်းမလေးဆံပင်ကကြွယ့်လိုအကုပ်ကလေးပင်။
"ဒါကြွယ့်ပုံလား ဆေးရောင်”
"အင် ကြွယ်သွားတော့မယ်ဆိုတော့ ငါ လက်ဆောင်ပေးစရာဘာမှမရှိဘူး ငါတက်တာ ပန်းချီဆွဲတာပဲမို့ ကြွယ့်ပုံလေးဆွဲပြီးလက်ဆောင်ပေးဖို့ဆုံးဖြတ်လိုက်တယ်”
"ကျေးဇူး ဆေးရောင် ငါဟိုရောက်ရင် နင့်ဆီဖုန်းဆက်မယ်နော် နင်ငါပြန်လာရင် ငါ့ကိုမေ့မသွားရဘူးနေါ် နော်ဆေးရောင်”
"နင်လည်းငါ့ကိုမေ့မသွားနဲ့နော်”
"အင် ဂတိ”
ကြွယ် လက်လေးထုတ်ကာ ဆေးရောင်ကချိတ်ပြီးကတိပြုကြသည်။
တိမ်စိုင်စိတ်ထဲ၌အလိုမကျမှုကြောင့် မျက်မှောင်ကအလိုလိုကြုပ်လာသည်။
ကျစ် ဒီလိုတွေ အပိုလုပ်မှာစိုးလို့ မိုးလင်းထဲက အိမ်ရှေ့ကအပင်တွေအနောက်ပို့ခိုင်းပြီး မြေတူးခိုင်းထားတာတောင် တွေ့ဖြစ်အောင်တွေ့လိုက်သေးတယ်ကွာ
"ကဲ ကြွယ် မာမီတို့သွားရအောင် လေယျာဉ်နောက်ကျလိမ့်မယ်
သားလေးဆေးရောင်လည်း ပြန်တော့နော်”
"ဟုတ်ကဲ့ အန်တီ
ကြွယ် တာတာ့”
ဆေးရောင် လက်လေးပြကာ လမ်းဘေးသို့စက်ဘီးတွန်း၍ရပ်လိုက်သည်။
"ဆေးရောင်ခဏလာအုံး”
ဆေးရောင်ကြွယ်၏ခေါ်ဆိုမှုကြောင့် စက်ဘီးဒေါင့်ထောင့်ကာကားနားပြန်သွားရပြန်သည်။
ကြွယ်က လည်ပင်းမှဒောင်းပုံလောကပ်လေးပါတဲ့ရွှေဆွဲြကိုးလေးကိုဖြုတ်ကာ
"ရော့ ဒါငါ့လက်ဆောင် ”
"ကြွယ်ဒါကရွှေဆွဲြကိုးကြီး ငါမယူရဲဘူး ”
"ကြွယ် ဒါကြွယ့်မာမီမွေးနေ့လက်ဆောင်ပေးထားတဲ့ဆွဲြကိုးမလား”
တိမ်စိုင်ကပါဝင်ပြောလေသည်။
"ဟုတ်တယ်လေ ကြွယ်ဆေးရောင်ကိုပေးမို့”
"ကြွယ် အဲ့ဆွဲြကိုးက....”
တိမ်စိုင်ဆက်ပြောလို့မရအောင်ဒေါ်မာလာကလက်ကိုဆုပ်ကိုင်ကာ ဆက်မပြောဖို့တားသည်။
ဦးညိုအေးကပါ အံဩကာ ကြွယ့်ကိုဟန့်တားရန်လှည့်ချိန် ဒေါ်မာလာက ပြုံးကာ လက်ရမ်းပြသည်မို့ခေါင်းငြိမ်ကာ ရှေ့သို့ပြန်လှည့်၍ငြိမ့်ထိုင်နေလိုက်ရသည်။
"နင်မယူလို့မရဘူး ငါပေးတာဘာကြီးဖြစ်ဖြစ်ယူရမယ်
လာရှေ့တိုးငါဆွဲပေးမယ်”
ကြွယ် ဆိုဖာပေါ်ဒူးထောက်ကာ ကားမှန်ကိုကျော်၍ ဆေးရောင်လည်ပင်း၌ ဆွဲြကိုးလေးဆွဲပေးလိုက်သည်။
"ရပြီး ဒီဆွဲြကိုးလေးကိုမပျောက်အောင်ထိန်းသိမ်းထားရမယ်နော် ဒီဆွဲြကိုးကိုမြင်နေရင် ငါ့ကိုလည်းသတိရရမယ် ငါလည်းဒီ ပန်းချီကားလေးကိုအမြဲြကည့်ပြီးနင့်ကိုသတိရနေမယ်”
"အေ့ပါ နင်ပြောတဲ့အတိုင်းငါနေပါ့မယ်”
"အွန် ဆွဲြကိုးပေးပြီပြီးဆိုတော့တာတာ့ ”
"တာတာ့”
"ဦးလေးမောင်းလို့ရပြီး”
ကားလေးထွက်ချိန် ကြွယ်ကဆိုဖာမှာကောင်းကောင်းမထိုင်သေးဘဲ ကားတံခါးမှ ဆေးရောင်ကို
"ဆေးရောင် ငါ့ကိုမမေ့ရဘူးနော် ငါ့ကိုအမြဲသတိရနေနော်ဆေးရောင်”
ဟူ၍ လှမ်းအော်နေသေးသည်။
ဆေးရောင်ကမျက်ရည်လေးသုတ်ကာ ခေါင်းငြိမ်လက်ပြရှာသည်။
ဆေးရောင်နှင့်
အလှမ်းတော်တော်ဝေးမှ
ကြွယ်ဆိုဖာပေါ်ပြန်ထိုင်ကာ ငိုမိသည်။
ဒေါ်မာလာကကြွယ်ဆံပင်လေးကိုလှမ်းသပ်ကာ
"ကြွယ်ကဆေးရောင်ကိုတော်တော်ခင်တာပဲ
ဆေးရောင်နဲ့နောက်ပြန်တွေ့ရမှာပဲ မငိုနဲ့တော့နော်ကြွယ်လေး ”
ကြွယ်မျက်ရည်သုတ်၍ ခေါင်းငြိမ့်ပြလိုက်သည်။

......
ဒေါ်မာလာတို့ကြွယ့်ကိုလေယျာဉ်ပေါ်ထိပို့ပြီးပြန်လာကြသည်။
အိမ်သို့ရောက်လျှင်
"ကိုညိုအေးရေ ကို့ရုံးခန်းကိုသွားပြီး
ကြွယ့်ကိုပို့ပြီတာသွားပြောလိုက်ပါ
မာ ခေါင်းနည်းနည်းမူးလို့ နားချင်နေပြီ”
"ဟုတ်ကဲ့ပါ မမာ”
ဦးညိုအေး လှေကားထိပ်ဆုံး ဦးကောင်းရွှေရုံးခန်းရှိရာသို့တက်လာသည်။
အခန်းတံခါးနားရောက်တော့ တံခါးကခပ်ဟဟဖွင့်ထားပြီး ဦးကောင်းရွှေနှင့် သူ့လူယုံကတံခါးကိုကျောခိုင်း၍စကားပြောနေကြသည်။
ဦးညိုအေးလည်း သူတို့စကားပြောပြီးတဲ့ထိစောင့်ဖို့ဆုံးဖြတ်လိုက်သည်။
အခန်းထဲ၌
"မင်းတစ်သတ်လုံး ငါကြွယ်မိဘတွေကို လုပ်ကြံသတ်ခဲ့တာ ကြွယ်လုံးဝမသိအောင်နုတ်လုံပါစေ ငါ ကြွယ့်ကို ငါ့သမီးလေးတစ်ယောက်လို စောင့်ရှောက်ချင်တယ် ဒီ ကိစ္စတွေသိသွားပြီး ငါ့ကိုကျေးဇူးကန်းမဲ့အဖြစ်မျိုးတော့ လက်မခံနိုင်ဘူး အေ အဲ့လိုဖြစ်လာရင်လည်း သူ့မိဘတွေနောက်ကို ပို့ပေးလိုက်ရုံပဲ တိမ်စိုင်ကြောင့်သာ ကြွယ့်ကိုလွှတ်ထားပေးတာ အဲ့ဒါကြောင့် ကြွယ် တစ်သတ်လုံး ဒီအကြောင်းတွေ လုံးဝမသိစေရဘူး ငါပြောတာသဘောပေါက်လား”
"ဟုတ်ကဲ့ပါဆရာ ကျွန်တော့ နားလည်ပါတယ်”
ထိုစဉ် သူတို့ပြောစကားများက ကြားလိုက်ရ၍ ကြောက်လန့်သွားသောဦးညိုအေးမှာလက်ထဲမှ ကားသော့လေးလွှတ်ကျသွားလေသည်။
ဘုတ်....
"ဟင် ဘယ်သူလဲ”
ဦးညိုအေး အမြန် လှေကားမှဆင်းလာခဲ့သော်လည်း ဦးကောင်းရွှေတပည့်က တံခါးဖွင့်ကြည့်ရာ ပြေးဆင်းသွားသော ဦးညိုအေးကိုမြင်သွားလေသည်။
"ဆရာ ဟိုခြံစောင့်ပဲ”
"ဟာကွာ ဒီအဖိုးကြီး သိလို့မဖြစ်ဘူး သူသိရင်သူ့သားသိမယ် သူ့သားသိရင်ကြွယ်တစ်နေ့နေ့သိလာမှာပဲ မင်း ဒီအဖိုးကြီးကိုမြန်မြန်ရှင်းထုတ်လိုက် ရှုပ်ပါတယ် ငါ့သားအတွက် ဟိုအရှုပ်ထုတ်သူ့သားပါတခါတည်းရှင်းထုတ်ခဲ့ ”
"ဟုတ်ကဲ့ ဆရာ”
ဦးကောင်းရွှေ၏တပည့်များ ကားဂိုထောင်ဆီသို့ ပြေးလိုက်လာကြလေသည်။
🎡🎡🎡🎡🎡🎡🎡🎡🎡🎡🎡🎡🎡🎡

Taungpankhatthan

ရောင်စုံခြယ်ပန်းချီကား ( Season 1 Complete)Where stories live. Discover now