🎨🎨🎨ရောင်စုံခြယ် ပန်းချီကား🎨🎨🎨
အပိုင်း(၂၂)
ကြွယ့် အိပ်ပျော်နေရာမှ နိုးလာစဉ်
သူမ ပထမဆုံးခံစားလိုက်ရသည်က နွေးထွေးမှုနှင့် ညက်ညောမှု။
ကြွယ် က အိစက်နေသော တစ်ခုခုပေါ်သို့ရောက်နေသလိုခံစားနေရသည်။
အီး နွေးပြီးအိစက်နေတာပဲ
ကြွယ် စိတ်ထဲက
ကျေနပ်မှုကြောင့် နုတ်ခမ်းလေးစိကာပြုံးနေမိသည်။
အေးခဲနေသည့် အခြေအနေမှခုလြိ
နွေးထွေး မှုလေးခံစားလာရသည့်အတွက် မျက်လုံးများမှိတ်ကာ ဇိမ်ခံနေလိုက်သည်။
ကြွယ့်လက်နှစ်ဖက်ကြားလည်းခပ်နွေးနွေးဆုပ်ကိုင်ထားသည့်အရာကို ပါးနားပို၍ဖိကပ်မိသည်။
နွေးနေတာပဲ...
ကြွယ့်ပါးနား ထိုအရာကို ကပ်လိုက်စဉ် ထူးဆန်းစွာ လက်တစ်စုံဖြစ်နေလေသည်။
ဟင် ဘာကြီးလဲ
ကြွယ်၏ပိတ်ထားသည့်မျက်လုံးများ အော်တိုမစ်တစ်ပွင့်သွားပြီး လက်ကိုမျက်နှာနားပင့်ကြည့်ချိန်
ရှည်မျောမျောနှင့် အကြောစိမ်းများ ယှက်ပြေးနေသည့် ယောက်ျားတစ်ယောက်၏လက်
ကြွယ် မျက်လုံးများပြူးကျယ်သွားကာ"အောင်မလေး....”
ထိုလက်ကို ဘေးဘက်သို့လွှဲပစ်ကာ ငုတ်တုတ်ထထိုင့်မိသွားသည်။
"အ နားလိုက်တာ”
ကောင်း လက်တစ်ဖက် ကုတင်သစ်သါးဇေါင်းဖြင့်
ရိုက်မိကာ
နာကျင်သွားသည့်ခံစားမှုကြောင့်ကုတင်ပေါ်ခေါင်းမှောက်အိပ်နေရာမှ လန့်ဖြန့်နိုး၍ လက်ကိုယမ်းခါကာ မျက်နှာတစ်ခုလုံးရှံု့ မဲ့လျက်ငြီးတွားမိသည်။
ကောင်းမျက်လုံးကိုကုတင်ပေါ်ပင့်ကြည့်ချိန် စောင်အား ရင်ဘတ်အထိပိုက်ကာ လူကိုဒေါသတကြီးစိုက်ကြည့်ကာ နုတ်ခမ်းတစ်ဖက်ကို ကိုက်ထားသည့်သူမ။"ဟေ့
မင်း
ငါ့လက်ကိုဘယ်လိုလုပ်လိုက်တာလဲ နာလိုက်တာကွာ”မျက်နှာတစ်ခုလုံး မှုံသုန်းကာ ညီးညူးနေတာက မိန်းမကြီးကျနေတာပဲ
"နင်လက်ကဘာလို့ ငါ့မျက်နှာကိုလာကိုင်လဲ”
စူးပုတ်ပူတ်မျက်နှာထားနှင့် ကောင်းကိုလက်ညှိုးငေါက်ငေါက်ထိုးကာရန်ပြန်တွေ့နေသည့်သူမပုံလေးက အိပ်ယာနိုးခါစမို့ ဆံပင်များပွရွနေသည့်ကြားကဝင်းဖက်ဖက်မျက်နှာလေးဖြင့် ဖြူစင်စွာလှနေပြန်သည်။
မိန်းကလေးတွေရဲ့
အိပ်ယာထစအလှက အလှဆုံးဆိုတာ သူလက်ခံလိုက်သည်။
أنت تقرأ
ရောင်စုံခြယ်ပန်းချီကား ( Season 1 Complete)
عاطفية🎋ရောင်စုံခြယ် ပန်းချီကား 🎋 Intro စာရွက်ဖြူလွှာလွှာလေးပေါ်မှာ စုတ်တံလေးနဲ့ အပြာရောင်ခြယ်ရင် အဖြူပိတ်သားကပြာမှာပဲ အနီရောင်ဆိုးလိုက်ရင်လည်း နီမှာပဲ ဖြူလွှလွှပိတ်သားကြီးကို အရောင်တွေတစ်မျိုးပြီးတစ်မျိုး ချယ်ပြီးတဲ့နောက်မှာတော့ ရေးဆွဲသူရဲ့ပုံဖော်လိုတ...