ရောင်စုံခြယ် ပန်းချီကား
အပိုင်း(၃၁)
"အင်း"
ကြွယ်နိုးလာစဉ် နွေးထွေးသောအရာတစ်ခုက လွှမ်းခြုံထားသလိုခံစားလိုက်ရသည်။
ကြွယ် မျက်လုံးများမဖွင့်ခင် နံနက်ခင်ရောင်နီဓာတ်ကိုခံစားရ၍ မျက်လုံးပွင့်ချိန် နေရောင်ကြောင့် စူးရှသွားရသောမျက်လုံးများကိုပြန်လည်ပိတ်ကာ ဖြည်းဖြည်းချင်းပြန်ဖွင့်လိုက်ရသည်။
"ဟင်"
ကြွယ်အိပ်နေတာ သူ့လက်မောင်းပေါ်မှာပဲ
ကြွယ်အနေအထားကိုသတိထားမိချိန် ညကဒူးပိုက်အိပ်ခဲ့သည်မှယခု ခြေထောက်လဲတစ်စောင်းလေးလှဲထားကာ လက်ကိုပိူက်၍ တစ်ကိုယ်လုံး သူ့လက်မောင်းပေါ် ပုံ မှီအိပ်ခဲ့မှန်းသိလိူက်ရသည်။ကြွယ်အမြန်လက်ထောက်ကာ ရွေ့လက်တော့ သူပါမျက်လုံးများပွင့်လာကာ
"အား ကျွတ်ကျွတ်....."
သူဖြတ်ခနဲနိုးလာပြီ
သူ့လက်မောင်းကိုဖိ၍ ညည်းလေသည်။အေ့ပေါ့ တစ်ညလုံး သူ့လက်မောင်းပေါ်မှီထားမှတော့ နာပြီပေါ့။
"ကြွယ်ကြောင့် လက်နာရတာ တောင်းပန်ပါတယ်နော်"
သူကနာကျင်နေသောအမူအရာမှချက်ချင်းပြန်ပြောင်းကာ
"မဟုတ်တာ
ကိုကနဂိုတည်းကအရိုးအဆစ်ကိုက်တက်တဲ့အကျင့်ရှိတာ ကြွယ်ကြောင့်မဟုတ်ပါဘူး"ကောင်း သူမစိတ်မကောင်းဖြစ်မှာဆိုး၍ လိမ်လည်ပြောလိုက်ရသည်။
သူမကမျက်နှာငယ်လေးဖြင့် စပြန်လည်ကြည့်န၍ ကောင်း ပြုံးပြလိုက်ရသည်။
"ရော့ ကျေးဇူးပဲ"
"အင်"
ကောင်း ကြွယ်လှမ်းပေးသော အနွေးထည်ကို ယူ၍ ခေါက်ကိုင်လိုက်သည်။
ဝီး
ဝီး.....
ဒက်ဒက်ဒက်......."ဟင် ဘာသံကြီးလဲ "
ကြွယ်ကမေး၍မတ်တပ်ရပ်သလိုကောင်းလည်းလိုက်ရပ်သည်။
"လေယျာဉ်သံပဲ"
ကောင်းအဖြေကြောင့်ကြွယ်တို့ကောင်းကင်ပေါ်သို့ မော့ငေးကြည့်လိုက်ကြသည်။
ESTÁS LEYENDO
ရောင်စုံခြယ်ပန်းချီကား ( Season 1 Complete)
Romance🎋ရောင်စုံခြယ် ပန်းချီကား 🎋 Intro စာရွက်ဖြူလွှာလွှာလေးပေါ်မှာ စုတ်တံလေးနဲ့ အပြာရောင်ခြယ်ရင် အဖြူပိတ်သားကပြာမှာပဲ အနီရောင်ဆိုးလိုက်ရင်လည်း နီမှာပဲ ဖြူလွှလွှပိတ်သားကြီးကို အရောင်တွေတစ်မျိုးပြီးတစ်မျိုး ချယ်ပြီးတဲ့နောက်မှာတော့ ရေးဆွဲသူရဲ့ပုံဖော်လိုတ...