ရောင်စုံခြယ် ပန်းချီကား🎋🎋
အပိုင်း(၄)
ကြွယ်တို့ကျောင်းပိတ်ရက်
တနင်္ဂနွေနေ့၏ သာယာလှသောနံနက်ခင်းဝယ်....ကြွယ်နှင့် တိမ်စိုင်တို့သည် ခြံ၏အလယ်ဗဟို၌ရှိသော အုတ်ခံတဲအိမ်လေးရဲ့ ခုံတန်းဝိုင်းလေးထဲတွင်ထိုင်ကာ အကြွေစေ့ ကဒ်ဖြည့်တမ်းကစားနေကြသည်။
ဆေးရောင်ကတော့ သူတို့နှင့် မလှမ်းမကမ်း တစ်နေရာတွင် ပေါင်းမြက်များကိုနှုတ်နေရလေသည်။
ဆေးရောင်၏ဖခင်ဖြစ်သူ ဦးညိုအေးမှာလည်း ဂိုထောင်ရှေ့တွင် ရေပိုက်တစ်ခုနှင့် ကားကိုရေဆေးသန့်စင်နေပါ၏။ထိုအချိန်၌
ခြံရှေ့လူဝင်ပေါက်တံခါးမှ အသက်သုံးဆယ်ဝန်းကျင်စုံတွဲတစ်တွဲသည် ရယ်မောကာ ခြံထဲသို့ဝင်ရောက်လာပါလေသည်။
ထိုစုံတွဲကတော့ တိမ်စိုင့်၏ မိဘများပင်ဖြစ်ပါသည်။
တိမ်စိုင့်၏ဖခင်ဖြစ်သူ ဦးကောင်းရွှေမှာ အသားလတ်လတ် မျက်နှာ လေးထောင့်ဖြင့် အချိုးကျပြီးယောက်ျားပီသလှသည်။
ခန္ဓာကိုယ်မှာလည်း မပိန်လွန်းမဝလွန်းပဲ ပြည့်ဖြိုးကြံ့ခိုင်သည့် အသွင်ကိုဆောင်နေပါသည်။
သူ၏ဥပတိရုပ်မှာ တည်ကြည်နေကာ လေးစားဖွယ်ကောင်းနေပါသည်။
တိမ်စိုင့်၏မိခင်ဖြစ်သည့် ဒေါ်မာလာဆိုသူကတော့ ပန်းရောင်ချိတ်ဝမ်းဆက်ကို သေသပ်လှပစွာဝတ်ဆင်ထားပြီး လှပကျော့ရှင်းသော ရုပ်ရည်ကိုပိုင်ဆိုင်ထားပါသည်။
အသားဖြူဆွတ်၍ ခန္ဓာကိုယ်ကလည်း သေးသေးသွယ်သွယ်လေးမို့ မြင်သူတကာငေးမောရလောက်အောင် လှပပါသည်။
သူမ၏ကိုယ်ပေါ်တွင်လည်း လက်ဝတ်ရတနာများအပြည့်ဆင်မြန်း
ထားပြီး သူမ၏ဖြူနုနေသောလည်တိုင်ရှိ ပလက်တီနမ် ဆွဲကြိုး
လေးမှာ အရောင်တဖျတ်ဖျတ်လက်ကာ ပြိုးပြိုးပြက်ပြက်နှင့် ဝင့်ထည်နေပါ၏။
ထိုနောက်
နှစ်ယောက်သား ကြွယ်နှင့်တိမ်စိုင်တို့ရှိရာ အုတ်ခံတဲလေးထဲသို့
လှမ်းလာကြပါသည်။ အုတ်တဲထဲသို့အရောက်၌ ဒေါ်မာလာက ကြွယ့်ကိုချစ်စနိုးလေးနှင့်ကြည့်ကာ ပုခုံးကိုလှမ်းဖက်ရင်း..."ကြွယ်သမီးလေး သမီးရဲ့မာမီနဲ့ဒယ်ဒီရော”
တိမ်စိုင်ကတော့ မာမီတို့ဝင်လာတာတွေ့ကတည်းကပြုံးပြနှုတ်ဆက်
လို့ပြီးနေပါပြီ။
ကြွယ်ကတော့
ကစားသည်ကို အာရုံစိုက်နေ၍ မည်သူ ပခုံးလာကိုင်မှန်းမသိရှိလျက် ခေါင်းကိုမော့၍ကြည့်လိုက်သည်။
CZYTASZ
ရောင်စုံခြယ်ပန်းချီကား ( Season 1 Complete)
Romans🎋ရောင်စုံခြယ် ပန်းချီကား 🎋 Intro စာရွက်ဖြူလွှာလွှာလေးပေါ်မှာ စုတ်တံလေးနဲ့ အပြာရောင်ခြယ်ရင် အဖြူပိတ်သားကပြာမှာပဲ အနီရောင်ဆိုးလိုက်ရင်လည်း နီမှာပဲ ဖြူလွှလွှပိတ်သားကြီးကို အရောင်တွေတစ်မျိုးပြီးတစ်မျိုး ချယ်ပြီးတဲ့နောက်မှာတော့ ရေးဆွဲသူရဲ့ပုံဖော်လိုတ...