part 10

594 29 0
                                    

ရောင်စုံခြယ်ပန်းချီကား
အပိုင်း(၁၀)

"ကဲ အားလုံးကို ဒီနေ့လပတ်စာမေးပွဲအဆင့်ရလဒ်ကြေညာမယ်”

ထိပ်ဆုံတန်းတွင်ထိုင်နေသော ကြွယ်နှင့်လဲ့လဲ့ငွေ သူတို့နှင့်အတူယောက်ျားလေးထိပ်ဆုံးတန်းကဆေးရောင်တို့ခုံဖြစ်သည်။
အတန်းပိုင်ဆရာမ ဒေါ်သက်ထားက ဆေးရောင်ကိုကြည့်ကာပြုံး၍

"ဒီတစ်ခေါက်အဆင့်တစ်ရသူကဆေးရောင်ပဲကွယ် တော်တယ်သားလေး ဆက်ကြိုးစားနော် ”

ဆရာမကဆေးရောင်ကိုပြုံးဖြင့် ကြည့်ကာဆိုသည်။

"ဟုတ်ကဲ့ ဆရာမ”

ကြွယ်က ဆေးရောင်ဘက်လှည့်ကာရယ်ရင်းလက်မထောင်ပြသည်။
ဆေးရောင်ကိုယ့်ကိုယ်ကို ဂုဏ်ယူမိသောစိတ်လေး က စိတ်ကိုပျော်ရွှင်စေသည်။

"အဆင့်နှစ်က လဲ့လဲ့ငွေ သမီးလေးပါ
သမီးလေးလည်းဆက်ကြိုးစားနော်”

"ဟုတ်ကဲ့ဆရာမ”

လဲ့ငွေကသွတ်လက်စွာခေါင်းကိုငြိမ့်ကာ ဆိုသည်။
အဆင့်များတဆင့်ပြီးတဆင့်ပြောပြကာ အဆင့်၂၀အရောက်တွင် ဆရာမ၏ မျက်နှာလေး အနည်းငယ်ပျက်ကာ

"ကြွယ် အဆင့်နှစ်ဆယ်တောင် ထိုးကျသွားအောင်ဘယ်လိုလုပ်လိုက်တာလဲ ကြွယ်ရယ်. အရင်ကဆို ဒီအတန်းရဲ့ အတော်ဆုံးစာရင်းမှာပါတယ်နော် ခုဘာလို့ အဆင့်တအားကျသွားတာလဲ ဘာလို့စာမကြိုးစားတာလဲ ကြွယ်”

ကြွယ် မျက်နှာလေးညှိုးငယ်ကာပြန်မဖြေတက်ဖြစ်နေရသည်။ ကြွယ် အမှန်ဆိုစာတော်ပြီးသားကလေးတစ်ယောက်ပါ ။
မိသားစုပြဿနာကို အရွယ်နဲ့ မလိုက်အောင်စိတ်ထိခိုက်ထားရ၍ ခုလို ဖြစ်သွားရခြင်းသာ

"ကြွယ် ချယ်မေးနေတယ်လေ”

ဆရာမအော်လိုက်မှကြွယ် လက်လေးတုန်ကာ

"ဟို... ကြွယ်...ဟို...”

"ကြွယ့်မှာပြဿနာတွေရှိချင်ရှိလိမ့်မယ် ချယ်နားလည်တယ် ဒါမဲ့ အဲ့ကိစ္စတွေအတွက်တော့ကျောင်းစာကိုမထိခိုက်စေချင်ဘူး   နောက်တခါအဲ့လိုမဖြစ်အောင် ပြန်ကြိုးစားရမယ်နော် ဟုတ်ပြီးလား ”

ရောင်စုံခြယ်ပန်းချီကား ( Season 1 Complete)Donde viven las historias. Descúbrelo ahora