ရောင်စုံခြယ်ပန်းချီကား
အပိုင်း(၃၃)
"မာမီး...”
ထမင်းစားခန်းဝယ် ဂတ်အိုးပေါ်တင်ထားသောအိုးကို သေချာ မွှေနှောက်ကာ စိတ်ရှည်လက်ရှည်ချက်ပြုတ်နေလေသော ဒေါ်မာလာအား ကြွယ်နောက်မှသိုင်းဖက်လိုက်ကာ ခြောက်လိုက်တော့ မာမီက ပခုံးလေးတွန့်သွားကာ မျက်နှာလေးပြုံးသွားပြီး ခေါင်းကိုနောက်လှည့်ကြည့်သည်။
"အော် ကြွယ်လေးရယ် မာမီဖြင့်လန့်သွားတာပဲ”
ကြွယ်ပါးလေးကို ဖွဖွ လေး ဖျစ်ကာ ရယ်ရင်း ချက်လက်စကိုပြန်ချက်နေသည်။
"မာမီ ဘာတွေချက်”
ပခုံးမှာမေးတင်လိုက်သောကြွယ်
"ကြွယ်က မြန်မာ ထမင်းဟင်းတွေမစားရတာကြာတော့ မာမီကဒီနေ့ ငါးပိရည်ကျိုရယ် သီးစုံဟင်းရယ် ကြက်ချိုချက်လေးချက်ပေးမလို့ ကြွယ်ကြိုက်တယ်မို့လား”
"ကြိုက်တာပေါ့မာမီရဲ့ မာမီကကြွယ့်အတွက်အာ့လိုကောင်းကောင်းတွေချက်ကျွေးနေလို့ ကြွယ်တစ်ပတ်အတွင်းတော်တော်ဝလာတာဖြစ်မယ်”
"အိုကွယ် မာမီကကြွယ့်ကိုပြည့်ပြည့်လေးမြင်ချင်တာ ကြွယ်ပြန်လာတုန်းက ပိန်နေလို့မာမီစိတ်မကောင်းတောင်ဖြစ်သွားသေးတယ်”
"မာမီကလည်း ခုက မော်ဒယ်ခေါတ်ပိန်မှလှတာမာမီရဲ့”
"မာမီကတော့ အဲ့ဒါတွေမသိဘူး မာမီတို့ငယ်ငယ်တုန်းကဆို ပြည့်ပြည့်လေးမှလှတာ ”
"ဒီမှာကြည့်အုံး ကြွယ် ကအပြည့်လွန်ပြီ မေးတွဲတော့မယ်”
ဒေါ်မာလာပခုံးနှစ်ဖက်မှ ဆွဲလှည့်ကာ သူမရဲ့ မေးအောက်မှ မရှိစလောက်လေး အဆီလေးတွေကိုမရမက ဆွဲပြနေလေသည်မို့ အသည်းယားမိကာ ပါးလေးကိုဖွဖွလိမ်ပစ်လိုက်သည်။
"ကြွယ်လေးကတော့ လုပ်ပြီ ဟွင့်”
ဒေါ်မာလာပြန်လှည့်ကာ အိုးကို အဖုံးအုပ်လိုက်ပြီ ကြွယ့်လက်လေးကိုဆွဲကာ
"လာ ဧည့်ခန်းသွားကြမယ်”
ကြွယ်ကလည်း မာမီ့လက်ကို ပြန်လည်ဖက်တွယ်ပြီး ပြုံးရင်းလိုက်သွားသည်။
ဧည့်ခန်းတွင်ဒေါ်မာလာထိုင်လိုက်တော့ ကြွယ်က တိုးကပ်ထိုင်ကာ လက်မောင်းကို ဖက်ထားရင်း ပခုံးပေါ်ခေါင်းမှီပြန်သည်။
ŞİMDİ OKUDUĞUN
ရောင်စုံခြယ်ပန်းချီကား ( Season 1 Complete)
Romantizm🎋ရောင်စုံခြယ် ပန်းချီကား 🎋 Intro စာရွက်ဖြူလွှာလွှာလေးပေါ်မှာ စုတ်တံလေးနဲ့ အပြာရောင်ခြယ်ရင် အဖြူပိတ်သားကပြာမှာပဲ အနီရောင်ဆိုးလိုက်ရင်လည်း နီမှာပဲ ဖြူလွှလွှပိတ်သားကြီးကို အရောင်တွေတစ်မျိုးပြီးတစ်မျိုး ချယ်ပြီးတဲ့နောက်မှာတော့ ရေးဆွဲသူရဲ့ပုံဖော်လိုတ...