part 49

377 14 0
                                    

🌈ရောင်စုံခြယ် ပန်းချီကား🌈

အပိုင်း(၄၉)

"မပန် ဒါကျွန်တော့ညီမလေး‌နာမည်ကလဲ့လဲ့ငွေတဲ့ သူကဒီ‌ေန့ကစပြီး ဒီမှာ မန်နေဂျင်းဒါရိုက်တာဝင်လုပ်မှာ လဲ့ ဒါကကိုကိုလက်ထောက် မပန်ထွာတဲ့"

"အော် ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်မလဲ့လဲ့ငွေ"

"လဲ့လိုပဲခေါ်ပါ အစ်မ လဲ့လည်းတွေ့ရတာဝမ်းသာပါတယ်"

လဲ့ဆီသို့လက်ကမ်းလာသည့် ပန်ထွာအား ပြန်လည်ပြုံးပြရင်းလက်ဆွဲနှုတ်ဆက်လိုက်သည်။

"မပန် နောက်နာရီဝက်ဆို hallထဲကုမ္ဘဏီဝန်ထမ်းအားလုံးလူစုခိုင်းထားပေးပါ လဲ့ကိုဝန်ထမ်းတွေနဲ့မိတ်ဆက်ပေးမလို့"

"ဟုတ်ကဲ့ ကောင်းပါပြီး ဘော့စ်"

"လဲ့လာလေ"

"ဟုတ်ကိုကို"

ကောင်းကင်ယံ ပန်ထွာကိုလူစုရန်မှာကြားပြီး သူ့နောက်မှလဲ့ငွေကိုပါခေါ်၍ သူ့ရုံးခန်းထဲဝင်သွားလေသည်။

လဲ့လည်းမပန်ထွာအားပြုံးပြ၍ ကိုကိုနောက်ကလိုက်လာခဲ့သည်။

"လဲ့တစ်ခုခုသောက်အုံးမလား"

"ဟင်အင်းရတယ်ကိုကို"

ကောင်းခေါင်းတစ်ချက်ညိတ်ပြပြီး လဲ့ငွေနှင့်အတူ ဆိုဖာအလွတ်တစ်ခုတွင်ဝင်ထိုင်လိုက်သည်။

ကုမ္ဘဏီလာစဉ်တစ်လုံးလမ်းမှာလည်း စိတ်နှင့်လူနှင့်မကပ်ဘဲ ခုထိလည်း တစ်ယောက်တည်းငြိမ်သက်နေသည့် ကိုကို့ကြောင့် လဲ့ငွေ စိတ်ပူရသည်။

"ကိုကို ရှယ်ယာကိစ္စတွေစိတ်ပူနေတာလား"

မျက်နှာငယ်လေးဖြင့်မေးလာသည့်လဲ့ငွေအား ကောင်း တဩတအံ့လေးကြည့်လိုက်မိသည်။

"လဲ့ကဘယ်လိုသိနေတာလဲ"

"လဲ့ အလုပ်မဝင်ခင်ထဲက ကိုကိုမအားတဲ့အချိန်တွေ ဒယ်ဒီက လုပ်ငန်းနဲ့နီးစပ်အောင်ဆိုပြီး ဒယ်ဒီ့မိတ်ဆွေကတစ်ဆင့် ကုမ္ဘဏီကိစ္စလေ့လာဖြစ်တယ် အဲ့ကသိတာကိုကို"

ကောင်း အမှန်တကယ်သူစိတ်ပူနေတာက ကြွယ့်အကြောင်းဖြစ်သော်လည်း လဲ့က ခုလိုထင်တော့လည်း သူလည်းချော်လဲရောထိုင်လုပ်ကာ ခေါင်းကိုဖြေးလေးစွာညိတ်ပြလိုက်ရသည်။

ရောင်စုံခြယ်ပန်းချီကား ( Season 1 Complete)Donde viven las historias. Descúbrelo ahora