(Unicode)
"နေတာအချိန်တွေ ကြာလာလေ.. တွယ်တာတာတွေပိုလာလေ" ဆိုတဲ့သီချင်းအတိုင်း အချိန်ကြာလာတာနဲ့အမျှ အကာနဲ့ ချစ်ဝန်းရံကြားမှာရှိတဲ့ နှောင်ကြိုးကလည်း ပိုမိုခိုင်မာလာခဲ့ပါသတဲ့..။
လျှို့ဝှက်စွာ သိထားကြတဲ့ တစ်ခုတည်းသော ကျောင်းနာမကို ဖွင့်ချမိကြတော့ ချစ်ဝန်းရံလေး အရဲစွန့်မိတာက မြိုသိပ်ထားရတဲ့ မေးခွန်းလွှာကို ထုတ်မေးဖို့ပေ့ါ..။
မြင်လိုက်ရတဲ့ အကာရဲ့အဖြေကတော့ လုလင်ပျိုကို ထိတ်လန့်သွားစေပါတော့တယ်။ သို့ပေမယ့် ထင်မှတ်ပြီးသား အဖြေဖြစ်လေတော့ မယ်ဖြူကိုစိတ်ဆိုးမိတာကလွဲပြီး အကာ့ကို စိတ်မကွက်နိုင်ဖြစ်နေရှာတာပေါ့..။
လုလင်ပျိုမှန်း သိရက်နဲ့တောင် အကာက ဆက်ပြောချင်တယ်လို့ဆိုလာပြန်တော့ ချစ်ဝန်းရံတစ်ယောက် ခေါင်းပူသွားပါသတဲ့...။ ယခင်လုလင်ပျိုချစ်ဝန်းရံဆိုတာက လုံမပျိုတွေကိုပဲ စွဲလမ်းတတ်တဲ့သူဆိုပေမယ့် အကာ့ကို လုလင်ပျိုမှန်းသိတာတောင် ရင်ခုန်မပျက်ရှာဘူးပေါ့ကွယ်။
YOU ARE READING
5.Life - U = 0 (Completed)
RomanceSomeone said Life is meaningless without YOU. What if that YOU don't mean You? In Life - U = 0, you will see so many kinds of YOU. (01.04.2022 - 21.04.2022 )