(Unicode)
မိတ်လုံကျွန်းက နောက်ဆုံးည..။ တစ်ယောက်ချင်းစီ လိုက်နှုတ်ဆက်ရင်း အပျော်နဲ့တကွ ပီတိကိုပါ ခံစားနေရသူက အဆိုတော်လေး ခြံရံပါ။
"ပင်ပန်းသွားပြီ ခြံရံ၊ ကျွန်တော် တကယ်အားရပါတယ်၊ ခဏခဏ ပြောခဲ့သလိုပဲ ခြံရံက အလားအလာရှိတဲ့သူတစ်ယောက်ပါ"
"ကျေးဇူတင်ပါတယ် ပီဒီပေါ၊ ကျွန်တော် အများကြီး သင်ယူခဲ့ရပါတယ်၊ ပြီးတော့ မနွယ်ကိုလည်း ကျေးဇူးတင်ပါတယ်၊ ကျွန်တော် အကျွင်းကျင်ဆုံးအရာကို တာဝန်ပေးခဲ့တဲ့အတွက်ပါ"
"အံမယ်လေး ဒါ ရံ တော်လို့ပါနော်၊ ရံ့အသံကောင်းလို့လည်း ပါတာပေါ့"
အစီအစဥ် တိုတုတ်သွားခဲ့မှုကြောင့် သီချင်းသစ်ကို ပရိုမိုရှင်းဆင်းဖို့ အခွင့်မသာခဲ့သော်လည်း ပီဒီပေါက နောက်ခံဂီတအနေနဲ့ အသုံးပြုဖို့ ရန်ကုန်ရောက်ရင် ညှိနှိုင်းကြမယ်လို့ပြောလာသည်။ ရံကတော့ ဘယ်လိုနေနေ ကိစ္စမရှိ။ တစ်ဘဝစာ အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေရော၊ အတွေ့အကြုံတွေပါ ရလိုက်သည်မလား။ ပြီးတော့.. တစ်ယောက်သောသူနဲ့လည်း ပြေလည်မှုရခဲ့သည်။ ဒီထက်ကောင်းတာ ဘာရှိနိုင်ဦးမလဲ။
"ကိုရံ.. ရန်ကုန်ရောက်ရင် အဆက်အသွယ်မပြတ်ကြေး"
"အားရင် မုန့်ထွက်စားကြမယ်လေ ဒိုဒို"
"ဟီး တကယ်နော်၊ သားရှုတင်းကိုလည်း လာလည်ရမယ်"
"ရှုတင်း..."
ရှုတင်းဆိုတဲ့ စကားကို ကြားကာမှပဲ ပုံမှန်ဘဝကို ပြန်ရတော့မယ့်အကြောင်းကို ရံ သတိရတာပဲ။ သီချင်းတွေဆိုရင်း ဝါသနာပါတဲ့ အနုပညာလမ်းဆီ ပြန်ရတော့မည်။ ရံ့လိုပဲ ကိုမင်းမာန်တို့လည်း သူ့နေရာသူမှာ အလုပ်ကိုယ်စီနဲ့။ မိတ်လုံကခွာတာနဲ့ အနေဝေးကြရမှာက မြေကြီးလက်ခတ်မလွဲ..။
"ဟဲ့ ပေါက်စန ဘာတွေငိုင်နေတာတုန်း"
"ဘာမှမဟုတ်ပါဘူး"
ဒိုဒိုနဲ့ စကားပြောပြီးတာနဲ့ ငြိမ်ကျသွားတဲ့ ရံ့ကို မစနိုးက ပခုံးလာပုတ်သည်။ လေအဝှေ့ကြောင့် ရံ့ဆံပင် ပုံပျက်စပြုနေတာကိုပါ လက်တစ်ဖက်နဲ့ ရှင်းပေးရင်း..

YOU ARE READING
5.Life - U = 0 (Completed)
RomanceSomeone said Life is meaningless without YOU. What if that YOU don't mean You? In Life - U = 0, you will see so many kinds of YOU. (01.04.2022 - 21.04.2022 )