Family = Future

560 47 16
                                    

(Unicode)

"3 2 1 Action!"

"ကဲကွာ ရွှေနေညိုကို ထိချင်ဦး!! မင်းတို့အကုန်လုံးကို ငါ တစစီဆွဲဖြဲပစ်မယ်!!"

"ဟာ! ထွဋ်ဘုဏ်းရှိန်"

အများနဲ့တစ်ယောက်ပေးကာ ဖိုက်တင်ချနေသော ထွဋ်ဘုဏ်းရှိန်..။ ရွှေနေညို နစ်နစ်နာနာ ပြောဆိုခံလိုက်ရတာကို သိပြီးသကာလ စိတ်မထိန်းနိုင်ဘဲ တစ်ကိုယ်တော် ပွဲကြမ်းနေခြင်းဖြစ်သည်။ မျက်နှာကလည်း နီရဲတောက်နေကာ တဖက်လူကို အစိမ်းလိုက်ဝါးစားတော့မယ့်အတိုင်း။

"စန္ဒီ မင်းနဲ့ငါ ပြတ်တယ်! မင်းစိတ်ဓာတ်ကို ငါ အရွံဆုံးပဲ!!"

"ကိုကို"

"မကိုကိုနဲ့! မင်းကိုတော့ လာ ငါ အရှင်လတ်လတ် မြေဖို့ပစ်မယ်"

ပါးစပ်ကလည်း ပြော၊ လက်ကလည်း ဆော်နေဆဲဖြစ်ပြီး သူကိုယ်တိုင်လည်း သွေးစို့ချွေးစို့ဖြစ်နေပြီ။ သူတစ်ပြန် ကိုယ်နှစ်ပြန်ချကောင်းနေကြတုန်းမှာ ကျောင်းက ဆရာများ ပြေးလာတာကို မြင်လိုက်ရပြီး..

"Cut! အိုကေတယ်"

ဒါရိုက်တာရဲ့ အသံကိုကြားလိုက်တာနဲ့ ကိုင်ထားလက်စ လည်ဂုတ်ကို ဇွဲမင်းမာန် လွှတ်ပေးလိုက်သည်။ ပြီးမှ အသက်ကို ဝဝရှုသည်။ ပီပြင်လိုက်သော ရိုက်ချက်များအတွက် သရုပ်ဆောင်ညီ‌လေးများဘက်လှည့်ကာ..

"ဆောရီးနော် ညီလေး၊ အစ်ကို လက်အဝိုက်မှာ အရှိန်များသွားတယ်ထင်တယ်"

"ရတယ် အစ်ကို၊ ကျွန်တော် အဆင်ပြေတယ်"

"ကဲ အားလုံးကောင်းတယ်၊ ဒီ scene ပြီးပြီ"

"ဟုတ် ဆရာ"

'ညိုခဲ့လေသော်' ရိုက်ကူးရေး စတင်နေပြီဖြစ်သည်။ ရိုက်ကွင်းက ဝတ္ထုရဲ့ဇာတိမြေမှာ အခြေတည်သည်မို့ မင်းမာန်တို့ တဖွဲ့သားလုံး မန်းရွှေမြေကို ပြောင်းလဲနေထိုင်ကြရသည်။ ဒီနေ့ကတော့ မင်းမာန်ရဲ့ scene တွေကိုသာ သီးသန့်ရိုက်ကူးနေသည်။ လတ်တလော ရိုက်ကူးပြီးသည်က ရွှေနေညို့အတွက်‌ သွေးကြွေးဆပ်သည့်အခန်း။

"ကဲ မင်းမာန် ဒီနေ့အတွက် နားလို့ရပြီ၊ ညနေကို ရှုတင်းမန်နေဂျာ ဖုန်းဆက်ပြောလိမ့်မယ်၊ group ထဲက စာတွေလည်း ဖတ်ပေးကြ"

5.Life - U = 0  (Completed)Donde viven las historias. Descúbrelo ahora